VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် – ကပ်ရောဂါတွေကို ကြိုတင်ခန့်မှန်းနိုင်တော့မယ့် AI နည်းပညာသစ် – မျက်နှာပြင်နည်းပညာသစ်နဲ့ Xiaomi Mix Fold3 ကြေညာတော့မယ် မျိုးဆက်(VOM) (၁) လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် ရုရှားအာကာသအေဂျင်စီဟာ ရေခဲတွေရှိနေနိုင်တယ်လို့ ယူဆရတဲ့ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့အတွက် ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ဆင်းယာဉ် စေလွှတ်လိုက်ပါတယ်။ ဒါဟာ ရုရှားအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးသော လကမ္ဘာမစ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း ချန်ဒရီယန်-၃ လဆင်းယာဉ်ကို ပြီးခဲ့တဲ့လက လွှတ်တင်ခဲ့ပြီး လပေါ်မှာ ရေရှာဖွေနိုင်မယ့် လေ့လာမှုတွေပြုဖို့ ရည်မှန်းထားပါတယ်။ ရုရှားဟာ မော်စကိုမြို့အရှေ့ဘက် ၃၄၅၀ မိုင်အကွာရှိ လွှတ်တင်ရေးစခန်းကနေ Luna-25 ဂြိုဟ်ဆင်းယာဉ်ကို တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို သြဂုတ် ၁၀ ရက် မနက်ဒေသစံတော်ချိန်…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ် ၅-၈-၂၀၂၃ မျိူးဆက်(VOM) – သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ ဘာတွေစီစဉ်နေသလဲ – ပျောက်ဆုံးနေတဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့ နာဆာအဖွ့ဲ အဆက်အသွယ်ပြန်ရပြီ – မိုးပျံတက္ကဆီတွေ ထုတ်လုပ်ပြေးဆွဲဖို့ Embraer ကုမ္ပဏီ ဘာတွေပြင်ဆင်နေသလဲ (၁) သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ OceanGate ကုမ္ပဏီ စီစဉ်နေ စွန့်ဦးရှာဖွေလေ့လာရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ OceanGate ကုမ္ပဏီဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း သောကြာဂြိုဟ်ပေါ်ကို လူအယောက် ၁၀၀၀ ထိပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Guillermo Söhnlein က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူတသန်းလောက်ပို့ပေးဖို့ ကြိုးစားနေတဲ့ အစီအစဉ်ထက် အရေအတွက်နည်းပါးပြီး ဒီကိစ္စအကောင်အထည်ပေါ်ဖို့က အတားအဆီးမဟုတ်ဘဲ အောင်မြင်မယ်လို့ယုံကြည်ကြောင်း…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ – တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး – လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ မျိုးဆက်(VOM) ၈-၇-၂၀၂၃ (၁) မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံဟာ မြေပြင်ပေါ်မှာ အာကာသသိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ဖို့အတွက် အာကာသထဲက အခြေအနေအတိုင်း မြေပေါ်အာကသာစခန်း တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း SCMP သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်သုတေသီတွေဟာ မြေပြင်အာကာစခန်းတို့ လူသိများတဲ့ အဲဒီစီမံကိန်းအတွက် ပထဆုံးသော စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဟာဘင်မြို့မှာ အခြေစိုက်မှာဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာကြုံတွေ့ရတဲ့အခြေအနေတွေအတိုင်း ကမ္ဘာမြေပေါ်မှာ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ဖို့အတွက် ပလက်ဖောင်းတခုဖန်တီးဖို့ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ မြေပြင်အာကာသစခန်းဟာ အာကာသထဲကဓါတ်ခွဲခန်းတခုနဲ့နှိုင်းယှဉ်မယ်ဆိုရင်…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်နိုင်ပြီဖြစ်ကြောင်း နာဆာကြေညာ – အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တုအင်တာနက် ရရှိတော့မယ် – အမိုးနီးယားစွမ်းအင်သုံး ကားအင်ဂျင် တရုတ်ကုမ္ပဏီဖန်တီး – ပထမဆုံး အာကာသခရီးပို့ဆောင်ပေးတော့မယ့် ဗာဂျင်ဂလက်တစ် ကုမ္ပဏီ မျိုးဆက်(VOM) ၂၈-၆-၂၀၂၃ (၁) အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်ပြီဖြစ်ကြောင်း နာဆာကြေညာ နိုင်ငံတကာ အာကာသစခန်းမှာရှိတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဆီးနဲ့ချွေးတွေကနေ ရေပြန်လည်ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းထိ အောင်မြင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်လိုမျိုး ကမ္ဘာနဲ့အလွန်ဝေးတဲ့ အာကာသမစ်ရှင်တွေမှာ အာကာသယာဉ်မှူးတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို လုံလောက်အောင်စီမံခန့်ခွဲမှုဟာ စိန်ခေါ်မှုတရပ်ဖြစ်ပြီး လက်ရှိအောင်မြင်မှုက အာကာသနယ်ပယ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ အာကာသထဲမှာ ရေပြန်လည်ရယူရေးအတွက် အာကာသယာဉ်မှူးတွေရဲ့ ဆီး၊ ချွေးနဲ့ အာကာသယာဉ်အတွင်းက အခြားသော အစိုဓါတ်အရင်းအမြစ်တွေကို စုဆောင်းအသုံးပြုပြီး…

Read More

VOMရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

– လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ – ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ – ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ ဇွန် ၁၆-၂၀၂၃ မျိုးဆက်(VOM) (၁) လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီက သူ့ရဲ့ပထမဆုံးသော စီးပွားဖြစ်အာကာသခရီးစဉ်ကို ယခုလမကုန်ခင် ပို့ဆောင်ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဗာဂျင်ကလက်တစ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ ဂလက်တစ်-၀၁ လို့အမည်ပေးထားတဲ့ လွှတ်တင်မှုကို ပြုလုပ်ဖို့ရည်မှန်းထားပါတယ်။ ပထမဆုံးအကြိမ် အာကာသခရီးစဉ်မှာတော့ အီတလီလေတပ်နဲ့ အီတလီအမျိုးသား သုတေသနကောင်စီတို့မှ သုံးယောက်လိုက်ပါမှာဖြစ်ပြီး မိုက်ခရိုဆွဲငင်အားဆိုင်ရာ သုတေသနပြုဖို့ဖြစ်ပါတယ်။ အာကာသခရီးတွေ စတင်တော့မယ့်လို့ ကြေညာပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ နယူးယောက်စတော့စျေးကွက်မှာ ကုန်သွယ်မှု ၄၀ ရခိုင်နှုန်းထိ ခုန်တက်သွားပါတယ်။…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

-လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းဖို့ ဘာတွေစီစဉ်နေသလဲ -ခြောက်မိနစ်အားသွင်းပြီး မိုင်း(၆၀၀)ကျော် ခရီးရောက်မယ့် လျှပ်စစ်ကားဘက်ထရီ -ဂျပန်ရဲ့ ပထမဆုံးလကမ္ဘာဂြိုဟ်ဆင်းယာဉ်က ဘာတွေကိုလေ့လာမှာလဲ မျိုးဆက်(VOM) (၁) လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းမှု လာမယ့်ငါးနှစ်အတွင်း စတင်တော့မယ် ဥရောပအခြေစိုက် စကန်ဒီနေဗီယန်းလေကြောင်းလိုင်း (SAS) ဟာ ES 30 အမျိုးအစား လျှပ်စစ်လေယာဉ်နဲ့ ခရီးသည်ပြေးဆွဲပျံသန်းမှုကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ ယခုသီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ လျှပ်စစ်လေယာဉ်တွေနဲ့ စီးပွားဖြစ်ပြေးဆွဲပျံသန်းမှု ပထမဆုံးအကြိမ်ဖြစ်ပြီး SAS လေကြောင်းလိုင်းဟာ သူ့ရဲ့ပထမဆုံးသော လျှပ်စစ်လေယာဉ်ခရီးစဉ်အတွက် စီးနှင်းမယ့်သူတွေကို ကြိုတင်လက်မှတ်မှာယူမှုတွေ လက်ခံနေပြီဖြစ်ပါတယ်။ အဲဒီလေယာဉ်ရဲ့ ပထမဆုံးခရီးစဉ်ကို ဘယ်နေရာကနေစတင်မယ်ဆိုတာနဲ့ ဘယ်မှာဆင်းသက်မယ်ဆိုတာကို အသေးစိတ်ပြောဆိုခြင်းမရှိပေမယ့် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ လေယာဉ်ခရီးစဉ် မစတင်မီ ရက် ၃၀ အတွင်းမှာ လက်မှတ်ဖိုးငွေပေးချေရမှာဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်လေယာဉ်တွေနဲ့ ဒေသတွင်းမှာ…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

-တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်တော့မယ် – သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း – ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei – Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ မျိုးဆက်(VOM) (၁) တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်ဖို့စီစဉ် မောင်းနှင်နိုင်တဲ့ အကွာအဝေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ကမ္ဘာ့တ၀န်းလျှပ်စစ်ကားတွေ ပြောင်းလဲသုံးစွဲရေး အကူးအပြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အတွက် အလားအလာရှိတဲ့ဖြေရှင်းချက်အနေနဲ့ တကြိမ်အားသွင်းရင် မိုင်ပေါင်း ၆၂၁ မိုင်( ၁၀၀၀ ကီလိုမီတာ) ထိခရီးရောက်နိုင်မယ့် လျှပ်စစ်ကားဘက်ထရီအမျိုအစားသစ်ကို တရုတ်အခြေစိုက် Gotion High Tech ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီဟာ L600 lithium-manganese-iron-phosphate (LMFP) Astroinno အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

ညီဘွား (VOM) -အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ရေး ကိုယ်ပိုင်စခန်းဆောက်ဖို့ SpaceX စီစဉ်နေ အမေရိကန်ဘီလျှံနာသူဌေး အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အာကာသစခန်း တည်ဆောက်ဖို့အတွက် စာချုပ်တရပ်ကို မေ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး လူသားတွေ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခြေလှမ်းတရပ်စတင်လိုက်ပြီဖြစ်ပါတယ်။ SpaceX ဟာ အဲဒီအာကာသစခန်းကို ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး အာကာသထဲကို လွှတ်တင်ပြီးနောက် များမကြာမီမှာ လူလိုက်ပါတဲ့အာကာသခရီးစဉ်အများအပြားကို ၀န်ဆောင်မှုပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Haven-1 လို့အမည်ရတဲ့ အဲဒီအာကာသစခန်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျအခြေစိုက် ပုဂ္ဂလိက အာကာသကုမ္ပဏီ Vast ကနေ တည်ဆောက်နေပြီး သူ့ရဲ့ရည်မှန်းချက်ကတော့ အနာဂတ်မှာ ကမ္ဘာ့ပေါ်က လူဘီလီယံများစွာ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ SpaceX ဟာ Haven-1 အာကာသစခန်းကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် သူ့ရဲ့စွမ်းအားမြင့် Falcon…

Read More

VOMရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

မျိုးဆက်(VOM) (၁)-ဥာဏ်ရည်တုနည်းပညာကြောင့် အလုပ်အကိုင်နေရာ သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိ တိုးတက်လာတဲ့ ဥာဏ်ရည်တုနည်းပညာကြောင့် ကမ္ဘာပေါ်မှာလူသားတွေလုပ်ကိုင်နေတဲ့ အချိန်ပြည့်အလုပ်ပေါင်း သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥာဏ်ရည်တုနည်းပညာက အမေရိကန်နဲ့ ဥရောပဒေသရှိ အလုပ်အကိုင်လေးပုံတစ်ပုံကို အစားထိုးနိုင်ဖွယ်ရှိနေပြီး ဒီလိုနည်းပညာကအစားထိုးမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဥာဏ်ရည်တုနည်းပညာရဲ့သက်ရောက်မှုဟာ ကဏ္ဍအသီးသီးပေးမူတည်ပြီး ကွဲပြားခြားနားမှာဖြစ်ကာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေရဲ့၄၆ ရာခိုင်နှုန်း၊ တရားရေးဆိုင်ရာလုပ်ငန်းတွေမှာ ၄၄ ရာခိုင်နှုန်းနဲ့ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတော့ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းအသီးသီး အစားထိုးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မိုကခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကတော့ ဥာဏ်ရည်တုနည်းပညာတိုးတက်မှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာနေပြီး လူတွေရဲ့အလုပ်အကိုင်၊ ပညာသင်ယူမှု၊ ခရီးသွားလာမှု၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှုပုံစံတို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။လကမ္ဘာခရီးစဉ်စေလွှတ်ဖို့…

Read More

ကန်ပိုက်တီဂိတ် ဖွင့်မပေးသေးတာကြောင့် တစ်သျှုးငှက်ပျောကားတွေ ရာနဲ့ချီပိတ်မိနေပြီး ပျက်စီးမှုတွေရှိနေ

ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM )   ကချင်ပြည်နယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေး နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တစ်သျှုးငှက်ပျော တင်ပို့ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။   မကြာခင် တရုတ်နှစ်သစ်ကူး ပိတ်ရက်ကလည်းရောက်ရှိတော့မှာဖြစ်လို့ ကန်ပိုက်တီဂိတ်ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံးဖွင့်ပေးဖို့ လိုအပ်နေကြောင်း၊လက်ရှိမှာတော့ ဂိတ်အဖွင့်ကို စောင့်ဆိုင်းရတာ ကြာမြင့်မှုနဲ့အတူ ငှက်ပျောသီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။   ” ကားတွေက နယ်စပ်ဂိတ်နားမှာပိတ်မိနေတာမဟုတ်ဘူး။ အလုပ်ဆိုဒ်တွေထဲမှာ ပိတ်မိနေတာ။ဂိတ်က၅ရက်နေ့ဖွင့်မယ်ဆိုတော့ ကားတွေက အကုန်တက်လာကြတယ်။ငှက်ပျောခြံတွေကလည်း ကြိုပြီးခုတ်ကြတယ်၊ တချို့ဆို ကားပေါ်အကုန်အဆင်သင့်တင်ပြီးပြီ။ကားတွေက အခုထိမထွက်ရသေးဘူး။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အခုရက်ပြန်ဖွင့်မယ်ဆိုရင်တောင် အစီအစဉ်တကျမဟုတ်ဘဲ အမြန်လုပ်ရမှာ ၊ အခြေအနေကတော့ မကောင်းဘူး။ ကားသမားရော၊ခြံစိုက်သူရော အကုန်အခက်အခဲဖြစ်မှာ ” လို့ ကန်ပိုက်တီ ကုန်ကားမောင်းသူတဦးကပြောပါတယ်။…

Read More
VOM News

FREE
VIEW