VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ် – လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ့် အခြေအနေ – နွားချေးကနေ လောင်စာထုတ်ပြီး ဒုံးပျံလွှတ်တင်နိုင်တော့မှာလား -ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်ထုတ်လုပ်ရေးစက်ရုံ ဖွင့်တော့မယ် မျိုးဆက်(VOM) စက်တင်ဘာ-၂၂-၂၀၂၃ (၁) လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ်လို့ Neuralink ကြေညာ အီလွန်မာ့ခ်ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး ပထမဆုံးအကြိမ်စမ်းသပ်မှုတွေ လုပ်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မိမိတို့ရဲ့ ပထမဆုံးသော လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေအတွက် လူစုဆောင်းမှုကို စတင်ဖို့ ခွင့်ပြုချက်ရရှိထားပြီး ဒါဟာ ရင်သပ်ရှုမောဖွယ် ဆေးသိပ္ပံဆိုင်ရာ လေ့လာစမ်းသပ်မှုဖြစ်ပြီး ဘေးကင်းရေးကို ပထမဦးစားပေးလုပ်ဆောင်သွားမယ်လို့ Neuralink က ထုတ်ပြန်ထားပါတယ်။ ဒီစမ်းသပ်မှုအတွက် Neuralink ဟာ ကျောရိုးမကြီးထိခိုက်ထားသူ သို့မဟုတ် လေဖြတ်ထားသူမျိုးနဲ့ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သူတွေကို စုဆောင်းနေပြီး ဦးနှောက်နဲ့ မိုက်ခရိုချစ်ပ်…
Read MoreCategory: နည်းပညာ
VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ -လပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်မယ့် အခြေအနေ -စာရွက်လို လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချတော့မှာလား -ဇိမ်ခံကားကုမ္ပဏီ Lamborghini ရဲ့နောက်ထပ် အစီအစဉ်က ဘာတွေလဲ မျိုးဆက်(VOM) စက်တင်ဘာ-၈-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်နိုင်တော့မယ် ဝေးလ်ပြည်နယ် ဘန်ဂေါတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လကမ္ဘာပေါ်မှာ အနာဂတ်စူးစမ်းလေ့လာမှုတွေအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ ဘိန်းစေ့အရွယ် နျူကလီးယား လောင်စာဆဲလ်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်အာကာသအေဂျင်စီဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို လူသားတွေပြန်လည်ခြေချနိုင်ရေးကို ၂၀၂၅ ခုနှစ်သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ပို့ဆောင်ဖို့ရည်ရွယ်ထားပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာတော့ လပေါ်မှာ အခြေစိုက်စခန်းတခုတည်ဆောက်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။ Trisofuel လို့ခေါ်တဲ့ နျူကလီးယားလောင်စာဆဲလ်နည်းပညာသစ်ဟာ ရိုးရွိုက်စ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အသေးစားနျူကလီးယားဂျင်နရေတာတွေကို…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
-စက်ရုပ်ပိုင်းလော့ရဲ့ လေယာဉ်မောင်းစွမ်းရည်က ဘယ်လိုတွေလဲ – နေကိုလေ့လာမယ့် အိန္ဒိယအာကာသအေဂျင်စီရဲ့အစီအစဉ်တွေကဘာတွေလဲ -အာကာသခရီးသွားပို့ဆောင်ရေး ခြေလှမ်းသွက်နေတဲ့ ဗာဂျင်ဂလက်တစ် မျိုးဆက်(VOM) စက်တင်ဘာ-၁-၂၀၂၃ (၁) လေယာဉ်ကျွမ်းကျင်စွာမောင်းတတ်တဲ့ စက်ရုပ်ပိုင်းလော့ တီထွင် တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာ အဆင့်မြင့်အင်စတီကျုဟာ လေယာဉ်တစင်းကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပိုင်းလော့ကို တီထွင်လိုက်ပါတယ်။ Pibot လို့အမည်ပေးထားတဲ့ စက်ရုပ်ဟာ လေယာဉ်မှူးအခန်းကို ဘာမှကြိုတင်ပြင်ဆင်မထားဘဲ သူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်ပြီး တိကျမှု၊ ပျံသန်းမှုထိန်းချုပ်နိုင်တဲ့အပြင် ထိန်းချုပ်မောင်းနှင်နေစဉ်အတွင်း လေယာဉ်အတွင်းနဲ့အပြင်ပိုင်းတွေအခြေအနေကို စောင့်ကြည့်ဖို့ ကင်မရာမျက်လုံးတွေပါ တပ်ဆင်ပေးထားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီစက်ရုပ်ဟာ လူသားလေယာဉ်မှူးအတိုင်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ဖြစ်ပြီး လူသားလေယာဉ်မှူးတွေမလုပ်နိုင်သေးတဲ့ ကမ္ဘာတဝန်းရှိ လေကြောင်းလမ်းညွှန် ဇယားအားလုံးကိုလည်း မှတ်ဉာဏ်ထဲမှာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ စက်ရုပ်တွေကို လေယာဉ်အမျိုးအစားအလိုက်ဖွဲ့စည်းပုံတွေကို ပရိုဂရမ်ထည့်သွင်းပေးထားမယ်ဆိုရင် လေယာဉ်အမျိုးအစားကို ရွေးချယ်လိုက်တာနဲ့ မောင်းနှင်ပျံသန်းနိုင်မှာဖြစ်ပြီး ChatGPT လို ဉာဏ်ရည်တုပါဝင်တာကြောင့် လူသားတဦးလို…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
-လူ့ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ AI Chip ရဲ့စွမ်းဆောင်ရည် -စက်မှုလုပ်သား လူတူစက်ရုပ်က ဘာတွေစွမ်းဆောင်နိုင်မလဲ -လရဲ့တောင်ဝန်ရိုးစွန်းမှာ အိန္ဒိယလမစ်ရှင် ဘာတွေလေ့လာနေသလဲ မျိုးဆက်(VOM) သြဂုတ်-၂၅-၂၀၂၃ (၁) လူ့ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုချစ်ပ်တမျိုး IBM တီထွင်နေ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM ဟာ လူ့ဦးနှောက်ကဲ့သို့ နက်နဲတဲ့အာရုံကြောကွန်ရက်တွေလို စနစ်တွေပါဝင်ပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဆောင်နိုင်တဲ့ အန်နာလော့ ဉာဏ်ရည်တုချစ်ပ်( Analog AI Chip )တမျိုးရဲ့ ရှေ့ပြေးနမူနာကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ခေတ်မီဆန်းသစ်ထားတဲ့ အဲဒီချစ်ပ်ဟာ ကွန်ပြူတာနဲ့စမတ်ဖုန်းတွေအတွက် သိသိသာသာထိရောက်ပြီး စွမ်းအင်သုံးစွဲမှုလျော့နည်းမယ်လို့ IBM ကဆိုထားပြီး ချစ်ပ်ထဲမှာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ AIMC cores ၆၄ လုံးပါဝင်ပါတယ်။ အဲဒီချစ်ပ်ကို IBM ရဲ့ Albany NanoTech Complex မှာဖန်တီးထားတာဖြစ်ပြီး လူ့ဦးနှောက်ရဲ့ အာရုံကြောကွန်ရက်တွေ လည်ပတ်ပုံကိုအခြေခံထားပြီး လုပ်ဆောင်ချက်တခုချင်းစီအလိုက်အလွှာတွေအပြင် ကာလတိုမှတ်ဉာဏ်စနစ်တွေပါ…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ မောင်းသူမဲ့ကား (သို့မဟုတ်) အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ် မျိုးဆက်(VOM) သြဂုတ်-၁၈-၂၀၂၃ ကမ္ဘာပေါ်မှာ မော်တော်ကားတွေကို တီထွင်အသုံးပြုခဲ့နိုင်ခဲ့ခြင်းက လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝအတွက် အရေးပါတဲ့ စက်မှုတော်လှန်ရေး တရပ်ဖြစ်ခဲ့ပါတယ်။ လိုရာခရီးကို ရှေးယခင်ပို့ဆောင်ရေးစနစ်တွေ အသုံးပြုခြင်းထက် စက်မှုနည်းပညာသုံး မော်တော်ကားတွေ အသုံးပြုနိုင်မှုဟာ လက်ရှိအချိန်ထိ လွန်စွာအသုံးတည့်ခဲ့ ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။ အဲဒီလိုစက်မှုနည်ပညာ တိုးတက်ထွန်းကာလာမှုက အီလက်ထရွန်းနစ်၊ ကွန်ပြူတာနဲ့ ဉာဏ်ရည်တုလို နည်းပညာရဲ့ ပေါင်းစပ်မှုကြောင့် ၂၁ ရာစုခေတ်ဦးမှစပြီး အံ့ဖွယ်သူရဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ လူကိုယ်တိုင်မောင်းနှင်ဖို့ မလိုတော့တဲ့ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဟာ လူသားတွေရဲ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှုရှိယုံမျှမက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုအပြင် လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့ တာဆူနေပါတယ်။ ကင်မရာတွေ အာရုံခံကိရိယာ၊ တည်နေရာပြနဲ့ မောင်းနှင်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်တွေ…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
– လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် – ကပ်ရောဂါတွေကို ကြိုတင်ခန့်မှန်းနိုင်တော့မယ့် AI နည်းပညာသစ် – မျက်နှာပြင်နည်းပညာသစ်နဲ့ Xiaomi Mix Fold3 ကြေညာတော့မယ် မျိုးဆက်(VOM) (၁) လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ် ရုရှားအာကာသအေဂျင်စီဟာ ရေခဲတွေရှိနေနိုင်တယ်လို့ ယူဆရတဲ့ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့အတွက် ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ဆင်းယာဉ် စေလွှတ်လိုက်ပါတယ်။ ဒါဟာ ရုရှားအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးသော လကမ္ဘာမစ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း ချန်ဒရီယန်-၃ လဆင်းယာဉ်ကို ပြီးခဲ့တဲ့လက လွှတ်တင်ခဲ့ပြီး လပေါ်မှာ ရေရှာဖွေနိုင်မယ့် လေ့လာမှုတွေပြုဖို့ ရည်မှန်းထားပါတယ်။ ရုရှားဟာ မော်စကိုမြို့အရှေ့ဘက် ၃၄၅၀ မိုင်အကွာရှိ လွှတ်တင်ရေးစခန်းကနေ Luna-25 ဂြိုဟ်ဆင်းယာဉ်ကို တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို သြဂုတ် ၁၀ ရက် မနက်ဒေသစံတော်ချိန်…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်
VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ် ၅-၈-၂၀၂၃ မျိူးဆက်(VOM) – သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ ဘာတွေစီစဉ်နေသလဲ – ပျောက်ဆုံးနေတဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့ နာဆာအဖွ့ဲ အဆက်အသွယ်ပြန်ရပြီ – မိုးပျံတက္ကဆီတွေ ထုတ်လုပ်ပြေးဆွဲဖို့ Embraer ကုမ္ပဏီ ဘာတွေပြင်ဆင်နေသလဲ (၁) သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ OceanGate ကုမ္ပဏီ စီစဉ်နေ စွန့်ဦးရှာဖွေလေ့လာရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ OceanGate ကုမ္ပဏီဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း သောကြာဂြိုဟ်ပေါ်ကို လူအယောက် ၁၀၀၀ ထိပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Guillermo Söhnlein က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူတသန်းလောက်ပို့ပေးဖို့ ကြိုးစားနေတဲ့ အစီအစဉ်ထက် အရေအတွက်နည်းပါးပြီး ဒီကိစ္စအကောင်အထည်ပေါ်ဖို့က အတားအဆီးမဟုတ်ဘဲ အောင်မြင်မယ်လို့ယုံကြည်ကြောင်း…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
– မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ – တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး – လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ မျိုးဆက်(VOM) ၈-၇-၂၀၂၃ (၁) မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံဟာ မြေပြင်ပေါ်မှာ အာကာသသိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ဖို့အတွက် အာကာသထဲက အခြေအနေအတိုင်း မြေပေါ်အာကသာစခန်း တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း SCMP သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်သုတေသီတွေဟာ မြေပြင်အာကာစခန်းတို့ လူသိများတဲ့ အဲဒီစီမံကိန်းအတွက် ပထဆုံးသော စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဟာဘင်မြို့မှာ အခြေစိုက်မှာဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာကြုံတွေ့ရတဲ့အခြေအနေတွေအတိုင်း ကမ္ဘာမြေပေါ်မှာ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ဖို့အတွက် ပလက်ဖောင်းတခုဖန်တီးဖို့ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ မြေပြင်အာကာသစခန်းဟာ အာကာသထဲကဓါတ်ခွဲခန်းတခုနဲ့နှိုင်းယှဉ်မယ်ဆိုရင်…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
– အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်နိုင်ပြီဖြစ်ကြောင်း နာဆာကြေညာ – အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တုအင်တာနက် ရရှိတော့မယ် – အမိုးနီးယားစွမ်းအင်သုံး ကားအင်ဂျင် တရုတ်ကုမ္ပဏီဖန်တီး – ပထမဆုံး အာကာသခရီးပို့ဆောင်ပေးတော့မယ့် ဗာဂျင်ဂလက်တစ် ကုမ္ပဏီ မျိုးဆက်(VOM) ၂၈-၆-၂၀၂၃ (၁) အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်ပြီဖြစ်ကြောင်း နာဆာကြေညာ နိုင်ငံတကာ အာကာသစခန်းမှာရှိတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဆီးနဲ့ချွေးတွေကနေ ရေပြန်လည်ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းထိ အောင်မြင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်လိုမျိုး ကမ္ဘာနဲ့အလွန်ဝေးတဲ့ အာကာသမစ်ရှင်တွေမှာ အာကာသယာဉ်မှူးတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို လုံလောက်အောင်စီမံခန့်ခွဲမှုဟာ စိန်ခေါ်မှုတရပ်ဖြစ်ပြီး လက်ရှိအောင်မြင်မှုက အာကာသနယ်ပယ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။ အာကာသထဲမှာ ရေပြန်လည်ရယူရေးအတွက် အာကာသယာဉ်မှူးတွေရဲ့ ဆီး၊ ချွေးနဲ့ အာကာသယာဉ်အတွင်းက အခြားသော အစိုဓါတ်အရင်းအမြစ်တွေကို စုဆောင်းအသုံးပြုပြီး…
Read MoreVOMရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ
– လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ – ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ – ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ ဇွန် ၁၆-၂၀၂၃ မျိုးဆက်(VOM) (၁) လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီက သူ့ရဲ့ပထမဆုံးသော စီးပွားဖြစ်အာကာသခရီးစဉ်ကို ယခုလမကုန်ခင် ပို့ဆောင်ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဗာဂျင်ကလက်တစ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ ဂလက်တစ်-၀၁ လို့အမည်ပေးထားတဲ့ လွှတ်တင်မှုကို ပြုလုပ်ဖို့ရည်မှန်းထားပါတယ်။ ပထမဆုံးအကြိမ် အာကာသခရီးစဉ်မှာတော့ အီတလီလေတပ်နဲ့ အီတလီအမျိုးသား သုတေသနကောင်စီတို့မှ သုံးယောက်လိုက်ပါမှာဖြစ်ပြီး မိုက်ခရိုဆွဲငင်အားဆိုင်ရာ သုတေသနပြုဖို့ဖြစ်ပါတယ်။ အာကာသခရီးတွေ စတင်တော့မယ့်လို့ ကြေညာပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ နယူးယောက်စတော့စျေးကွက်မှာ ကုန်သွယ်မှု ၄၀ ရခိုင်နှုန်းထိ ခုန်တက်သွားပါတယ်။…
Read More