လက်ပံတောင်း ဖြိုခွင်းခံရမှု(၈) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆန္ဒထုတ်ဖော်

နိုဝင်ဘာ ၂၉-၂၀၂၀ အေးချမ်းသူ(VOM) စစ်ကိုင်တိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ဦးပိုင်ဝမ်ပေါင်ကုမ္မဏီနဲ့ လက်ပံတောင်းဒေသခံတွေ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့က မြေယာအငြင်းပွားမှုဖြစ်ခဲ့ရာ အစိုးရကနေ အကြမ်းဖက်နည်းသုံးပြီး ဖြိုခွင်းခဲ့တာ ၈နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ သံဃာတော် ၂ပါးနဲ့ ဝန်းရံသူဆယ်ဦးတို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင်ဖြိုခွင်းခံရမှုမှာ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ ဆရာတော်ဦးဝဏ္ဍသီဒွီက “လက်ပံတောင်းမှာဆရာတော်၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ဖြိုခွင်းခဲ့သူတွေကို အစိုးရအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုနဲ့တောင်းပန်ခိုင်းသင့်တယ်။ ဒီလိုဖြစ်ရပ်မျိုးကို ပြည်သူတွေသိအောင် အခုလို ဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ မိန့်ကြားပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ ဆရာတော်ဦးဓမ္မသာရကလည်း ” ဦးသိန်းစိန်အစိုးရလက်ထက်မှာ လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းတဲ့အခါ အကြမ်းဖက်နည်းကိုသုံးပြီး ဖြေရှင်းခဲ့တဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ တောင်းပန်ခြင်းမရှိတာကို ပြည်သူအမှတ်ရစေချင်တယ်”လို့ မိန့်ကြားပါတယ်။ လက်ပံတောင်းအရေးတွင် ပါဝင်လှုပ်ရှားခဲ့သူ ဦးအောင်စိုးကလည်း “ဒီဖြစ်ရပ်ကိုပြန်ပြောနေရတာ အစိုးရအဆက်ဆက်က တာဝန်ယူမှု၊တာဝန်ခံမှုမရှိလို့၊ ၈၈အရေးအခင်းလို စစ်တပ်ကပြည်သူတွေကိုပစ်တာ၊ ရွှေဝါရောင်အရေးအခင်း…

Read More

နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး အမြန်လမ်းပေါ်ကို ၁၂ ဘီးယာဉ်နှင့်အထက် ကုန်တင်ယာဉ်မောင်းခွင့် ရပ်ဆိုင်းမယ်

နိုဝင်ဘာ၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) Covid-19 ကာလ အောက်တိုဘာ ၆ရက်က စတင်ပြီး ယာယီ အစီအစဉ်နဲ့ သွားလာခွင့်ပြုခဲ့တဲ့ ၁၂ ဘီးယာဉ်နဲ့အထက်ကုန်တင်ယာဉ်တွေကို မနက်ဖြန်( နိုဝင်ဘာ ၃၀ ရက်)ည ၁၂နာရီကစတင်ပြီး မောင်းနင်ခွင့်ရပ်ဆိုင်းလိုက်တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ” လမ်းကတော့ ပျက်ဆီးမ‌ှုနည်းနည်းပိုသွားတယ်။ ဒါပေမယ့် ယာယီအစီအစဉ်က နှစ်လထဲသတ်မှတ်ထားလို့ပြန်ရပ်တာပါ။ တယ်လီမက်တစ်စနစ်နဲ့သွားနေတဲ့ ၁၂ ဘီးအောက်က ခွင့်ပြုပါတယ်”လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ တာ ဝန်ခံအင်ဂျင်နီယာမှူး ဦးကျော်မိုးဦးက ပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်ကစတင်ကာ ကုန်တင်ယာဉ်တွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုအသုံးပြုခွင့် မရှိတော့ဘဲ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ သွားလာရမှာဖြစ်ပြီး လိုက်နာမှု မရှိပါက အမြန်လမ်းမကြီးများဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ကိုဗစ်ကာလမှာ နှစ်လနီးပါး ရောဂါကင်းစင်ကြောင်း ထောက်ခံစာရှိထားတဲ့ ကုန်တင်ကားကြီး မောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို သတ်မှတ်စည်းကမ်းအတိုင်း…

Read More

ဆန္ဒပြလယ်သမားတွေနဲ့ ဆွေးနွေးဖို့ အိန္ဒိယအစိုးရ ကမ်းလှမ်း

ဒေလီ၊ နိုဝင်ဘာ-၂၉-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့စိုက်ပျိုးရေးကဏ္ဍကို ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့ ဥပဒေသစ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းရေးအတွက် လာမယ့်သီတင်းပတ်မှာ ဆွေးနွေးဖို့ ဆန္ဒပြလယ်သမား သမဂ္ဂခေါင်းဆောင်တွေကို အိန္ဒိယအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။ ဆန္ဒပြလယ်သမားတွေဟာ ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ ဟာရီယာနာပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေလီနယ်စပ်ကို နိုဝင်ဘာ ၂၈ ရက်မှာ ရောက်ရှိလာပြီး မြို့တော်ကိုဝင်ရောက်နိုင်တဲ့ အဓိကမြောက်ပိုင်း အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်ကြပါတယ်။ ဆန္ဒပြလယ်သမားတွေဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြပြီး လယ်သမားသမဂ္ဂတွေရဲ့အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်အလံတွေကို ဝှေ့ယမ်းဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့အတွက် အိန္ဒိယအစိုးရဟာ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ရာပေါင်းများစွာကို ဖြန့်ကြက်ထားပါတယ်။ လယ်သမားတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အိန္ဒိယအစိုးရက အသင့်ရှိနေကြောင်း ၊ ဆွေးနွေးဖို့အတွက် လယ်သမားကိုယ်စားလှယ်တွေကို ဒီဇင်ဘာ ၃ ရက်မှာ ဖိတ်ကြားတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာက နိုဝင်ဘာ…

Read More

အသက် ၆နှစ်အရွယ်မိန်းကလေးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

နိုဝင်ဘာ၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ လက်ပံတန်းမြို့ နယ်၊ သာရဝေါမြို့၊ ပျဉ်းကတိုးကုန်းအုပ်စု၊ ဦးတိုကျေးရွာက အသက် ၆ နှစ်ရွယ် မိန်းကလေးကို နိုဝင်ဘာလ၂၇ ရက်နေ့ညနေပိုင်းက အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး နားကပ်ချွတ်ယူသွားသူကို အခင်းဖြစ်ပြီးနောက်တစ်နေ့မှာပဲ ပြန်လည်ဖမ်းဆီးရ မိခဲ့တယ်လို့ သာရဝေါနယ်မြေရဲစခန်းက ပြောပါတယ်။ ” ကလေးမလေးကို ပုဆိုးဖြဲပြီး ခြေနဲ့ပါးစပ်တွေကို တုပ်နှောင် မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့တာပါ။ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနေပြီး ပြစ်မှုကျူးလွန်သူကို အလောင်းတွေ့ပြီး သိပ်မကြာခင် ဥတိုနေအိမ်ကပဲ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်”လို့ သာရဝေါနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။ နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက အသက် ၆နှစ်အရွယ် မိန်းကလေးဟာ အိမ်အနီးရှိ အိမ်နီးနားချင်းကလေးတွေနဲ့ဆော့ကစားနေချိန် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပြီးနောက်တစ်နေ့ နိုဝင်ဘာ ၂၈ရက်နေ့ မနက်ပိုင်းမှာ ခြံအလွတ်တစ်ခုကခြုံထဲမှာ သေဆုံးလျက်အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်တွေ့ရှိချိန်မှာတော့ နားမှာပန်ထားတဲ့ ရွှေနှားကပ်တစ်ရံလည်း ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။…

Read More

စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ငါးဖမ်းရာက ကျေးရွာ ၄ ရွာ သောက်သုံးရေညစ်ညမ်းမှုဖြစ်ပေါ်

နိုဝင်ဘာ ၂၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာရှိတဲ့ အမှတ် (၄) စီမံကိန်းတူးမြောင်းကို အင်းသားကြီးတွေက ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့အတွက် ရွာ ၄ ရွာမှာသောက်သုံးရေတွေ ညစ်ညမ်းနေရတယ်လို့ ဝါးခယ်မမြို့နယ်၊ ကျုံပဒုတ်ကျေးရွာမှ ရပ်မိ ရပ်ဖ ဦးဇော်ဇော်သန်းက ပြောပါတယ်။ “အမှတ် ၄ တူးမြောင်းကို ဝါဆိုလကတည်းက ပိတ်လိုက်တာဖြစ်ပါတယ်၊ ဒီလိုပိတ်လိုက်တော့ ရေစီးရေလာ မကောင်းတော့ပါဘူး။ တူးမြောင်းကို အင်းသားကြီးက ယင်းတွေနဲ့ ပိတ်လိုက်တဲ့အတွက် ရေစီးရေလာ မကောင်းတော့ဘဲ တူမြောင်းတစ်လျှောက် ပြည်သူတွေမှာ ဒုက္ခတွေ့နေပါတယ်၊ ရေတွေပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ရွာသူ ရွာသားတွေလည်း ဒုက္ခတွေ့နေရပါတယ်”လို့ ကျုံပဒုတ်ကျေးရွာမှ ရပ်မိရပ်ဖ ဦးဇော်ဇော်သန်းက ပြောပါတယ်။ ဝါးခယ်မမြို့နယ် အမှတ် ၄ စီမံကိန်း တူးမြောင်း တစ်လျှောက်မှာ ကျုံပဒုတ်ချောင်းဝ၊ မနန်းတုတ်၊ အိုင်ကြီးနဲ့ အဒွန်း…

