ဟုမ္မလင်းမြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဒု- ညွန်ကြားရေးမှူးချုပ် အလိုမရှိကြောင်း စာရွက်တွေကပ်ခံရ

နိုဝင်ဘာ ၃၀-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပညာရေးမှူးရုံးရှေ့ ဆိုင်းဘုတ်ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၉ရက် တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ် အလိုမရှိကြောင်း စာသားတွေပါဝင်တဲ့ စာတွေကပ်သွားတယ်လို့ ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” အဲ့ဒီ ကပ်ထားတဲ့စာတွေကို ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်အောင်က ည ၁၁ နာရီလောက်မှာ စတင်တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်တယ်” လို့ ဟုမ္မလင်းမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ဟုမ္မလင်းဒေသခံ ဦးကျော်လေးကလည်း ” ပညာရေးမှူးရုံး ဆိုင်းဘုတ်မှာ စာတွေကပ်ထားတယ်လို့ ညကကြားရတော့ သွားကြည့်တယ်၊ ကပ်ထားတဲ့ စာထဲမှာ အာဏာရူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရဲလင်းမြင့် အလိုမရှိ ၊ အထက်ဖား အောက်ဖိ ရဲလင်းမြင့် အလိုမရှိ ၊ လို့ ရေးထားတာ တွေ့ရတယ်”လို့ပြောပါတယ်။ မြို့နယ်…

Read More

တောင်ကြီးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

နိုဝင်ဘာ ၃၀-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်မှာရှိတဲ့ တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာရှိ နန်းဝတီအမျိုးသမီးဆောင်မှာ ကွာရန်တင်းဝင်နေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ (စုံစမ်းစဲ) အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု မနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအမျိုးသမီး ဘုရားဝတ်ပြုနေချိန် အမျိုးသားတစ်ဦးဝင်လာပြီး လည်ပင်းကို ဓားနဲ့ထောက်ကာ “မအော်နဲ့တိတ်တိတ်နေ” လို့ ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့ပြီး အော်မယ်ဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကာ အခန်းထဲကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးသန်းမင်းစိုးကတော့ “အမှုဖြစ်တာ မှန်ပါတယ်၊ အခု အမှုဖွင့်ထားပါတယ်၊ လောလောဆယ် စုံစမ်းဆဲမို့ ဘာမှတော့ အသေအချာမပြောနိုင်သေးပါဘူး”လို့ ပြောပါတယ်။ လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံရသူအမျိုးသမီးကို ဆေးရုံကိုပို့ဆောင်ထားပြီး အလိုမတူ အဓမ္မပြုကျင့်သွားတဲ့ အမျိုးသားကို တောင်ကြီးမြို့မရဲစခန်းမှာ (ပ)၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆…

Read More

မေတ္တာရပ်ခံစာလား အမိန့်လား

ကိုဗစ်ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်း ပြည်ထောင်စုအစိုးရနဲ့ ကျမ္မာရေးဝန်ကြီးဌာနအပါအဝင် တိုင်းနဲ့ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ ဒေသန္တရ အမိန့်စာတွေဟာ အမိန့်လား မေတ္တာရပ်ခံတာလား ၊ ပန်ကြားလွှာလား မကွဲသလို၊ အရေးယူမှုအားနည်းတာကြောင့် လူထုက သေသေချာချာမလိုက်နာကြဘဲ လေးစားမှုမရှိတာကိုတွေ့နေရပါတယ်။ တချို့ထုတ်ပြန်ချက်တွေဟာ သာမာန်လူတွေနားမလည်တဲ့ အသုံးအနှုန်းတွေနဲ့ရေးထားတာမို့ နာလည်အောင် အခေါက်ခေါက်ဖတ်လေ ပိုရှုတ်လေဖြစ်နေတာကိုတွေ့နေရတော့ လူထုကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှတ်တမ်းကို နိုင်ငံပိုင်သတင်းစာက ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီထဲမှာ နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး၊…

Read More

ဖေ့ဘုတ်စ်ကနေ ပိုက်ဆံ ၅၀၀၀ တန် မီးရှို့ဖျက်ဆီးပြခဲ့သူ နှစ်ဦးကို ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူမယ်

နိုဝင်ဘာ ၃၀-၂၀၂၀ သိင်္ဂီထွန်း(VOM) ဖေ့စ်ဘုတ်ကနေ တိုက်ရိုပ် (Live)လွှင့်ပြီး ပိုက်ဆံ ၅၀၀၀ တန်ကို မီးရှို့ဖျက်ဆီးပြခဲ့တဲ့ လင်မယား နှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “မီးရှို့ပြသူ ၂ ဦးကို စုံစမ်းဖော်ထုတ်ခဲ့ရာမှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနဲ့ သူရဲ့ဇနီးဖြစ်တာကိုသိရတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ-၁၀၃/၁၀၇ နဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗဟိုဘဏ်က တရားဝင်ထုတ်ထားတဲ့ ပိုက်ဆံကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း ဒါမှမဟုတ် အခြား တစ်နည်းနည်းနဲ့ ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရဘူးလို့ ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က)အရ တားမြစ်ချက်ထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကာ ငွေစက္ကူကိုမီးရှို့ပြခဲ့တာကြောင့် အခုလို အရေးယူဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာနေတဲ့ လင်မယား…

Read More

USDPပါတီက ဆရာ၊ဆရာမတွေကို မမှန်မကန်တရားစွဲဆိုထားတဲ့ကိစ္စတွေ MTFအဖွဲ့ကကူညီမယ်

နိုဝင်ဘာ ၃၀-၂၀၂၀ အေးချမ်းသူ(VOM) USDPပါတီကနေ တရားစွဲဆိုတာကို ခံထားရတဲ့ ဆရာ၊ ဆရာမတွေအတွက် ဥပဒေပညာ ရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)ကနေ သိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဆရာ/ဆရာမတွေကို မမှန်မကန် စွပ်စွဲ၊ တရားစွဲဆိုမှုတွေရှိတဲ့အတွက် တန်ပြန်တရားစွဲဆိုသွားနိုင်ဖို့ မိတ်ဖက်ညီနောင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အခိုင်အမာကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က VOMကိုပြောပါတယ်။ “ကျနော်တို့က ပြန်တရားမစွဲဘူး။ တရားစွဲခံရတဲ့ ဆရာ/ဆရာမတွေကို ကူညီပေးသွားမှာပါ။ မိတ်ဖက်အဖွဲ့အစည်းတွေ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးပေါ့၊ လက်ရှိအခြေအနေမှာ ပြည်ခိုင်ဖြိုးပါတီက တရားစွဲဆိုထားတဲ့အမှု ၁မှုပဲရှိပြီး တရားစွဲဆိုခံရသူက ပျော်ဘွယ်မြို့နယ်က ဆရာမကြီးဒေါ်ခင်မာရီဖြစ်တယ်”လို့ ဒေါက်တာဇော်မျိုးလှိုင်ကပြောပါ တယ်။ ပျော်ဘွယ်မြို့နယ်မှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်က ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၁ဖြင့် တရားစွဲဆိုထားတာဖြစ်တယ်လို့ တရားစွဲဆိုခံရသူ ပျော်ဘွယ်မြို့နယ်၊…

Read More

တောင်ကြီး မြို့မဈေးကြီးကို ဒီကနေ့ညနေကစပြီးပိတ်မယ်

နိုဝင်ဘာ ၃၀-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ မြို့မဈေးကြီးမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းကစပြီး ပိတ်မယ်လို့သိရပါတယ်။ “ဈေးကြီးကို ဒီနေ့ညနေ ၃နာရီက စပိတ်တော့မှာ၊ ဘယ်နေ့ပြန်ဖွင့်မလဲတော့ မသိသေးဘူး၊ ကိုဗစ်လူနာတွေ့လို့ပါ”လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။ မြို့မဈေး အပိုင်း (၄) K ရုံမှာ ဒီကနေ့မနက်က ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တစ်ဦးတွေ့ခဲ့တဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ဖို့ မြို့မဈေးကြီးကို ယာယီပိတ်သွားမှာဖြစ်ပြီး ဈေးပြန်ဖွင့်မယ့် နေ့ရက်ကိုတော့ ပြန်လည်ကြေညာပေးသွားမယ်လို့သိရပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ အမျိုးသမီးဟာ ခရီးသွားရာဇဝင်မရှိဘဲ နိုဝင်ဘာလ ၂၉ ရက်နေ့ က အနံ့ပျောက်သွားတာကြောင့် အထက (၅) Quarantine center မှာ Quarantine ဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီအမျိုးသမီးဟာ တောင်ကြီးမြို့မဈေးရှိ အထည်ဆိုင်အချို့၊ ဖိနပ်ဆိုင်အချို့နဲ့ ဈေးဆိုင်များကိုလည်း သွားလာခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးမြို့ကိုတော့…

