မန္တလေး၊ ဖေဖော်ဝါရီ – ၁၇- ၂၀၂၆
VOICE OF MYANMAR
Information technology life ကုမ္ပဏီ မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း နဲ့ ၅၄ လမ်းထောင့်မှာရှိတဲ့ HOTEL “IBIS STYLE” မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
Information technology life ကုမ္ပဏီ မှာ E commerce လို့ခေါ်တဲ့ Websites နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ Product နဲ့ Brand တွေကို ဥပမာ Worldwide မှာ Amazon တို့လို Ebay တို့လိုမျိုး Website တခုအနေနဲ့ Create လုပ်ပေးပြီး Globle marketing ကိုချဲ့ထွင်ချင်တဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့ CEO မခရစ္စတယ်ကျော်က ပြောပါတယ်။
I.T.L က technology ကုမ္ပဏီတခုဖြစ်ပါတယ်၊ E commerce ဆိုတဲ့ Globle marketing တခုနဲ့ မြန်မာပြည်မှာရှိနေတဲ့ Business သမားတွေကို မိတ်ဆက်ပေးချင်တယ်၊ ထိတွေ့ခွင့်ပေးချင်တယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကုမ္ပဏီကို တည်ထောင်ရခြင်းဖြစ်ပါတယ် လို့ သိရပါတယ်။
” ကျနော်ကိုယ်တိုင်လည်း Overseas မှာနေခဲ့တော့ E commerce က နိုင်ငံတကာမှာ အရေးပါတယ်ဆိုတာ ကိုယ်တိုင်ထိတွေ့ခွင့်ရခဲ့တယ်၊ ဟိုဘက်မှာ မြန်မှာပြည်မှာလိုမဟုတ်ဘူး ဖုန်းတက်ပြီးလည်းမေးစရာမလိုဘူး၊ ပစ္စည်းစတော့ရှိလား မရှိဘူးလားဆိုတာကိုလည်း တကူးတက အချိန်ပေးပြီး မေးနေစရာမလိုဘူးပေါ့နော်၊ ကိုယ်သွားချင်တဲ့ Website ဥပမာ Amazon ကိုသွားချင်လား ကိုယ်ဘာလိုချင်လဲ သူတို့ဆီမှာ stock လည်း ကြည့်လို့ရတယ်၊ price ဘယ်လောက်ရှိလည်းဆိုတာကိုလည်း ကြည့်လို့ရတယ်၊ Middle east တွေမှာဆိုရင် ကိုယ့်မှာရှိတဲ့ ဘဏ်ကဒ်နဲ့တောင် ဘယ်လိုရှိတယ်ဆိုတာ ကြည့်လို့ရတာပေါ့၊ ဒါ ကိုယ့်မှာ ကိုယ်ပိုင် Website ရှိနေတဲ့ အားသာချက်တခုပေါ့နော်၊ လက်ရှိ ဒီမှာ Tiktok တို့ Face book မှာတိုရင် သူတို့ရဲ့ Rule တွေကို လိုက်နာရတယ်၊ သူတို့ရဲ့ rule နဲ့မကိုက်ညီတဲ့ Post တွေဆိုရင် ဖျက်ချတယ်၊ အင်တာနက်နဲ့ VPN ပြဿနာတွေကြောင့် အသုံးပြုသူတွေဆီကို လွယ်လွယ်ကူကူမရောက်နိုင်ဘူးပေါ့နော်၊ Website တွေမှာ ရှိနေတဲ့ ပုံစံက ကိုယ်က Globle မှာ ကိုယ်ကြိုက်တဲ့ သူ ကြိုက်တဲ့နေရာကနေပြီးတော့ ကိုယ့်ရဲ့ Website ကိုယ်ရဲ့ address ထဲကို ဝင်လိုက်ပြီဆိုရင် ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကို Worldwide ကိုချပြလို့ရတယ် ” လို့ CEO ရဲ့အကို ကိုမင်းခန့်ကျော်စိုးက ပြောပါတယ်။
I.T.L Information technology life ကုမ္ပဏီမှာ Online shops website ၊ e Book website ၊ Movie channel ၊ ADS (advertisements) service တွေကို silver ၊ golden ၊ Diamond ဆိုတဲ့ Packages သုံးမျိုးနဲ့ ဝန်ဆောင်မှုပေးနေပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း ၇၅ ၇၆ လမ်း ကြားက I.T.L ကုမ္ပဏီမှာ လာရောက်ပြီး ပြုလုပ်နိုင်သလို ရုံးချိန်အတွင်းမှာလည်း 09652893792 ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