Read More

မူဆယ်မှာ ၅ ရက်အတွင်း အသံမိုင်း ၂ကြိမ်ခွဲခံရ

နိုဝင်ဘာ ၂၉-၂၀၂၀ Voice of Myanmar တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ်   နယ်မြေ ၅  ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးလွေလွင်ရဲ့ နေအိမ်မှာ ဒီကနေ့  နိုဝင်ဘာလ ၂၉ ရက် မနက် ၆ နာရီခွဲအချိန်ခန့်က အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။ အသံမိုင်းပေါက်ကွဲခဲ့တဲ့နေရာကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်စစ်ဆေးချက်အရ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းနေအိမ် ခြံဝန်းအတွင်းကို လူတစ်ဦးက အထုပ်တစ်ထုပ်ပစ်သွင်း ဖေါက်ခွဲတာဖြစ်ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူဆယ်မြို့မစခန်းရဲ့ စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦးကိုမေးကြည့်တော့ “ဖြစ်စဉ်မှန်ပါတယ်၊ ကျနော်တို့ စစ်ဆေးနေဆဲဖြစ်လို့ အသေးစိတ်မဖြေနိုင်သေးတာ နားလည်ပေးပါ နောက်မှထပ်ဆက်ပါလို့” ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့်  အလျား ၁၇ ပေ အနံ ၁၄ ပေခန့်  လုံခြုံရေးအစောင့်အဆောက်အဦး အပေါ်မျက်နှာကျက်မှာ ပျက်စီးခဲ့ပြီး   ၂ ပေပတ်လည် တွင်းအနက် ၁ လက်မခန့်…

Read More

ရခိုင်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နယ်မြေတွေကိစ္စ ဂျပန်သံအမတ်ဘာပြောလဲ

နိုဝင်ဘာ ၂၉-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေသို့ ရောက်ရှိခဲ့တဲ့ ဂျပန်သံအမတ်ကြီး Mr. Ichrio Maruyama နဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ယိုဟေးဆာဆာကာဝါနဲ့အဖွဲ့ဟာ ရခိုင်အမျိုးသားပါတီနဲ့ မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး လိုအပ်တဲ့အကူအညီတွေရှိရင် ဂျပန်အစိုးရအနေနဲ့ အပြည့်အဝကူအညီပေးဖို့ ကြိုးစားနေကြောင်းနဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေး ဒီမိုကရေစီဖြစ်အောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကူအညီပေးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သံအမတ်ကြီး Mr. Ichrio Maruyama က ပြောပါတယ်။ ဂျပန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တို့ကို…

Read More

မိထ္ထီလာမှာ ၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူတွေက ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၂၈-၂၀၂၀ ဂျန်ကိုးလ်-(VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဈေးရှေ့ရပ်၊ မြောက်ကန်ဘောင်ထိပ်မှာ ဒီကနေ့မနက်၉နာရီက ၂၀၂၀ ရွေးကောက်ပွဲကို မကျေနပ်ချက်တဲ့သူတွေက လူဦးရေ၂၉ဦးနဲ့ငြိမ်းစုစီတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”ဦးဆောင်သူအဖြစ်စာတင်တာက ကိုဇေယျာဟိန်းပါ၊ ကျနော်ကစပီကာပေါ့၊ ဘယ်မှစီတန်းလှည့်တာမရှိဘူး၊ အဲ့ဒီနေရာမှာပဲ မနက်၈နာရီမှာစပြီးပြင်ဆင်တယ်၊ ၉နာရီမှာဟောတယ်။ အဓိကတော့ မဲစာရင်းထပ်တိုးလုပ်တာတွေတွေ့တာ၊ မဲပုံးတွေကို မဲရုံကိုရောက်အောင်မပို့ဘဲနဲ့ မဲမရေဖြစ်တာမျိုးတွေ၊ အသက်၁၈နှစ်အောက် မဲပေးတာတွေ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်း ၁၉၀၀၀ ကျော်လောက် တိုးနေတာတွေ၊ နာမည်တူ အဖေတူ လိပ်စာတူပြီးတော့မှ မှတ်ပုံတင်တူပြီး မဲပေးတဲ့ ၇၀၀၀ကျော်ရှိတာတွေအပေါ်မှာ အခြေခံပြီးတော့မှ ဆန္ဒပြတာပါ”လို့ ဟောပြောခဲ့သူဦးမြသွင်ကပြောပါတယ်။ ဆန္ဒပြပွဲမှာ ၃ပေ၄ပေအရွယ်ရှိတဲ့ ဗီနိုင်းမှာ ဥပဒေနဲ့မညီသောရွေးကောက်ပွဲရလာဒ်အလိုမရှိ ကြိုတင်မဲများစစ်ဆေးပေးရေး ဒို့အရေး၊ မဲဆန္ဒရှင်များစစ်ဆေးပေးရေး ဒို့အရေး၊ စစ်ဆေးဆောင်ရွက်ချက်များအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး စတဲ့အချက်တွေပါဝင်တဲ့ဗီနိုင်းတွေကိုင်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မိထ္ထီလာ #၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူ #ဆန္ဒထုတ်ဖော်

