မြောက်ကိုရီးယား ကင်မိသားစုအဆက်ဆက် ဝါဒဖြန့်ခေါင်းဆောင်လုပ်ခဲ့သူ ကင်ကီနမ် ကွယ်လွန်



ပြုံးယမ်း၊ မေ-၈-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယား အာဏာရှင်တွေဖြစ်တဲ့ ကင်မိသားစုအဆက်ဆက် ဝါဒဖြန့်ခေါင်းဆောင်ဖြစ်ခဲ့သူ ကင်ကီနမ်ဟာ အသက် ၉၄ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက မေ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက ဆေးဝါးကုသမှုခံယူနေရတဲ့ ကင်ကီနမ်ဟာ အသက်အရွယ်ကြီးရင့်မှုနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းမှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

သူဟာ မြောက်ကိုရီးယား အာဏာရကင်မီသားစု အဆက်ဆက်မှာ ဝါဒဖြန့်ကြိုးပမ်းမှုတွေကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ မေ ၈ ရက်အစောပိုင်းက ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရအပေါ် အကြွင်းမဲ့သစ္စာစောင့်သိခဲ့တဲ့ စစ်ပြန်တော်လှန်းရေးသမား ကင်ကီနမ်ကို ဂုဏ်ပြုခဲ့ကြောင်း ကေစီအင်န်အေက ဖော်ပြထားပါတယ်။

တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနကတော့ သူ့ကို နာဇီဂျာမနီရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဂျိုးဇက်ဂိုးဘယ်လ်နဲ့ ခိုင်းနှိုင်းခဲ့ပြီး သူ့ရဲ့ဝါဒဖြန့်မှုတွေကြောင့် မကြခဏဆိုသလို လိမ်လည်လှည့်ဖြားမှုတွေက အမှန်တရားလိုဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

သူဟာ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူအဖြစ် ကျယ်ပြန့်စွာရှုမြင်ခံထားရတဲ့ ကင်အီဆွန်းရဲ့ သြဇာအာဏာကို ထူထောင်ဖို့ အစပျိုးမှုတွေကို ဦးဆောင်ခဲ့ပြီး ကင်ဂျုံအီရဲ့ ခေါင်းဆောင်မှုကိုလည်း ဆက်လက်ပံ့ပိုးပေးခဲ့ကာ ကင်ဂျုံအန်လက်ထက် ၂၀၁၀ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW