တောင်ကိုရီးယား ဆရာဝန်တွေ သပိတ်မှောက်အလုပ်ထွက်မှုကြောင့် စစ်ဆရာဝန်တွေ ကုသမှုပေးနေရ

 

ဆိုးလ်၊ မတ်-၁၁-၂၀၂၄

မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ရောက်ခွင့် အရေအတွက် တိုးမြှင့်မယ့် ကိစ္စအပေါ်ဆန့်ကျင်တဲ့ အလုပ်ထွက်သွားတာကြောင့် လူနာတွေကို ကုသဖို့အတွက် တောင်ကိုရီးယားအစိုးရဟာ စစ်ဆရာဝန်တွေကို ဆေးရုံတွေမှာ စတင်စေလွှတ်နေပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်တဲ့ ဆရာဝန်တွေရဲ့ သပိတ်ကြောင့် ဆေးရုံတွေမှာ လူနာကုသမှုတွေအပေါ် ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ထိ ဆေးရုံ ၁၀၀ ကျော်မှာရှိတဲ့ ဆန္ဒပြဆရာဝန် တသောင်းနှစ်ထောင်နီးပါးဟာ အစိုးရရဲ့ အမိန့်ကို ဖီဆန်ပြီး အလုပ်ထွက်ခဲ့ကြပါတယ်။

တောင်ကိုရီးယားအာဏာပိုင်တွေဟာ ဆန္ဒပြဆရာဝန်တွေရဲ့ ဆေးကုခွင့်လိုင်စင်တွေကို ဆိုင်းငံ့ထားကြောင်း အသိပေးစာထုတ်ပြန်ပြီး အလုပ်ပြန်ဆင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မရရှိခဲ့ပါဘူး။

လက်ရှိမှာတော့ လူနာတွေကို ကုသဖို့ ခွဲစိတ်ကျွမ်းကျင်တဲ့ စစ်ဆရာဆရာဝန် ၂၀ နဲ့အတူ ပြည်သူ့ကျန်းမာရေး ဆိုင်ရာဆရာဝန် ၁၃၈ ယောက်နဲ့ ဆေးရုံ တွေမှာ တလကြာ ကုသမှုတွေပေးမယ်လို့ တောင်ကိုရီးယားကျန်းမာရေးဝန်ကြီး ချိုကျိုဟောင်က ပြောပါတယ်။

ဒီလိုဖြန့်ကြက်မှုဟာ ကုသမှုတွေမှ အကူအညီပေးဖို့ တောင်းဆိုထားတဲ့ စစ်ဆရာဝန် ၂၄၀၀ ကျော်ထဲက အနည်းငယ်သာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW