ပေကျင်း၊ မေ-၈-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံတရုံမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူ နှစ်ယောက်ထက်မနည်း သေဆုံးသွားပြီး ၂၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
ဓါးကိုင်တိုက်ခိုက်မှုဟာ မေ ၇ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၃၇ မိနစ်မှာ ယူနန်ပြည်နယ် ရှန်ရှောင်းပြည့်သူ့ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတယောက်က ဆေးရုံမှာ ဓါးနဲ့တိုက်ခိုက်ခဲ့တာပါ။
သံသယရှိသူဟာ ရှန်ရှောင်းဒေသ ပိုဂျီမြို့မှဖြစ်ပြီး ဖမ်းဆီးခံရမှုရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒဏ်ရာရသူအရေအတွက်ဟာ ၂၃ ယောက်လို့ ကနဦးထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၂၁ ယောက်လို့ နိုင်ငံပိုင်မီဒီယာက အတည်ပြုထုတ်ပြန်ပါတယ်။
ဆေးရုံအနီးဝန်းကျင် ရပ်ကွက်အတွင်းနေထိုင်သူများနှင့် စျေးရောင်းသူတွေအနေနဲ့ အိမ်၊ဆိုင် တံခါးတွေကို သော့ခတ်ထားဖို့နဲ့ အမည်မသိ သူစိမ်းတွေကို သတိထားကြဖို့ တရုတ်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားပေမယ့် မကြာသေးမီနှစ်တွေအတွင်း ဓါးကိုင်တိုက်ခို်ကမှုတွေ တိုးပွားလာနေပါတယ်။ ယမန်နှစ်ဩဂုတ်လအတွင်းက ယူနန်ပြည်နယ် လူနေရပ်ကွက်တခုမှာ အမျိုးသားတယောက်ရဲ့ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူ နှစ်ယောက်သေဆုံးခဲ့သလို ဇူလိုင်လအတွင်းကလည်း ဂွမ်ဒေါင်းပြည်နယ် မူလတန်းကျောင်းမှာ ဓါးထိုးမှုကြောင့် ကလေးသုံးယောက်အပါအဝင် လူခြောက်ယောက် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ရန်ကုန်မှာ တရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး တယောက်သေ၊ ၁၀ ယောက် ဒဏ်ရာ ရ
မေ ၁၉ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်မှာ... -
ယနေ့ ရွှေဈေး (မေ – ၁၉ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၁၃ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၄၀၀၀၀ ကျပ်ဝယ်ဈေး... -
ကိုရီးယားရောက် မြန်မာလုပ်သားတွေ ကျွမ်းကျင်လုပ်သား ဗီဇာပြောင်းလဲ လျှောက်ထားနိုင်
မေ ၁၉ – ၂၀၂၄SN (VOM)တောင်ကိုရီးယားနိုင်ငံကို E-9 Visa (လုပ်သားငှားရမ်းမှုစနစ်) နဲ့...