မိထ္ထီလာမှာ ၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူတွေက ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၂၈-၂၀၂၀
ဂျန်ကိုးလ်-(VOM)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဈေးရှေ့ရပ်၊ မြောက်ကန်ဘောင်ထိပ်မှာ ဒီကနေ့မနက်၉နာရီက ၂၀၂၀ ရွေးကောက်ပွဲကို မကျေနပ်ချက်တဲ့သူတွေက လူဦးရေ၂၉ဦးနဲ့ငြိမ်းစုစီတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”ဦးဆောင်သူအဖြစ်စာတင်တာက ကိုဇေယျာဟိန်းပါ၊ ကျနော်ကစပီကာပေါ့၊ ဘယ်မှစီတန်းလှည့်တာမရှိဘူး၊ အဲ့ဒီနေရာမှာပဲ မနက်၈နာရီမှာစပြီးပြင်ဆင်တယ်၊ ၉နာရီမှာဟောတယ်။
အဓိကတော့ မဲစာရင်းထပ်တိုးလုပ်တာတွေတွေ့တာ၊ မဲပုံးတွေကို မဲရုံကိုရောက်အောင်မပို့ဘဲနဲ့ မဲမရေဖြစ်တာမျိုးတွေ၊ အသက်၁၈နှစ်အောက် မဲပေးတာတွေ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်း ၁၉၀၀၀ ကျော်လောက် တိုးနေတာတွေ၊ နာမည်တူ အဖေတူ လိပ်စာတူပြီးတော့မှ မှတ်ပုံတင်တူပြီး မဲပေးတဲ့ ၇၀၀၀ကျော်ရှိတာတွေအပေါ်မှာ အခြေခံပြီးတော့မှ ဆန္ဒပြတာပါ”လို့
ဟောပြောခဲ့သူဦးမြသွင်ကပြောပါတယ်။

ဆန္ဒပြပွဲမှာ ၃ပေ၄ပေအရွယ်ရှိတဲ့ ဗီနိုင်းမှာ ဥပဒေနဲ့မညီသောရွေးကောက်ပွဲရလာဒ်အလိုမရှိ ကြိုတင်မဲများစစ်ဆေးပေးရေး ဒို့အရေး၊ မဲဆန္ဒရှင်များစစ်ဆေးပေးရေး ဒို့အရေး၊ စစ်ဆေးဆောင်ရွက်ချက်များအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး စတဲ့အချက်တွေပါဝင်တဲ့ဗီနိုင်းတွေကိုင်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိထ္ထီလာ #၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူ #ဆန္ဒထုတ်ဖော်

Related posts

Leave a Comment

VOM News

FREE
VIEW