မိထ္ထီလာမှာ ၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူတွေက ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၂၈-၂၀၂၀ ဂျန်ကိုးလ်-(VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဈေးရှေ့ရပ်၊ မြောက်ကန်ဘောင်ထိပ်မှာ ဒီကနေ့မနက်၉နာရီက ၂၀၂၀ ရွေးကောက်ပွဲကို မကျေနပ်ချက်တဲ့သူတွေက လူဦးရေ၂၉ဦးနဲ့ငြိမ်းစုစီတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”ဦးဆောင်သူအဖြစ်စာတင်တာက ကိုဇေယျာဟိန်းပါ၊ ကျနော်ကစပီကာပေါ့၊ ဘယ်မှစီတန်းလှည့်တာမရှိဘူး၊ အဲ့ဒီနေရာမှာပဲ မနက်၈နာရီမှာစပြီးပြင်ဆင်တယ်၊ ၉နာရီမှာဟောတယ်။ အဓိကတော့ မဲစာရင်းထပ်တိုးလုပ်တာတွေတွေ့တာ၊ မဲပုံးတွေကို မဲရုံကိုရောက်အောင်မပို့ဘဲနဲ့ မဲမရေဖြစ်တာမျိုးတွေ၊ အသက်၁၈နှစ်အောက် မဲပေးတာတွေ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်း ၁၉၀၀၀ ကျော်လောက် တိုးနေတာတွေ၊ နာမည်တူ အဖေတူ လိပ်စာတူပြီးတော့မှ မှတ်ပုံတင်တူပြီး မဲပေးတဲ့ ၇၀၀၀ကျော်ရှိတာတွေအပေါ်မှာ အခြေခံပြီးတော့မှ ဆန္ဒပြတာပါ”လို့ ဟောပြောခဲ့သူဦးမြသွင်ကပြောပါတယ်။ ဆန္ဒပြပွဲမှာ ၃ပေ၄ပေအရွယ်ရှိတဲ့ ဗီနိုင်းမှာ ဥပဒေနဲ့မညီသောရွေးကောက်ပွဲရလာဒ်အလိုမရှိ ကြိုတင်မဲများစစ်ဆေးပေးရေး ဒို့အရေး၊ မဲဆန္ဒရှင်များစစ်ဆေးပေးရေး ဒို့အရေး၊ စစ်ဆေးဆောင်ရွက်ချက်များအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး စတဲ့အချက်တွေပါဝင်တဲ့ဗီနိုင်းတွေကိုင်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မိထ္ထီလာ #၂၀၂၀ရွေးကောက်ပွဲမကျေနပ်သူ #ဆန္ဒထုတ်ဖော်

Read More

ကိုယ်ပိုင်အိမ်နဲ့ နေချင်လို့ ဝယ်နေရာက လက်မဲ့ဖြစ်ရတော့မယ့် ဘဝများ

မန္တလေး-နိုဝင်ဘာ ၂၈-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ အနီးက ကျွဲနဖားကျေးရွာနဲ့ မြန်ပြည်ကျေးရွာဟာ  (၁၂၁) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းကပိုင်တဲ့မြေပေါ်မှာ တည်ထားလို့ဆိုပြီး စစ်တပ်နဲ့ အဲဒီရွာမှာနေသူတွေ ပဋိပက္ခဖြစ်ပွားနေပါတယ်။ ( ၁၂၁) တပ်ကလည်း နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာဆိုပြီး ခြံစည်းရိုးခတ်ခဲ့တဲ့အတွက်ကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က ၁၂၁ တပ်ရင်းနဲ့  အဲဒီရွာမှာ နေသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်စု ၁၇၃ အုပ်စုကို တပ်ပိုင်မြေအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှု ပုဒ်မ ၄၄၇ နဲ့  ၂၀၁၅ ခုနှစ်ကတည်းက ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းမှာ မာဘယ်ကျောက်ပြားစက်ရုံ(ဦးပိုင်) ဒုစက်ရုံမှူး(ယခင်) ဦးခင်မောင်ဦး က ၂၀၁၇ မှာ တရားလိုပြုလုပ်ကာ တိုင်တန်းထားတာဖြစ်ပါတယ်။ ပြင်စာရဲစခန်းမှာ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်နေထိုင်မှုနဲ့  တိုင်တန်းခဲ့ပေမယ့် အမှုတိုင်တန်းစာကတော့ ၂၀၂၀ နိုဝင်ဘာ ၁၁ရက်နေ့မှ ပြင်ဦးလွင်ခရိုင်တရားရုံးကို စွဲချက်တင်ခဲ့တာဖြစ်တယ်လို့…