Read More

ပြည်နယ်ပြည်မက ဒေသခံတွေ တက်လာမယ့်အစိုးရသစ်အပေါ် မျှော်လင့်ချက်

နိုဝင်ဘာ ၃၁-၂၀၂၀ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူတွေရဲ့တခဲနက် ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ ၈၃ ရာခိုင်းနှုန်းကျော်နဲ့ အနိုင်ရခဲ့ပါပြီ။ ကိုဗစ်ရောဂါ အန္တရာယ်ကြားက အပင်ပန်းခံပြီး လက်သန်းမင်စွန်းတာကို ဂုဏ်ယူစွာမဲပေးခဲ့သူတွေ NLD ရဲ့ အောင်ပွဲကိုကျေနပ်ကြသလား အနိုင်ရလို့အစိုးရဖြစ်လာတော့မယ့် အစိုးရအသစ်ကို သူတို့ဘာတွေမျှော်လင့်နေကြသလဲဆိုတာ VOM ရဲ့ ကချင်ပြည်နယ်သတင်းထောက် ကိုရန်အောင်ထွန်း၊ ရခိုင်ပြည်နယ်က သတင်းထောက် ကိုထက်အောင်စိုင်းနဲ့ မန္တလေးက ကိုရှိုင်းအောင်တို့ကနေ ပြည်သူတွေရဲ့ ဆန္ဒတွေကို မေးမြန်းရိုက်ကူးထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ပြည်သူတွေရဲ့မျှော်လင့်ချက zawgyi   ပြည်နယ်ပြည်မက ဒေသခံတွေ တက်လာမယ့်အစိုးရသစ်အပေါ် မျှော်လင့်ချက် နိုဝင်ဘာ ၃၁-၂၀၂၀ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူတွေရဲ့တခဲနက် ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ ၈၃ ရာခိုင်းနှုန်းကျော်နဲ့ အနိုင်ရခဲ့ပါပြီ။…

Read More

အနော်ရထာ မြစ်ကူးတံတာပေါ်ကနေ အမျိုးသမီး ၁ ယောက်ခုန်ချ သေဆုံး

နိုဝင်ဘာ ၃၀-၂၀၂၀ ကိုတိုးကြီး (VOM) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နဲ့  ချောက်မြို့အကြား တည်ဆောက်ထားတဲ့ အနော်ရထာ အမည်ရှိ ဧရာဝတီ မြစ်ကူးတံတားပေါ်ကနေ ဒီကနေ့မနက် ၉ နာရီကျော်အချိန်က အမျိုးသမီးတစ်ယောက် ခုန်ချသွားတယ်လို့ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ” တံတားအမှတ် P6 နဲ့ P7 အကြားနေရာကနေ ခုန်ချသွားတာဖြစ်တယ်။ မီးသတ်အဖွဲ့က Assault Boat ၁ စီးနဲ့ ရေလုပ်သားတွေရဲ့ စက်လှေ ၁ စီး လူအင်အား ၅၀ ဝန်ကျင်နဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်တယ်၊ ၁၀ နာရီနဲ့ ၁၁ နာရီ အကြားမှာ အဲ့ဒီ အမျိုးသမီးကို သေဆုံးလျက် ကယ်တင်နိုင်ခဲ့တယ်”လို့ ဆိတ်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးဦးစီးဌာနမှ မီးသတ်ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ဆိပ်ဖြူမြို့မရဲစခန်းမှာ တာဝန်မှူး တာဝန်ထမ်းနေတဲ့ ရဲအရာရှိတစ်ယောက်ကလည်း ” DB…

Read More

ရွှေသံလွင်တိုးဂိတ်မှာ ၁၂ ဘီးယာဉ်နဲ့သယ်‌ေ‌ဆာင်လာတဲ့ WYဆေးပြား ၉သိန်း ၇သောင်း ကျော်ဖမ်းမိ

