အိန္ဒိယကွန်ဂရက်ပါတီနှင့် နေရူး-ဂန္ဓီ မျိုးဆက်

MT(VOM) ​အိန္ဒိယနိုင်ငံရေး သမိုင်းကို ပြန်ကြည့်ရင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (Indian National Congress) ဆိုတဲ့ နာမည်ကြီး အဖွဲ့အစည်းကြီးကို ချန်ထားခဲ့လို့ လုံးဝမရပါဘူး။ ဗြိတိသျှ ကိုလိုနီခေတ်မှာ သန္ဓေတည်ခဲ့ရာကနေ ဒီနေ့အထိ အိန္ဒိယနိုင်ငံရဲ့ ကံကြမ္မာကို ချယ်လှယ်ခဲ့တဲ့၊ နေရူး-ဂန္ဓီ မျိုးဆက် နဲ့ ကွန်ဂရက်ပါတီ အကြောင်း တစေ့တစောင်း တင်ပြပေးပါမယ်။ ( ဒီနေရာမှာ နေရူး-ဂန္ဓီ မျိုးဆက်ဆိုတာကို တင်ကူး ရှင်းထားပါရစေ။ နေရူးရဲ့ သမီး အင်ဒီယာ ဂန္ဓီ ရဲ့ အမည် ထဲက ဂန္ဓီ ပါ။ အင်ဒီယာ ဂန္ဓီ (Indira Gandhi) ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ နာမည်ကို ယူထားတာမဟုတ်ပါဘူး။ ​သူမရဲ့ မူလနာမည်အရင်းက အင်ဒီယာ နေရူး (Indira Nehru)…

Read More

ညောင်ဦးနဲ့မိတ္ထီလာမှာ နှစ်ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါ လူ ၇ ယောက်အသတ်ခံရပြီး တယောက် ဒဏ်ရာရ

ဇူလိုင် ၂၆ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းထဲ ညောင်ဦးမြို့နယ် နဲ့ မိတ္ထီလာမြို့နယ်တွေမှာ နှစ်ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူခုနှစ်ယောက် အသတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ မနေ့က ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ် ၊ ထရိုင်းတောကျေးရွာဒေသခံဖြစ်တဲ့ ဦးဉာဏ်ပို ဆိုသူကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲဒီ ထရိုင်းတောရွာက ဗျတ္တပန်းဆက်လမ်းပိုင်းမှာရှိတာ ။ မနေ့က မနက်ပိုင်း အိမ်ထဲထိဝင်ပစ်သွားတာ ။ စစ်တပ်သတင်းပေးဆိုပြီး ဝင်ပစ်တယ်ပြောတာပဲ ဟုတ်မဟုတ်တော့ သေချာမသိဘူး ။ အခုရက်ပိုင်း အုပ်ကြီးတွေနဲ့ ဒေသခံတွေ အသတ်ခံရတာ ပြန်ဖြစ်လာတယ် ။ ရွာက အုပ်ကြီးဆို ကြောက်ပြီးရှောင်နေတယ် ရွာမှာမရှိဘူး ။ ဘယ်ရောက်နေမှန်းလည်းမသိဘူး ။…

Read More

မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်

ဇူလိုင် ၂၆-၂၀၂၆ KMW(SAT) မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အနုပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာမောင်းတီး စတင်ကာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူး​တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။ အနုပညာရှင်များရဲ့ ရိုးရာဖျော်ဖြေမှုများဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။…

Read More

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်

ဇူလိုင် ၂၆ – ၂၀၂၆ SN (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက ကမ်းရိုးတန်းဒေသတွေနဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးများနိုင်ပြီး၊ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ (ဩရိဿပြည်နယ်မြောက်ပိုင်း – အနောက်ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊…

Read More

လူမှုကွန်ယက်မှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် DEMU ရထားပေါ် စည်းကမ်းမဲ့ ဆူညံအော်ဟစ်ပြောဆိုခဲ့တဲ့ ဒေါ်မြသန်းတို့အဖွဲ့ ၅၄ ယောက်ကို အမှုဖွင့်လိုက်ပြီ

ဇူလိုင် ၂၆၊ ၂၀၂၆ CC (VOM) မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို ဒီနေ့ဇူလိုင် ၂၆ ရက် ၊ မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ရဲ့ စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် တခြားအရေးယူတဲ့ သူတွေလိုပဲ အဲဒီအဖွဲ့ကိုလည်း အရေးယူပေးဖို့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် တောင်းဆိုမှုတွေမြင့်တက်လာပြီးနောက်မှာ တာဝန်ရှိသူတွေက ခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်မြသန်းတို့အဖွဲ့ကို ခေါ်ယူစစ်ဆေးတာမျိုးရှိပေမယ့် ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့ မရှိသေးဘူးလို့ ရဲစခန်းနဲ့နီးစပ်သူ ကပြောပါတယ် ။ ” ခေါ်စစ်မေးတာတော့ရှိတယ်။ ဖမ်းတာဘာညာတော့ မရှိသေးဘူး ။ အမှုတောင်ဒီနေ့မှ ဖွင့်လိုက်တာ လေ ။ ” လို့…

Read More

လူ့စိတ်ကို ဖတ်ရှုနိုင်သလား

မန္တလာ ဆရာမျိုး “Dark Psychology” အကြောင်း အမြင်မှန် ယနေ့ခေတ် လူမှုကွန်ရက်များပေါ်တွင် “Dark Psychology” ဟူသော စကားလုံးကို မကြာခဏ တွေ့မြင်လာရသည်။ “လူတစ်ယောက်ကို စကားတစ်ခွန်းနဲ့ ထိန်းချုပ်နိုင်တဲ့နည်း”၊ “သူလိမ်နေတာလား မျက်လုံးကြည့်ရုံနဲ့ သိနိုင်တဲ့နည်း”၊ “ကိုယ့်ကို မေ့မရအောင် လုပ်နည်း”၊ “လူတစ်ယောက်ကို စိတ်လှုပ်ရှားသွားအောင် လုပ်နည်း” စသည့် ခေါင်းစဉ်များဖြင့် မျှဝေနေကြသော အကြောင်းအရာများသည် လူအများ၏ စိတ်ဝင်စားမှုကို အလွန်ဆွဲဆောင်နိုင်ကြသည်။ အကြောင်းမှာ လူတိုင်းသည် တစ်ဖက်လူ၏ စိတ်ကို နားလည်ချင်ကြသကဲ့သို့ မိမိကိုယ်တိုင်လည်း လှည့်စားခံရခြင်းမှ ကာကွယ်လိုကြသောကြောင့် ဖြစ်သည်။ သို့သော် လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော “Dark Psychology” အချက်အလက်တိုင်းကို မှန်ကန်သော စိတ်ပညာအဖြစ် ယုံကြည်လိုက်ခြင်းသည် မသင့်လျော်ပါ။ အချို့သော အကြောင်းအရာများတွင် စိတ်ပညာဆိုင်ရာ သဘောတရားအနည်းငယ် ပါဝင်နိုင်သော်လည်း အများစုမှာ လူအများ စိတ်ဝင်စားစေရန်…

Read More
VOM News

FREE
VIEW