မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်

ဇူလိုင် ၂၆-၂၀၂၆
KMW(SAT)
မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အနုပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာမောင်းတီး စတင်ကာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူး​တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။
အနုပညာရှင်များရဲ့ ရိုးရာဖျော်ဖြေမှုများဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။
ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း
#voiceofmyanmar #VOM #ရုပ်​သေးအတတ်ပညာ

Related posts

Leave a Comment

VOM News

FREE
VIEW