မေတ္တာရပ်ခံစာလား အမိန့်လား

ကိုဗစ်ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်း ပြည်ထောင်စုအစိုးရနဲ့ ကျမ္မာရေးဝန်ကြီးဌာနအပါအဝင် တိုင်းနဲ့ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ ဒေသန္တရ အမိန့်စာတွေဟာ အမိန့်လား မေတ္တာရပ်ခံတာလား ၊ ပန်ကြားလွှာလား မကွဲသလို၊ အရေးယူမှုအားနည်းတာကြောင့် လူထုက သေသေချာချာမလိုက်နာကြဘဲ လေးစားမှုမရှိတာကိုတွေ့နေရပါတယ်။

တချို့ထုတ်ပြန်ချက်တွေဟာ သာမာန်လူတွေနားမလည်တဲ့ အသုံးအနှုန်းတွေနဲ့ရေးထားတာမို့ နာလည်အောင် အခေါက်ခေါက်ဖတ်လေ ပိုရှုတ်လေဖြစ်နေတာကိုတွေ့နေရတော့ လူထုကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှတ်တမ်းကို နိုင်ငံပိုင်သတင်းစာက ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီထဲမှာ နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး / ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး ၊ စေတီများအား နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့် ပြုနိုင်ရေး စသဖြင့် ဖေါ်ပြခဲ့ပါတယ်။

ဒီအစည်းအဝေးမှတ်တမ်းကြောင့် လူထုကြားမှာ အုံးအုံးကျွက်ကျွက်ဖြစ်ပြီး စတေးဟုမ်းနဲ့ လော့ဒေါင်းဆိုတာ မကွဲပြားသူတွေက ထိတ်လန့်ပြီး ဈေးတွေမှာ လိုတာထက်ပိုပြီး စုဆောင်းတဲ့အနေနဲ့ ဝယ်ကြသလို နောက်ဆုံး အကျဉ်းထောင်တွေထိဒီသတင်းပျံ့ပြီး ထောင်ဝင်စာပို့သူတွေ အုံနဲ့ကျင်းနဲ့ ဖြစ်ခဲ့ပါတယ်။ အဲဒီနားလည်မှုလွဲကြသူတွေကြောင့် လူစုပေးလိုက်သလိုဖြစ်ပြီး ရောဂါပိုးကူးစက်မယ့် အန္တရာယ်ကို လက်ယက်ခေါ်လိုက်သလိုဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် မန္တလေးတိုင်းအစိုးရက ၁၅ ရက်အိမ်ထဲမှာ လော့ဒေါင်းလိုနေရမယ်ဆိုတာ သတင်းမှားဖြစ်ကြောင်း လိုက်လံကြေညာရတဲ့ထိဖြစ်ခဲ့ပါတယ်။ ဒီကြေညာချက်မှာလည်း သို့လောသို့လောဖြစ်စရာတွေအပြည့်နဲ့ပါ။ ပြည်သူတွေအနေနဲ့ နိုဝင်ဘာ ၂၁ရက်ကနေ ဒီဇင်ဘာ ၅ရက်အထိ ၁၅ရက်တာအတွင်း ကိုယ့်အိမ်မှာကိုနေဖို့ပါသလို၊ ဈေးဝယ်ခြင်းအတွက် တအိမ်တဦးနဲ့ ကျန်မာရေးကိစ္စအတွက် အဖော်တဦးပါ စုစုပေါင်း ၂ဦးသာ သွားလာကြဖို့ဆိုပြီး ပြောထားပါတယ်။ မဖြစ်မနေ အပြင်သွားရာမှာ နှာခေါင်းစည်း(Mask) တွေ တပ်ဆင်ပြီးမှ သွားဖို့လည်း ထည့်အသိပေးထားပါတယ်။ ဒါပေမယ့် အခြားဒေသတွေကို ခရီးသွားခြင်းအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ ခရီးသွားထောက်ခံချက်တွေ လုံးဝထုတ်ပေးမှာ မဟုတ်ဘူးလို့ အသိပေးချက်မှာ ပါရှိပါတယ်။