Read More

လူ ၃၀ သာရှိတဲ့ ဦးမောင်ရုံးဘိုးဘွားရိပ်သာမှာ၂၇ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၂၈-၂၀၂၀ အေးချမ်းသူ(VOM) ဥက္ကံမြို့မှာ လူဦးရေ ၃၀ သာ ရှိတဲ့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၇ဦး အထိရှိပြီး ရန်ကုန်တိုင်းနဲ့ ချိတ်ဆက်ကာ လိုအပ်တဲ့ကိစ္စတွေကို ကူညီပေးနေတယ်လို့ ဥက္ကံမြို့ရှိမေတ္တာရေစင်လူနာတင်ယာဉ်အသင်းမှ ဦးညိုပြာက ပြောပါတယ်။ ဦးမောင်ရုံးဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအားအနံ့ပျောက်နေတဲ့အတွက် မနေ့ နိုဝင်ဘာ ၂၇ရက်နေ့က စစ်ဆေးရာ ဒု-ရိပ်သာမှူး တစ်ဦး၊ အဘိုးအဘွား ၉ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဥက္ကံမြို့နယ် COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇာနည်ကပြောပါတယ်။ “ဒီနေ့ မနက်ထပ်စစ်တယ်ဗျ ၁၇ဦးထပ်တွေ့တယ်၊ လော့ခ်ဒေါင်းချထားတယ်၊ ရန်ကုန်ကိုပို့မှာပါ အကုန်လုံးကို”လို့ ဦးဇာနည်ကပြောပါတယ်။ မြို့နယ်COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီက ဒီကနေ့မနက်ပိုင်းမှာ RDT Tast Kitနဲ့ စစ်ဆေးခဲ့ရာ အဖိုး(၈)ဦး၊ အဖွား(၉)ဦး စုစုပေါင်း(၁၇)ဦးမှာပါ ကိုဗစ်ရောဂါ (Positive)ဖြစ်ပြီး အဖွား(၁)ဦးနဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦးသာ ရောဂါကူးစက်ခံရမှုမ‌တွေ့ရှိ(Negative)ဘူးလို့…

Read More

RDT test kit နဲ့စစ်ဆေးချိန် Negativeတွေ့ပြီး NHLပို့ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ပိုးတွေ့ရှိမှုဖြစ်ပွား

နိုဝင်ဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ RDT Test Kit နဲ့ စစ်ဆေးချိန် Negative တွေ့ရှိထားသူ ၂ဦးကို နောက်တစ်ကြိမ် swabယူပြီး NHL ပို့ စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိနေတာကို သိရှိရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က RDT နဲ့စစ်ဆေးခဲ့ချိန် Negative ထွက်ထားတဲ့ ၂ ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ PCR နဲ့ စစ်ဆေးဖို့ ရန်ကုန်ကိုပေးပို့ခဲ့ရာမှာတော့ ကိုဗစ်ပိုးရှိနေကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သိရှိခဲ့ရတာကြောင့် မနေ့ကချက်ခြင်း ပေါက်ခေါင်းဆေးရုံကိုပို့ဆောင်ပြီး ကျန်းမာရေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် RDT Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုဟာ စိတ်ချရမှုမရှိတဲ့အခြေအနေဖြစ်နေတာလား၊ ဒါမှမဟုတ် စစ်ဆေးမှုတွေ နည်းစနစ်မကျဖြစ်နေတာလားဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်အပေါ်…