နိုဝင်ဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်မှာ မနေ့နိုဝင်ဘာ ၂၉ရက် နေ့လယ်ပိုင်းက ၁၂ ဘီးယာဉ်နဲ့ သယ်ဆောင်လာတဲ့ WY အမှတ်အသားပါ မူးယစ်စိတ်ကြွဆေးပြား ကိုးသိန်းခုနှစ်သောင်းကျော်နဲ့ ဆက်စပ် တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲ ခူးမြို့နယ် အမှတ်-၃၆ မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။ ” ကန်တာ ၁၂ ဘီးယာဉ်နဲ့သယ်ဆောင်ခဲ့တဲ့ စိတ်ကြွဆေးပြား ကိုးသိန်းကျော်ဖမ်းမိတာပါ။ဒရိုင်ဘာအပြင် ဦးဆောင်သူနှစ်ဦးကိုလည်း စစ်တောင်းတံတားဂိတ်မှာ အိမ်စီးကားတစ်စင်းနဲ့ ဖမ်းမိခဲ့တယ်”လို့ ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။ ပဲခူးမြို့နယ် အမှတ်-၃၆ မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူတွေ ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူး‌ပေါင်းအဖွဲ့ဟာ သတင်းအရ ကြိုတင်စောင့်ဆိုင်းနေချိန် ဘုရားကြီးမြို့ကနေ ဝေါမြို့ဘက်ကို နေအောင်(၃၄ နှစ်)ဆိုသူမောင်းနှင်လာတဲ့ ဖြူပြာစပ်ကြားရောင်(၁၂)ဘီးယာဉ်ကိုစစ်ဆေးရာကနေ ယာဉ်ခေါင်းခန်းနဲ့‌ နောက်ကိုယ်ထည်ကြား ရေတိုင်ကီအပေါ်ကပ်ခြံအတွင်း ပီနံအိတ်(၅)အိတ်နဲ့ ‌ထည့်သွင်း သယ်ဆောင်လာတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ၉၇၅ဝဝဝပြား၊ အလေးချိန်စုစုပေါင်း(…

Read More

တောင်ကြီးမှာ stay at home ကြေညာထားပေမယ့် အဝေရာမီးပုံးပျံကွင်းထဲမှာ လာရောက် အပန်းဖြေသူတွေ ပိုများလာ

နိုဝင်ဘာ ၂၉-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ ကိုဗစ်လူနာတွေတိုးလာတောကြောင့် Stay at Home ကြေညာထားပေမယ့် တန်ဆောင်တိုင်မီးပုံပျံပွဲကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ အဝေရာမီးပုံးပျံကွင်းမှာတော့ ညနေခင်းရောက်တိုင် စွန်လွှတ်ကြသူတွေနဲ့ အပန်းလာဖြေကြသူတွေ အခုရက်ပိုင်းမှာပိုများလာပါတယ်။ “အရင်တုန်းက အဲ့ဒီလို စွန်လာလွှတ်ကြတာတွေမရှိဘူး၊ ဒီကိုဗစ်ကာလမှာမှ စလာကြတာ၊ ကွင်းထဲမှာ အားကစားလုပ်ဖို့ဆိုပြီး ဘတ်စကတ်ဘောကွင်းတွေ ဘောလုံးကွင်းတွေ လုပ်ပေးလိုက်တည်းက လူတွေလာကြတော့တာပဲ၊ စွန်လွှတ်တာကလည်း အရမ်းများတော့ စွန်ကြိုးရှတာတွေလည်းဖြစ်တယ်၊ ကွင်းထဲမှာလည်း ညနေတိုင်း လူအများကြီးပဲ၊ ဒီကျောက်တလုံးလမ်းကြီးလည်း အရင်ကထက် ကားရှုပ်၊ ဆိုင်ကယ်ရှုပ်နဲ့ လူတွေက မက်စ်တွေလည်း မတပ်ထားကြဘူး၊ ဒီနေ့ဆို ရဲကားနဲ့တော့ လိုက်အော်နေတာတော့ တွေ့တယ်၊ လူကတော့ မြင်တဲ့အတိုင်း အပြည့်ပဲ”လို့ ” လို့ အဝေရာကွင်းအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ တောင်ကြီးမြို့မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ဒေသတွင်းကိုဗစ်ကူးစက်မှုစတင်တွေ့ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ…

Read More
VOM News

FREE
VIEW