Read More

ကိုယ်ပိုင်အိမ်နဲ့ နေချင်လို့ ဝယ်နေရာက လက်မဲ့ဖြစ်ရတော့မယ့် ဘဝများ

မန္တလေး-နိုဝင်ဘာ ၂၈-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ အနီးက ကျွဲနဖားကျေးရွာနဲ့ မြန်ပြည်ကျေးရွာဟာ  (၁၂၁) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းကပိုင်တဲ့မြေပေါ်မှာ တည်ထားလို့ဆိုပြီး စစ်တပ်နဲ့ အဲဒီရွာမှာနေသူတွေ ပဋိပက္ခဖြစ်ပွားနေပါတယ်။ ( ၁၂၁) တပ်ကလည်း နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာဆိုပြီး ခြံစည်းရိုးခတ်ခဲ့တဲ့အတွက်ကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က ၁၂၁ တပ်ရင်းနဲ့  အဲဒီရွာမှာ နေသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်စု ၁၇၃ အုပ်စုကို တပ်ပိုင်မြေအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှု ပုဒ်မ ၄၄၇ နဲ့  ၂၀၁၅ ခုနှစ်ကတည်းက ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းမှာ မာဘယ်ကျောက်ပြားစက်ရုံ(ဦးပိုင်) ဒုစက်ရုံမှူး(ယခင်) ဦးခင်မောင်ဦး က ၂၀၁၇ မှာ တရားလိုပြုလုပ်ကာ တိုင်တန်းထားတာဖြစ်ပါတယ်။ ပြင်စာရဲစခန်းမှာ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်နေထိုင်မှုနဲ့  တိုင်တန်းခဲ့ပေမယ့် အမှုတိုင်တန်းစာကတော့ ၂၀၂၀ နိုဝင်ဘာ ၁၁ရက်နေ့မှ ပြင်ဦးလွင်ခရိုင်တရားရုံးကို စွဲချက်တင်ခဲ့တာဖြစ်တယ်လို့…

Read More

လူ ၃၀ သာရှိတဲ့ ဦးမောင်ရုံးဘိုးဘွားရိပ်သာမှာ၂၇ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၂၈-၂၀၂၀ အေးချမ်းသူ(VOM) ဥက္ကံမြို့မှာ လူဦးရေ ၃၀ သာ ရှိတဲ့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၇ဦး အထိရှိပြီး ရန်ကုန်တိုင်းနဲ့ ချိတ်ဆက်ကာ လိုအပ်တဲ့ကိစ္စတွေကို ကူညီပေးနေတယ်လို့ ဥက္ကံမြို့ရှိမေတ္တာရေစင်လူနာတင်ယာဉ်အသင်းမှ ဦးညိုပြာက ပြောပါတယ်။ ဦးမောင်ရုံးဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအားအနံ့ပျောက်နေတဲ့အတွက် မနေ့ နိုဝင်ဘာ ၂၇ရက်နေ့က စစ်ဆေးရာ ဒု-ရိပ်သာမှူး တစ်ဦး၊ အဘိုးအဘွား ၉ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဥက္ကံမြို့နယ် COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇာနည်ကပြောပါတယ်။ “ဒီနေ့ မနက်ထပ်စစ်တယ်ဗျ ၁၇ဦးထပ်တွေ့တယ်၊ လော့ခ်ဒေါင်းချထားတယ်၊ ရန်ကုန်ကိုပို့မှာပါ အကုန်လုံးကို”လို့ ဦးဇာနည်ကပြောပါတယ်။ မြို့နယ်COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီက ဒီကနေ့မနက်ပိုင်းမှာ RDT Tast Kitနဲ့ စစ်ဆေးခဲ့ရာ အဖိုး(၈)ဦး၊ အဖွား(၉)ဦး စုစုပေါင်း(၁၇)ဦးမှာပါ ကိုဗစ်ရောဂါ (Positive)ဖြစ်ပြီး အဖွား(၁)ဦးနဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦးသာ ရောဂါကူးစက်ခံရမှုမ‌တွေ့ရှိ(Negative)ဘူးလို့…

Read More
VOM News

FREE
VIEW