Read More

ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် မိန်းကလေး အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်တွေ့

နိုဝင်ဘာ ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာရဝေါမြို့၊ ပျဉ်းကတိုးကုန်းအုပ်စု၊ ဦးတိုကျေးရွာမှာနေတဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး မနေ့ နိုဝင်ဘာ ၂၇ရက်နေ့ နေလယ်ပိုင်းကပျောက်ဆုံးခဲ့ပြီး ဒီကနေ့မနက်ပိုင်းက အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်‌တွေ့ခဲ့ရတယ်လို့ ကူညီရှာဖွေပေးနေကြသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” မနက်က ကလေးအလောင်းပြန်တွေ့ခဲ့ချိန် လည်းပင်းနဲ့နှာခေါင်းနေရာတွေမှာ ကြိုးနဲ့ရစ်ပတ်ချည်နှောင်ထားတဲ့ အနေအထားမျိုးတွေ့ရတယ်။ လက်ရှိ သာရဝေါစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်”လို့ လိုက်လံကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။ မနေ့ နိုဝင်ဘာ၂၇ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ်မိန်း‌ကလေးကို ဒီကနေ့ မနက် ၉ နာရီခန့်က သူနေထိုင်ရာ နေအိမ်ခြံအနီး ခြံအလွတ်တစ်ခုမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပြန်လည်တွေ့ရှိချိန်မှာတော့ ၆နှစ်အရွယ် အမျိုးသမီး ပန်ထားတဲ့ ရွှေနှားကပ်တစ်ရံလည်း ပျောက်ဆုံးနေတယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” လက်တလောမှာ…

Read More

ဆောင်းသီးနှံထုတ်ချေးမှုမှာ လယ်သမားအချို့ ချေးငွေမရတဲ့အတွက် စိုက်ပျိုးစရိတ်အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM) တောင်သူတွေကို ဆောင်းသီးနှံချေးငွေ ထုတ်ချေးရာမှာ အမှန်တကယ်သီးနှံစိုက်ပျိုးတဲ့ လယ်သမားတချို့ ချေးငွေမရရှိတာကြောင့် စိုက်ပျိုးစရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ဆောင်းသီးနှံ ချေးငွေ ထုတ်ချေးမှုကို အရင်၂၀၁၉ ခုနှစ်က ထုတ်ချေးခဲ့တဲ့ လယ်ဧကတွေအတိုင်းသာ တိုင်းအဆင့်က ရံပုံငွေ ချထားပေးတာကြောင့် အရင်နှစ်ကတည်းက ချေးငွေမရှိခဲ့လို့ ထပ်တိုးတင်ပြလာတဲ့ တောင်သူတချို့ဟာ အခုနှစ်မှာလည်း ချေးငွရရှိဖို့ မသေချာဘူးလို့ သိရပါတယ်။ ” ပဲတွေ စလုပ်ရပြီဆိုတဲ့ အချိန်ထဲက မတ်ပဲစိုက်လာတာ အခုထိပဲ။ ဆောင်းသီးနှံ ချေးငွေမရဖူးဘူး။ မနှစ်ကမရတော့ ဒီနှစ်မှာ ချေးငွေရဖို့ ပြောထားတယ်။ ဒါကို ပြီးခဲ့တဲ့ တန်ခူးလမှာ သူ့ကိုထပ်လာပြောဖို့ပြောပြီး ကြားထဲမှာ ဘာမှထပ်မပြောတော့ အဆင်ပြေပြီထင်ခဲ့တာ။ အခု ပိုက်ဆံထုတ်ချေးမယ်ဆိုတော့မှ နာမည်က ပါမလာပြန်ဘူး။ သူပြောတဲ့ တန်ခူးလမှာ သွားပြီးမပြောဖြစ်တဲ့အချက်ပဲရှိတယ်။ အားလုံးကပြောပြီးသား။…

Read More

ထိုင်ဝမ်ပါလီမန်မှာ လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ ပစ်ပေါက်ပြီး ရိုက်နှက်မှုတွေဖြစ်

တိုင်ပေ၊ နိုဝင်ဘာ-၂၈-၂၀၂၀ မျိုးဆက် (VOM) ထိုင်ဝမ်သို့ အမေရိကန်က ဝက်သားတင်သွင်းမှုကို ဖြေလျှော့ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေချိန်မှာ ပါလီမန်မှာဆွေးနွေးကြရင်း လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ပစ်ပေါက်ပြီး အပြန်အလှန် ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ထိုင်ဝမ်နဲ့ ဥရောပသမဂ္ဂတို့မှာ ရာကုပ်တမင်းအသုံးပြုထားတဲ့ ဝက်သားတွေကို ပိတ်ပင်တားမြစ်ထားရာကနေ ပြန်လည်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ်အစိုးရရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ဟာ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီကတော့ ငြင်းဆိုလိုက်ပြီး ဆင်ခြင်တုံတရားရှိရှိ ဆွေးနွေးငြင်းခုံကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ထိုင်ဝမ်ပါလီမန်မှာတော့ လွှတ်တော်အမတ်တွေအကြား ဒီလိုအချင်းများမှုတွေဟာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။ သောကြာနေ့မှာတော့ ဝန်ကြီးချုပ် ဆုဆိန်ချန်း ပါလီမန်မှာ မေးခွန်းတွေလာ ရောက်ဖြေကြား တာမပြုလုပ်နိုင်အောင်လို့ ထိုင်ဝမ်အဓိက အတိုက်အခံ ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေက ဝက်အူတွေနဲ့ ပစ်ပေါက် တားဆီးခဲ့ပါတယ်။ ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေနဲ့ အခြားပါတီငယ်တစ်ခုမှ လွှတ်တော ်အမတ် တစ်ဦးတို့အကြားမှာလည်း…

Read More

ကုန်တင်ရေယာဉ်တွေ ခရီးသည်တင်ပြီး ပြေးဆွဲရင် ရှောင်တခင်စစ်ဆေးပြီး ဖမ်းမယ်

နိုဝင်ဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ ကုန်ပစ္စည်းတွေအပြင် ခရီးသည်တွေကိုပါ တင်ဆောင်ပြေးဆွဲနေတာကြောင့် ရေယာဉ်စီစစ်ရေးအဖွဲ့က ရှောင်တခင် လိုက်လံစစ်ဆေးပြီး ဖမ်းဆီးအရေးယူတော့မှာဖြစ်တယ်လို့ ကလေးဝမြို့ ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(ရစက)ဆီကနေ သိရပါတယ်။ ” ကုန်တင်ရေယာဉ်တွေဟာ ခရီးသည် တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ဥပဒေကလည်း ခွင့်ပြုမထားဘူး၊ ခရီးသည်တင် ရေယာဉ်တွေဟာလည်း ခရီးသည်နဲ့အတူ ကုန်စည်တွေ တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ရေယာဉ်တွေကို ရှောင်တခင် လိုက်လံစစ်ဆေးပြီး စည်းကမ်းပျက်တာတွေ့ရင် ရဲစခန်းမှာ အမှုဖွင့်အရေးယူမှာဖြစ်တယ်”လို့ ရေယာဉ်စစ်ဆေးရေး အဖွဲ့ဝင် ဦးဇော်လင်းထိုက်က ပြောပါတယ်။ မြင်းကောင်ရေ ၂၀ စက်တပ်ရေယာဉ် ကုန်တင် ၂ စီးဟာ ခရီးသည်တွေ တင်ဆောင်ပြေးဆွဲလာတာကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရေယာဉ်စစ်ဆေးရေးအဖွဲ့က တွေ့ခဲ့ရလို့ ရေယာဉ်ပိုင်ရှင်တွေကို…

