ရခိုင်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နယ်မြေတွေကိစ္စ ဂျပန်သံအမတ်ဘာပြောလဲ

နိုဝင်ဘာ ၂၉-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေသို့ ရောက်ရှိခဲ့တဲ့ ဂျပန်သံအမတ်ကြီး Mr. Ichrio Maruyama နဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ယိုဟေးဆာဆာကာဝါနဲ့အဖွဲ့ဟာ ရခိုင်အမျိုးသားပါတီနဲ့ မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး လိုအပ်တဲ့အကူအညီတွေရှိရင် ဂျပန်အစိုးရအနေနဲ့ အပြည့်အဝကူအညီပေးဖို့ ကြိုးစားနေကြောင်းနဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေး ဒီမိုကရေစီဖြစ်အောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကူအညီပေးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သံအမတ်ကြီး Mr. Ichrio Maruyama က ပြောပါတယ်။

ဂျပန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တို့ကို သွားရောက်ကာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် နေ့လည် ၂ နာရီလောက်မှာ ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW