– လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ – ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ – ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ ဇွန် ၁၆-၂၀၂၃ မျိုးဆက်(VOM) (၁) လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီက သူ့ရဲ့ပထမဆုံးသော စီးပွားဖြစ်အာကာသခရီးစဉ်ကို ယခုလမကုန်ခင် ပို့ဆောင်ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဗာဂျင်ကလက်တစ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ ဂလက်တစ်-၀၁ လို့အမည်ပေးထားတဲ့ လွှတ်တင်မှုကို ပြုလုပ်ဖို့ရည်မှန်းထားပါတယ်။ ပထမဆုံးအကြိမ် အာကာသခရီးစဉ်မှာတော့ အီတလီလေတပ်နဲ့ အီတလီအမျိုးသား သုတေသနကောင်စီတို့မှ သုံးယောက်လိုက်ပါမှာဖြစ်ပြီး မိုက်ခရိုဆွဲငင်အားဆိုင်ရာ သုတေသနပြုဖို့ဖြစ်ပါတယ်။ အာကာသခရီးတွေ စတင်တော့မယ့်လို့ ကြေညာပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ နယူးယောက်စတော့စျေးကွက်မှာ ကုန်သွယ်မှု ၄၀ ရခိုင်နှုန်းထိ ခုန်တက်သွားပါတယ်။…
Read MoreCategory: နည်းပညာ
VOM ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ
-လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းဖို့ ဘာတွေစီစဉ်နေသလဲ -ခြောက်မိနစ်အားသွင်းပြီး မိုင်း(၆၀၀)ကျော် ခရီးရောက်မယ့် လျှပ်စစ်ကားဘက်ထရီ -ဂျပန်ရဲ့ ပထမဆုံးလကမ္ဘာဂြိုဟ်ဆင်းယာဉ်က ဘာတွေကိုလေ့လာမှာလဲ မျိုးဆက်(VOM) (၁) လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းမှု လာမယ့်ငါးနှစ်အတွင်း စတင်တော့မယ် ဥရောပအခြေစိုက် စကန်ဒီနေဗီယန်းလေကြောင်းလိုင်း (SAS) ဟာ ES 30 အမျိုးအစား လျှပ်စစ်လေယာဉ်နဲ့ ခရီးသည်ပြေးဆွဲပျံသန်းမှုကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ ယခုသီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ လျှပ်စစ်လေယာဉ်တွေနဲ့ စီးပွားဖြစ်ပြေးဆွဲပျံသန်းမှု ပထမဆုံးအကြိမ်ဖြစ်ပြီး SAS လေကြောင်းလိုင်းဟာ သူ့ရဲ့ပထမဆုံးသော လျှပ်စစ်လေယာဉ်ခရီးစဉ်အတွက် စီးနှင်းမယ့်သူတွေကို ကြိုတင်လက်မှတ်မှာယူမှုတွေ လက်ခံနေပြီဖြစ်ပါတယ်။ အဲဒီလေယာဉ်ရဲ့ ပထမဆုံးခရီးစဉ်ကို ဘယ်နေရာကနေစတင်မယ်ဆိုတာနဲ့ ဘယ်မှာဆင်းသက်မယ်ဆိုတာကို အသေးစိတ်ပြောဆိုခြင်းမရှိပေမယ့် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ လေယာဉ်ခရီးစဉ် မစတင်မီ ရက် ၃၀ အတွင်းမှာ လက်မှတ်ဖိုးငွေပေးချေရမှာဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်လေယာဉ်တွေနဲ့ ဒေသတွင်းမှာ…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ
-တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်တော့မယ် – သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း – ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei – Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ မျိုးဆက်(VOM) (၁) တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်ဖို့စီစဉ် မောင်းနှင်နိုင်တဲ့ အကွာအဝေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ကမ္ဘာ့တ၀န်းလျှပ်စစ်ကားတွေ ပြောင်းလဲသုံးစွဲရေး အကူးအပြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အတွက် အလားအလာရှိတဲ့ဖြေရှင်းချက်အနေနဲ့ တကြိမ်အားသွင်းရင် မိုင်ပေါင်း ၆၂၁ မိုင်( ၁၀၀၀ ကီလိုမီတာ) ထိခရီးရောက်နိုင်မယ့် လျှပ်စစ်ကားဘက်ထရီအမျိုအစားသစ်ကို တရုတ်အခြေစိုက် Gotion High Tech ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီဟာ L600 lithium-manganese-iron-phosphate (LMFP) Astroinno အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
ညီဘွား (VOM) -အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ရေး ကိုယ်ပိုင်စခန်းဆောက်ဖို့ SpaceX စီစဉ်နေ အမေရိကန်ဘီလျှံနာသူဌေး အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အာကာသစခန်း တည်ဆောက်ဖို့အတွက် စာချုပ်တရပ်ကို မေ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး လူသားတွေ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခြေလှမ်းတရပ်စတင်လိုက်ပြီဖြစ်ပါတယ်။ SpaceX ဟာ အဲဒီအာကာသစခန်းကို ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး အာကာသထဲကို လွှတ်တင်ပြီးနောက် များမကြာမီမှာ လူလိုက်ပါတဲ့အာကာသခရီးစဉ်အများအပြားကို ၀န်ဆောင်မှုပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Haven-1 လို့အမည်ရတဲ့ အဲဒီအာကာသစခန်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျအခြေစိုက် ပုဂ္ဂလိက အာကာသကုမ္ပဏီ Vast ကနေ တည်ဆောက်နေပြီး သူ့ရဲ့ရည်မှန်းချက်ကတော့ အနာဂတ်မှာ ကမ္ဘာ့ပေါ်က လူဘီလီယံများစွာ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ SpaceX ဟာ Haven-1 အာကာသစခန်းကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် သူ့ရဲ့စွမ်းအားမြင့် Falcon…
Read MoreVOMရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ
မျိုးဆက်(VOM) (၁)-ဥာဏ်ရည်တုနည်းပညာကြောင့် အလုပ်အကိုင်နေရာ သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိ တိုးတက်လာတဲ့ ဥာဏ်ရည်တုနည်းပညာကြောင့် ကမ္ဘာပေါ်မှာလူသားတွေလုပ်ကိုင်နေတဲ့ အချိန်ပြည့်အလုပ်ပေါင်း သန်း ၃၀၀ ကျော်ဆုံးရှုံးဖွယ်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥာဏ်ရည်တုနည်းပညာက အမေရိကန်နဲ့ ဥရောပဒေသရှိ အလုပ်အကိုင်လေးပုံတစ်ပုံကို အစားထိုးနိုင်ဖွယ်ရှိနေပြီး ဒီလိုနည်းပညာကအစားထိုးမှုကြောင့် ကုန်ထုတ်စွမ်းအားတိုးလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ ၇ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဥာဏ်ရည်တုနည်းပညာရဲ့သက်ရောက်မှုဟာ ကဏ္ဍအသီးသီးပေးမူတည်ပြီး ကွဲပြားခြားနားမှာဖြစ်ကာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေရဲ့၄၆ ရာခိုင်နှုန်း၊ တရားရေးဆိုင်ရာလုပ်ငန်းတွေမှာ ၄၄ ရာခိုင်နှုန်းနဲ့ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတော့ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းအသီးသီး အစားထိုးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မိုကခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကတော့ ဥာဏ်ရည်တုနည်းပညာတိုးတက်မှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာနေပြီး လူတွေရဲ့အလုပ်အကိုင်၊ ပညာသင်ယူမှု၊ ခရီးသွားလာမှု၊ အချင်းချင်းအပြန်အလှန်ဆက်သွယ်မှုပုံစံတို့ ပြောင်းလဲသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။လကမ္ဘာခရီးစဉ်စေလွှတ်ဖို့…
Read Moreကန်ပိုက်တီဂိတ် ဖွင့်မပေးသေးတာကြောင့် တစ်သျှုးငှက်ပျောကားတွေ ရာနဲ့ချီပိတ်မိနေပြီး ပျက်စီးမှုတွေရှိနေ
ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM ) ကချင်ပြည်နယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေး နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တစ်သျှုးငှက်ပျော တင်ပို့ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။ မကြာခင် တရုတ်နှစ်သစ်ကူး ပိတ်ရက်ကလည်းရောက်ရှိတော့မှာဖြစ်လို့ ကန်ပိုက်တီဂိတ်ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံးဖွင့်ပေးဖို့ လိုအပ်နေကြောင်း၊လက်ရှိမှာတော့ ဂိတ်အဖွင့်ကို စောင့်ဆိုင်းရတာ ကြာမြင့်မှုနဲ့အတူ ငှက်ပျောသီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။ ” ကားတွေက နယ်စပ်ဂိတ်နားမှာပိတ်မိနေတာမဟုတ်ဘူး။ အလုပ်ဆိုဒ်တွေထဲမှာ ပိတ်မိနေတာ။ဂိတ်က၅ရက်နေ့ဖွင့်မယ်ဆိုတော့ ကားတွေက အကုန်တက်လာကြတယ်။ငှက်ပျောခြံတွေကလည်း ကြိုပြီးခုတ်ကြတယ်၊ တချို့ဆို ကားပေါ်အကုန်အဆင်သင့်တင်ပြီးပြီ။ကားတွေက အခုထိမထွက်ရသေးဘူး။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အခုရက်ပြန်ဖွင့်မယ်ဆိုရင်တောင် အစီအစဉ်တကျမဟုတ်ဘဲ အမြန်လုပ်ရမှာ ၊ အခြေအနေကတော့ မကောင်းဘူး။ ကားသမားရော၊ခြံစိုက်သူရော အကုန်အခက်အခဲဖြစ်မှာ ” လို့ ကန်ပိုက်တီ ကုန်ကားမောင်းသူတဦးကပြောပါတယ်။…
Read Moreမြန်မာရိုးရာ ရောင်စုံမီးပုံးတွေကို ဘယ်လိုပြုလုပ်ရသလဲ
မန္တလေး၊ အောက်တိုဘာ- ၅- ၂၀၂၁ SA(VOM) ဆယ့်နှစ်လရာသီပွဲတော်တွေထဲကမှ ထူးခြားတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ အခါသမယမှာ ကလေးသူငယ်တွေအတွက် ကစားစရာတစ်ခုဖြစ်တဲ့ ရောင်စုံမီးပုံးလေးတွေကို ဘယ်လိုပြုလုပ်သလဲဆိုတာကို VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရောင်စုံမီးပုံး Youtube Link – https://youtu.be/jUZVuXXxeZc
Read Moreမြန်မာလုပ်သားတွေကို ခွဲခြားဆက်ဆံလို့ ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ တိုက်ခိုက်
ဇန်နဝါရီ-၁၇-၂၀၂၁ ဆွေလင်းထွန်း(VOM) ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကျန်းမာရေးစောက်ရှောက်မူ ပြုပေးတဲ့ဆေးရုံးဆေးခန်းတွေက ခွဲခြားဆက်ဆံမှုတွေနဲ့ ဆူရတ်ဌာနီပြည်နယ်ရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက အဓမ္မပြုကျင့်မှုတို့အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာဟက်ကာအဖွဲ့နှစ်ဖွဲ့က ထိုင်းအစိုးရ၊ ရဲတပ်ဖွဲ့တို့ရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဆေးရုံတချို့ရဲ့ ဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာဟက်ကာအဖွဲ့နှစ်ခုဖြစ်တဲ့ Black Brothers Hackers Group BBHG နဲ့ Union of UnderGround Myanmar တို့က အဲ့ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ ဟက်ကာအဖွဲ့တွေရဲ့ ဖေ့ဘုတ်ပေ့ချ်တွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။ Black Brothers Hackers Group BBHG က တာဝန်ရှိသူတဦးက “ကျတော်တို့နိုင်ငံသားတွေအပေါ်ခွဲခြားဆက်ဆံပြီး ဥပဒေမဲ့ လုပ်ရပ်တွေအပေါ်ကျတော်တို့ မြန်မာဟက်ကာများအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ထိုင်းအစိုးရကိုသတင်းစကားပါးလိုတာကြောင့် ထိုင်းနိုင်ငံရဲ အစိုးရပိုင် ကျန်းမာရေးWebsiteတွေနဲ့ ရဲတပ်ဖွဲ့websiteအပါအဝင် အခြားအစိုးရဌာနပိုင်…
Read Moreစပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်
ဇန်နဝါရီ-၁၅-၂၀၂၁ တင်ထားဆွေ သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို…
Read MoreVOM ရဲ့ သတင်းတွေကိုအလွယ်ဖတ်ချင်ရင် Android ဖုန်းတွေပေါ်ကနေ application ဒေါင်းနိုင်ပြီ
VOM News မှ သတင်းများကို Android ဖုန်းတွေပေါ်ကနေ တဆင့် ရယူကြည့်ရှုနိုင်ပါပြီ ဒီလင့်ကနေ တိုက်ရိုက်ရယူပါ https://vomnews.page.link/app VOM News app ကို Google Play Store ကနေ အောက်ပါနည်းတွေနဲ့ အလွယ်တကူ ရယူနိုင်ပါပြီ Voice of Myanmar Facebook page ကနေ တဆင့် ရယူနိုင်သလို voiceofmyanmarnews.com ကနေ လည်း ရယူနိုင်ပါတယ်။
Read More