ဒီအသိပေးထုတ်ပြန်ကြေညာချက်ကို သေချာမဖတ်ရင်တော့ နားရှုပ်စရာဖြစ်နိုင်ပါတယ်။ ပြည်ထောင်စု အစိုးရကထုတ်ပြန်တဲ့စာတွေမှာလည်း ပထမဆုံးထုတ်ပြန်တာတွေမဖတ်ဖူးရင် နောက်ထုတ်ပြန်တာတွေ နားလည်ဖို့ခက်ပါတယ်။ ဟိုရက်ကဟာကို ဒီရက်မှာပြန်သက်တမ်းတိုးတယ် အဲဒီအတိုင်းလိုက်နာကြပါဆိုတာကြောင့် လူထုကြား နားလည်သဘောပေါက်သူ စိတ်ဝင်စားသူနည်းပါတယ်။ အဲဒါမျိုးတွေကြောင့်လဲ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်ကြတာမှာ ဘယ်သူမှ ထိမ်းမနိုင်ခဲ့သလို ရွေးကောက်ပွဲပြီး အောင်ပွဲခံတော့လည်း သက်ပြင်းချပြီး လက်ပိုက်ကြည့်နေကြရပါတယ်။ ဒီအကျိုးဆက်တွေက ခုတော့ ကျမ္မာရေးဝန်ထမ်းတွေ၊ လူမှုရေးသမားတွေ ခြေကုန်လက်ပမ်းကျကုန်ကြရပြီး စိတ်ကုန်စရာကောင်းလောက်အောင် အခြေအနေဆိုက်ကုန်ပါတယ်။

ဒီလိုအခြေအနေတွေထိမ်းသိမ်းနိုင်ဖို့က တရားဥပဒေစိုးမိုးရေး အားကောင်းမှဖြစ်မှာပါ။ ဒါမှဥပဒေတွေ နည်းဥပဒေ အမိန့်တွေ အသက်ဝင်လာမှာမို့ လူထုအနေနဲ့ မဖြစ်မနေ လိုက်နာကြမှာဖြစ်ပါတယ်။

ကိုဗစ်နဲ့ဆိုင်တဲ့ အမိန့်တွေကို မလိုက်နာကြရင် ထိထိရောက်ရောက်အရေးယူဖို့လိုအပ်နေပါပြီ။ အမိန့်ကြေညာချက်တွေထုတ်ရင် လူအားလုံးနားလည်တဲ့ ရှင်းလင်းပြတ်သားတဲ့ အရေးအသားတွေနဲ့ အသိပေးဖို့လိုသလို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတာပါဖို့လိုပါမယ်။ အဲလို အမိန့်ထုတ်ပြီးပြီဆိုရင်လည်း နီနီ၊ စိမ်းစိမ်း၊ ပြာပြာ၊ ဝါဝါ မျက်နှာမလိုက်ဘဲ အရေးယူဆောင်ရွက်မှုတွေ လူသိထင်ရှားလုပ်ဆောင်ရင် လိုက်နာလာလိမ့်မယ်မျှော်လင့်ပါတယ်။

အခုလိုသာ အရေးယူမှုလျော့ရဲနေကြရင် လိုက်နာမှုအားနည်းရာကနေ ဥပဒေကို မလေးမစားလုပ်တဲ့ အဆင့်ထိ ရောက်သွားပြီး ကိုဗစ်ကပ်ဘေးက မှန်းထားတာတက် ကြာရှည်နိုင်ပြီး တိုင်းပြည်နလံထူဖို့ အခက်အခဲတွေ အများကြီးရှိနေဦးမှာဖြစ်ပါတယ်။

VOM (အယ်ဒီတာအဖွဲ့)
ဓါတ်ပုံ (MOHS)

zawgy

ေမတၱာရပ္ခံစာလား အမိန႔္လား

ကိုဗစ္ေရာဂါျဖစ္ၿပီးတဲ့ေနာက္ပိုင္း ျပည္ေထာင္စုအစိုးရနဲ႔ က်မၼာေရးဝန္ႀကီးဌာနအပါအဝင္ တိုင္းနဲ႔ျပည္နယ္အစိုးရက ထုတ္ျပန္တဲ့ ေဒသႏၲရ အမိန႔္စာေတြဟာ အမိန႔္လား ေမတၱာရပ္ခံတာလား ၊ ပန္ၾကားလႊာလား မကြဲသလို၊ အေရးယူမႈအားနည္းတာေၾကာင့္ လူထုက ေသေသခ်ာခ်ာမလိုက္နာၾကဘဲ ေလးစားမႈမရွိတာကိုေတြ႕ေနရပါတယ္။

တခ်ိဳ႕ထုတ္ျပန္ခ်က္ေတြဟာ သာမာန္လူေတြနားမလည္တဲ့ အသုံးအႏႈန္းေတြနဲ႔ေရးထားတာမို႔ နာလည္ေအာင္ အေခါက္ေခါက္ဖတ္ေလ ပိုရႈတ္ေလျဖစ္ေနတာကိုေတြ႕ေနရေတာ့ လူထုၾကားမွာ ေဝဖန္မႈေတြျမင့္တက္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၇ ရက္က ထုတ္ျပန္တဲ့ Coronavirus Disease 2019 (COVID – 19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးမွတ္တမ္းကို ႏိုင္ငံပိုင္သတင္းစာက ထည့္သြင္းေဖၚျပခဲ့ပါတယ္။ အဲဒီထဲမွာ ႏိုဝင္ဘာ ၂၁ ရက္ မွ ဒီဇင္ဘာ ၅ ရက္ေန႔အထိ ကာလအတြင္း ျပည္သူမ်ား ေနအိမ္တြင္ ေနထိုင္ရန္ ပန္ၾကားခ်က္အား ထုတ္ျပန္သြားေရးႏွင့္ အဆိုပါကာလအတြင္း ျပည္သူမ်ား အပန္းေျဖႏိုင္ရန္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ား ပိုမိုတိုးျမႇင့္ထုတ္လႊင့္ျပသႏိုင္ေရး၊ Stay at Home သတ္မွတ္ထားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားရွိ (A) အဆင့္သတ္မွတ္ျခင္းခံရေသာ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္မ်ားကို ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလကုန္တြင္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳႏိုင္ေရး၊ Stay at Home သတ္မွတ္ထားျခင္း မရွိေသာ တိုင္းေဒသႀကီး / ျပည္နယ္မ်ားမွ တန္ခိုးႀကီးဘုရား၊ ပုထိုး ၊ ေစတီမ်ားအား ေန႔စဥ္နံနက္တစ္ႀကိမ္၊ ေန႔လယ္တစ္ႀကိမ္ လူဦးေရ ကန႔္သတ္ခ်က္ျဖင့္ ဖူးေျမာ္ခြင့္ ျပဳႏိုင္ေရး စသျဖင့္ ေဖၚျပခဲ့ပါတယ္။

ဒီအစည္းအေဝးမွတ္တမ္းေၾကာင့္ လူထုၾကားမွာ အုံးအုံးကြၽက္ကြၽက္ျဖစ္ၿပီး စေတးဟုမ္းနဲ႔ ေလာ့ေဒါင္းဆိုတာ မကြဲျပားသူေတြက ထိတ္လန႔္ၿပီး ေဈးေတြမွာ လိုတာထက္ပိုၿပီး စုေဆာင္းတဲ့အေနနဲ႔ ဝယ္ၾကသလို ေနာက္ဆုံး အက်ဥ္းေထာင္ေတြထိဒီသတင္းပ်ံ႕ၿပီး ေထာင္ဝင္စာပို႔သူေတြ အုံနဲ႔က်င္းနဲ႔ ျဖစ္ခဲ့ပါတယ္။ အဲဒီနားလည္မႈလြဲၾကသူေတြေၾကာင့္ လူစုေပးလိုက္သလိုျဖစ္ၿပီး ေရာဂါပိုးကူးစက္မယ့္ အႏၲရာယ္ကို လက္ယက္ေခၚလိုက္သလိုျဖစ္ခဲ့ပါတယ္။

ဒီအေျခအေနေတြေၾကာင့္ မႏၲေလးတိုင္းအစိုးရက ၁၅ ရက္အိမ္ထဲမွာ ေလာ့ေဒါင္းလိုေနရမယ္ဆိုတာ သတင္းမွားျဖစ္ေၾကာင္း လိုက္လံေၾကညာရတဲ့ထိျဖစ္ခဲ့ပါတယ္။ ဒီေၾကညာခ်က္မွာလည္း သို႔ေလာသို႔ေလာျဖစ္စရာေတြအျပည့္နဲ႔ပါ။ ျပည္သူေတြအေနနဲ႔ ႏိုဝင္ဘာ ၂၁ရက္ကေန ဒီဇင္ဘာ ၅ရက္အထိ ၁၅ရက္တာအတြင္း ကိုယ့္အိမ္မွာကိုေနဖို႔ပါသလို၊ ေဈးဝယ္ျခင္းအတြက္ တအိမ္တဦးနဲ႔ က်န္မာေရးကိစၥအတြက္ အေဖာ္တဦးပါ စုစုေပါင္း ၂ဦးသာ သြားလာၾကဖို႔ဆိုၿပီး ေျပာထားပါတယ္။ မျဖစ္မေန အျပင္သြားရာမွာ ႏွာေခါင္းစည္း(Mask) ေတြ တပ္ဆင္ၿပီးမွ သြားဖို႔လည္း ထည့္အသိေပးထားပါတယ္။ ဒါေပမယ့္ အျခားေဒသေတြကို ခရီးသြားျခင္းအတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအေနနဲ႔ ခရီးသြားေထာက္ခံခ်က္ေတြ လုံးဝထုတ္ေပးမွာ မဟုတ္ဘူးလို႔ အသိေပးခ်က္မွာ ပါရွိပါတယ္။

