မူဆယ်မှာ ကျားဖြန့် ငွေလိမ် ကုမ္ပဏီတွေကို တွေကို ဝင်ဖမ်း

မေ ၈၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ ယမန်နေ့ မေလ ၇ ရက်နေ့ည ၁၀ နာရီကျော်ခန့်က ကျားဖြန့် ငွေလိမ် ကုမ္ပဏီတွေကို တွေကို မူဆယ် သက်ဆိုင်ဌာနက ရုတ်တရက် ပြန် ဝင်ဖမ်းလို့ ငွေလိမ် ကုမ္ပဏီမှာ အလုပ်လုပ်နေသူတွေ ဝရုန်းသုန်းကား ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ် ကြားဖြန့် တွေလိုက်ဖမ်းနေတာတဲ့။ နန်းတော်ပေါက်နား ပြေးနေကြတာ အများကြီးပဲ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကျားဖြန့် အွန်လိုင်း ငွေလိမ် ကုမ္ပဏီတွေကို ညအချိန်မှ ရုတ်တရက် ထပ်ပြီး လိုက်ဖမ်းနေတာဖြစ်ပြီး ကားတွေလည်း တဝီဝီ သွားနေသံကြားတယ်လို့ ဆိုပါတယ်။
“ကျားဖြန့်တွေ ဖမ်းနေတာ လူတွေကို ဖွေးနေတာပဲ။ ပြေး နေကြတာ ငယ်ငယ်လေးတွေ။ အကာင်လေးတွေ ကောင်မလေးတွေ အများကြီးပဲ။” လို့ မျက်မြင် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မူဆယ်မှာတော့ ကျားဖြန့် အွန်လိုင်း ငွေလိမ် ကုမ္ပဏီတွေဟာ ဖမ်းဆီနေချိန် ခဏတာ ပိတ်ထားကြပြီး တရက်၊ နှစ်ရက် ကြာရင် ပြန်ပြန် ဖွင့်တာ ကြသလို တချို့ကုမ္ပဏီတွေက ‌မြို့တွင်းထဲက နေအိမ်တွေ ငှားရမ်းပြီး နေရာ ရွှေ့ပြောင်းကာ ပြန်ဖွင့်ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကစ ၃၁ ရက်နေ့အထိ မူဆယ်က ငွေလိမ်လုပ်ငန်းတွေကိုတရုတ် နဲ့ မြန်မာ သက်ဆိုင်ရာ ဌာနက ပူးပေါင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား အမျိုးသား ၃၃၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၅၂ နဲ့ မြန်မာ နိုင်ငံသား ၄၈၆ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခဲ့တဲ့ အွန်လိုင်း‌ငွေလိမ်လည်မှုမှာ လျို့ဝှက်စွာ ငွေကြေး ထောက်ပံ့‌ပေးနေတဲ့ ခေါင်းဆောင် ၂၁ ဦး နဲ့ အွန်လိုင်းငွေလိမ်မှုမှာ ဆက်စပ် ပတ်သက်တယ်လို့ သံသယ ရှိသူ ၅၁ ဦး အပါအဝင် အွန်လိုင်းငွေလိမ် ကျူးလွန်မှု သံသယရှိသူ အယောက် ၈၀၇ ဦး ပါဝင်ပြီး တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖမ်းဆီး ခဲ့တယ်လို့ တရုတ်ဘက်က CCTV သတင်းမှာလည်း ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်ကစ တရုတ် – မြန်မာ နယ်စပ် တလျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ၂ နှစ်နိုင်ငံ ပူးပေါင်းဖြိုခွင်း နေတာ ဖြစ်ပါတယ်။ အွန်လိုင်း ငွေလိမ် ကျူးလွန် သံသယရှိသူ တရုတ်နိုင်ငံသား ၄၈,၀၀၀ ကိုလည်း လွှဲပြောင်းပေးခဲ့တာရှိပေမယ့် လက်ရှိ မူဆယ်နယ်စပ်မှာ‌တော့ အွန်လိုင်းငွေလိမ်လည်မှု‌ လုပ်ငန်းတွေ ရှိနေဆဲဖြစ်ပါတယ်။
Photo : လူမှုကွန်ရက်
ပုံစာ-မတ်လအတွင်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW