နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး အမြန်လမ်းပေါ်ကို ၁၂ ဘီးယာဉ်နှင့်အထက် ကုန်တင်ယာဉ်မောင်းခွင့် ရပ်ဆိုင်းမယ်

နိုဝင်ဘာ၂၉-၂၀၂၀
ကောင်းလက်ျာ(VOM)

Covid-19 ကာလ အောက်တိုဘာ ၆ရက်က စတင်ပြီး ယာယီ အစီအစဉ်နဲ့ သွားလာခွင့်ပြုခဲ့တဲ့ ၁၂ ဘီးယာဉ်နဲ့အထက်ကုန်တင်ယာဉ်တွေကို မနက်ဖြန်( နိုဝင်ဘာ ၃၀ ရက်)ည ၁၂နာရီကစတင်ပြီး မောင်းနင်ခွင့်ရပ်ဆိုင်းလိုက်တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကနေ သိရပါတယ်။

” လမ်းကတော့ ပျက်ဆီးမ‌ှုနည်းနည်းပိုသွားတယ်။ ဒါပေမယ့် ယာယီအစီအစဉ်က နှစ်လထဲသတ်မှတ်ထားလို့ပြန်ရပ်တာပါ။ တယ်လီမက်တစ်စနစ်နဲ့သွားနေတဲ့ ၁၂ ဘီးအောက်က ခွင့်ပြုပါတယ်”လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ တာ
ဝန်ခံအင်ဂျင်နီယာမှူး ဦးကျော်မိုးဦးက ပြောပါတယ်။

နိုဝင်ဘာလ ၃၀ ရက်ကစတင်ကာ ကုန်တင်ယာဉ်တွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုအသုံးပြုခွင့် မရှိတော့ဘဲ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ သွားလာရမှာဖြစ်ပြီး လိုက်နာမှု မရှိပါက အမြန်လမ်းမကြီးများဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ကိုဗစ်ကာလမှာ နှစ်လနီးပါး ရောဂါကင်းစင်ကြောင်း ထောက်ခံစာရှိထားတဲ့ ကုန်တင်ကားကြီး မောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို သတ်မှတ်စည်းကမ်းအတိုင်း ဖြတ်သန်းမောင်းနင်ခွင့်ပြုခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပြန်ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

အမြန်လမ်းပေါ် မောင်းနင်ခွင့်ပြုခဲ့ရာမှာလည်း ယာဉ်ဖြတ်သန်းမောင်းနင်ခ ကျပ် ၇သောင်းကျော်ကနေ ၂သိန်း နီးပါးထိ ပေးဆောင်ရတယ်လို့ ကုန်တင်ယာဉ်မောင်းနင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းကို ကုန်တင်ယာဉ်ကြီးတွေ ပြန်လည်မောင်းနင်ခွင့်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ထားဖို့ လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ မြို့နယ်ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့က
ဝန်ကြီးဌာနကနေ ညွန်ကြားစာများပေးပို့ထားပြီးဖြစ်တယ်လို့ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း

Related posts

Leave a Comment

VOM News

FREE
VIEW