ဒီအသိေပးထုတ္ျပန္ေၾကညာခ်က္ကို ေသခ်ာမဖတ္ရင္ေတာ့ နားရႈပ္စရာျဖစ္ႏိုင္ပါတယ္။ ျပည္ေထာင္စု အစိုးရကထုတ္ျပန္တဲ့စာေတြမွာလည္း ပထမဆုံးထုတ္ျပန္တာေတြမဖတ္ဖူးရင္ ေနာက္ထုတ္ျပန္တာေတြ နားလည္ဖို႔ခက္ပါတယ္။ ဟိုရက္ကဟာကို ဒီရက္မွာျပန္သက္တမ္းတိုးတယ္ အဲဒီအတိုင္းလိုက္နာၾကပါဆိုတာေၾကာင့္ လူထုၾကား နားလည္သေဘာေပါက္သူ စိတ္ဝင္စားသူနည္းပါတယ္။ အဲဒါမ်ိဳးေတြေၾကာင့္လဲ ေ႐ြးေကာက္ပြဲ အႀကိဳကာလ မဲဆြယ္ၾကတာမွာ ဘယ္သူမွ ထိမ္းမႏိုင္ခဲ့သလို ေ႐ြးေကာက္ပြဲၿပီး ေအာင္ပြဲခံေတာ့လည္း သက္ျပင္းခ်ၿပီး လက္ပိုက္ၾကည့္ေနၾကရပါတယ္။ ဒီအက်ိဳးဆက္ေတြက ခုေတာ့ က်မၼာေရးဝန္ထမ္းေတြ၊ လူမႈေရးသမားေတြ ေျခကုန္လက္ပမ္းက်ကုန္ၾကရၿပီး စိတ္ကုန္စရာေကာင္းေလာက္ေအာင္ အေျခအေနဆိုက္ကုန္ပါတယ္။

ဒီလိုအေျခအေနေတြထိမ္းသိမ္းႏိုင္ဖို႔က တရားဥပေဒစိုးမိုးေရး အားေကာင္းမွျဖစ္မွာပါ။ ဒါမွဥပေဒေတြ နည္းဥပေဒ အမိန႔္ေတြ အသက္ဝင္လာမွာမို႔ လူထုအေနနဲ႔ မျဖစ္မေန လိုက္နာၾကမွာျဖစ္ပါတယ္။

ကိုဗစ္နဲ႔ဆိုင္တဲ့ အမိန႔္ေတြကို မလိုက္နာၾကရင္ ထိထိေရာက္ေရာက္အေရးယူဖို႔လိုအပ္ေနပါၿပီ။ အမိန႔္ေၾကညာခ်က္ေတြထုတ္ရင္ လူအားလုံးနားလည္တဲ့ ရွင္းလင္းျပတ္သားတဲ့ အေရးအသားေတြနဲ႔ အသိေပးဖို႔လိုသလို မလိုက္နာရင္ ဘယ္လိုအေရးယူမယ္ဆိုတာပါဖို႔လိုပါမယ္။ အဲလို အမိန႔္ထုတ္ၿပီးၿပီဆိုရင္လည္း နီနီ၊ စိမ္းစိမ္း၊ ျပာျပာ၊ ဝါဝါ မ်က္ႏွာမလိုက္ဘဲ အေရးယူေဆာင္႐ြက္မႈေတြ လူသိထင္ရွားလုပ္ေဆာင္ရင္ လိုက္နာလာလိမ့္မယ္ေမွ်ာ္လင့္ပါတယ္။

အခုလိုသာ အေရးယူမႈေလ်ာ့ရဲေနၾကရင္ လိုက္နာမႈအားနည္းရာကေန ဥပေဒကို မေလးမစားလုပ္တဲ့ အဆင့္ထိ ေရာက္သြားၿပီး ကိုဗစ္ကပ္ေဘးက မွန္းထားတာတက္ ၾကာရွည္ႏိုင္ၿပီး တိုင္းျပည္နလံထူဖို႔ အခက္အခဲေတြ အမ်ားႀကီးရွိေနဦးမွာျဖစ္ပါတယ္။

VOM (အယ္ဒီတာအဖြဲ႕)
ဓါတ္ပုံ (MOHS)

 

Related posts

Leave a Comment

VOM News

FREE
VIEW