Read More

ကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီ ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်

နိုဝင်ဘာ ၂၈-၂၀၂၀ သူရိန်(VOM) ကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်လို့ ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာအခမဲ့ဆေးခန်း ဦးဆောင်ဆရာတော် ဥုးဝါသေဌက မိန့်ကြားပါတယ်။ ” ဦးဇင်း ကရင်ပြည်နယ်မှာ ပတ္တမြားစေတီတည်မှာပါ၊ အကောင်အထည်စဖော်တာကတော့၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကတည်းကပါ။ အခုဆိုရင်တစ်ဆယ်မှာဆိုရင် နှစ်ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ၊ သူက အသေးစိတ်လက်ဝင်တာကိုး၊ အခုတော့ တော်တော်များများ မတည်ထားတယ်။ ကျောက်တွေကတော့ စေတီတစ်ဆူစာ ပြည့်စုံသလောက်ဖြစ်နေပြီ။ ပတ္တမြားစေတီကတော့ ကမ္ဘာမှာ ဒီတစ်ဆူပဲရှိမယ်၊ မန္တလေးမှာတော့ကျောက်စိမ်းစေတီရှိတယ်။ ကျောက်တွေကို နားကပ်ပုံစံမျိူးလုပ်ပြီးတော့ စေတီမှာစွန့်မယ်၊ ဦးဇင်းတို့ရွှေတိဂုံဘုရားမှာရွှေဆိုင်းကပ်သလို အဲ့ဒီလိုမျိူး နားကပ်တို့ လက်ကောက်တို့ လက်စွပ်တို့လုပ်ပြီးတော့မှ စေတီမှာကပ်မှာလေ”လို့ ကမ္ဘာလုံးကျာင်းတိုက်အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက ကမိန့်ကြားပါတယ်။ စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပ အမှတ်-၉ ရပ်ကွက်၊ ရှင်ဖြူရှင်လမ်းရှိ ကမ္ဘာလုံးကျာင်းတိုက်အတွင်းမှာ အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။ စေတီရဲ့ ဉာဏ်တော်ဟာ…

Read More

ထိပ်တန်းနျူးကလီးယားပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှု လက်တုံ့ပြန်သွားမယ်လို့ အီရန်ကတိပြု

တီဟီရန်၊ နိုဝင်ဘာ ၂၈-၂၀၂၀ မျိုးဆက်(VOM) အီရန်နိုင်ငံ မြို့တော်တီဟီရန်အနီးမှာ ထိပ်တန်းနျူကလီးယားပညာရှင် မို့ဆန်ဖာခရီဇာဒက်ကို နိုဝင်ဘာ ၂၇ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမယ်လို့ အီရန်က ကတိပြုပြောဆိုလိုက်ပါတယ်။ ဒမ်မက်ဗန့်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုပြီးနောက် အီရန်နျူးကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို မိုးကြိုးပစ်သလိုမျိုးပုံစံမျိုးနဲ့ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီရဲ့ စစ်ရေးအကြံပေးဖြစ်သူ ဟူစိန်ဒက်ဂန်က အခိုင်အမာဆိုပါတယ်။ သေဆုံးသူ နျူကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ အီရန်နျူကလီးယားအစီအစဉ်ရဲ့ နောက်ကွယ်မှ အဓိကကြိုးကိုင်သူလို့ အနောက်အုပ်စုထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။ အီရန်ကတော့ သူရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးရည်ရွယ်ချက်သာရှိတယ်လို့ ဆိုထားပါတယ်။ လုပ်ကြုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က တောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးကကျူးလွန်ခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုထားပြီး ဒီကိစ္စမှာ အစ္စရေးရဲ့အခန်းကဏ္ဍ အလေးအနက်ထုတ်ဖော်ပြောဆိုနေပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကပြုလုပ်တဲ့…

Read More
VOM News

FREE
VIEW