ပုဂံမှာ ဘုရားဖူးကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ငါးယောက်ဒဏ်ရာရ

 

မတ် -၁၁ -၂၀၂၄

GG (VOM)

ပုဂံယဥ်ကျေးမှုနယ်မြေမှာ ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ငါး ယောက် ထိခိုက်ဒဏ်ရာရရှိမှု ဒီနေ့မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးအမှတ်၅အရံမီးသတ်တပ်ဖွဲ့ကသိရပါတယ်။

ဖြစ်စဥ်မှာ မနက် ၁၁ နာရီလောက်က ဘုရားဖူး တွေလိုက်ပါလာတဲ့ ကားတစီးဟာ တုရင်တောင်စွယ်တော်မြတ်စေတီကို ဖူးမျှော်အပြီး ပြန်အဆင်းမှာ ဘရိတ်ပေါက်ပြီး အရှိန်များကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယာဥ်တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ ယာဥ်မောင်းအပါအဝင် ဘုရားဖူးခရီးသွားဧည့် ၁၃ ယောက်လိုက်ပါလာပြီး ဒီထဲကမှ အမျိုးသမီးလေးယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား တယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ ညောင်ဦးအမှတ်၅အရံမီးသတ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။

“ဘုရားဖူးတွေက ရန်ကုန်ကနေလာကြတာ၊ ညောင်ဦး ရောက်မှကားငှားပြိးလည်ကြတာ၊လည်တော့ တုရင်တောင်ကနေပြန်အဆင်းမှာ ယာဥ်ကကြံ့ခိုင်မှုအားနည်းတာရယ်နဲ့ ဘရိတ်ပေါက်ပြီးကားကမှောက်သွားတယ်၊ကားမှောက်တဲ့အခါမှာ ၄ ယောက်က ဒဏ်ရာမစိုးရိမ်ရဘူး။တယောက်ကစိုးရိမ်ရလို့မန္တလေးပို့ဖို့လုပ်နေတယ်၊ကားသမားကဘာမှမဖြစ်ဘူး။ ” လို့ သူက ပြောပါတယ် ။

အဆိုပါ ဘုရားဖူး ခရီးသွားဧည့်သည်တွေဟာ ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံမြို့နယ်ကနေ လာရောက်လည်ပတ်ကြသူတွေဖြစ်ပြီး စိုးရိမ်စရာ အခြေအနေ မရှိတဲ့ ဒဏ်ရာရသူတွေကိုတော့ ညောင်ဦးဆေးရုံမှာကုသပေးနေပြီး စိုးရိမ်ရတဲ့လူနာကိုတော့ ညောင်ဦး ဆေးရုံကမှတဆင့် မန္တလေးဆေးရုံကြီးကို လွှဲပြောင်း ပို့ဆောင်ပေးဖို့လုပ်နေတယ်လို့သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုကိုညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ ၊ အမှတ် ၅ အရန်မီးသတ်၊ ပုဂံ အခြေစိုက် Bagan Rescue အသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ လူနာတွေကို ညောင်ဦးဆေးရုံနဲ့ မန္တလေးဆေးရုံကြီးကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW