သူတို့အိမ် အခန်း (၂၅၀)

ဆူးငှက် အခုထိ ဒုက္ခမငြိမ်းသေးပါလား —————————— ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်လေး၏ တောင်ဘက် ကန်ကောက်ရပ်ကွက်မှာ လူနေအိမ်အချို့ကို ဖျက်သိမ်းသည့် သတင်းက ဂျာနယ်များတွင် ပါလာခဲ့သည်။ ထိုဂျာနယ်ကို ဦးတက်တိုးက ဖတ်ရသောအခါ အတော်စိုးရိမ်ပူပန်သွား၏ ထို့ကြောင့် ထိုဂျာနယ်တိုက်ကတဆင့် ကျွန်တော့် ဖုန်းနံပတ်ကို တောင်းသတဲ့။ ဂျာနယ်တိုက်က မန္တလေးရှိ ထွန်းဦးစာပေကို မေးပေးသတဲ့။ ထွန်းဦးစာပေက ဖုန်းနံပတ်ရလို့ ကျွန်တော့်ကို ချက်ချင်း ဆက်လိုက်တာပါဟု ဦးတက်တိုးက ပြောသည်။ သူက ကျွန်တော်တို့ ရပ်ကွက်မှတ်လို့ “ ဒီကောင်လေးလည်း အခုထိ ဒုက္ခမငြိမ်းသေးပါလား၊ ငါလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ” ဟု စိုးရိမ်တကြီးဖြစ်ကာ ဖုန်းနံပတ်ကို မရမကပြန်ရှာပြီး ကျွန်တော့်ထံ အကျိုးအကြောင်း မေးမြန်းသည်ဟု ဦးတက်တိုးက ပြောသည်။     ကျွန်တော်က ကျွန်တော်တို့ ရပ်ကွက်မဟုတ်ပါကြောင်း၊ တောင်ဘက်က ရပ်ကွက်ဖြစ်ပါကြောင်း၊…

Read More
✕
VOM News

FREE
VIEW