တောင်ကြီးမှာ stay at home ကြေညာထားပေမယ့် အဝေရာမီးပုံးပျံကွင်းထဲမှာ လာရောက် အပန်းဖြေသူတွေ ပိုများလာ

နိုဝင်ဘာ ၂၉-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့မှာ ကိုဗစ်လူနာတွေတိုးလာတောကြောင့် Stay at Home ကြေညာထားပေမယ့် တန်ဆောင်တိုင်မီးပုံပျံပွဲကျင်းပရာ နေရာတစ်ခုဖြစ်တဲ့ အဝေရာမီးပုံးပျံကွင်းမှာတော့ ညနေခင်းရောက်တိုင် စွန်လွှတ်ကြသူတွေနဲ့ အပန်းလာဖြေကြသူတွေ အခုရက်ပိုင်းမှာပိုများလာပါတယ်။

“အရင်တုန်းက အဲ့ဒီလို စွန်လာလွှတ်ကြတာတွေမရှိဘူး၊ ဒီကိုဗစ်ကာလမှာမှ စလာကြတာ၊ ကွင်းထဲမှာ အားကစားလုပ်ဖို့ဆိုပြီး ဘတ်စကတ်ဘောကွင်းတွေ ဘောလုံးကွင်းတွေ လုပ်ပေးလိုက်တည်းက လူတွေလာကြတော့တာပဲ၊ စွန်လွှတ်တာကလည်း အရမ်းများတော့ စွန်ကြိုးရှတာတွေလည်းဖြစ်တယ်၊ ကွင်းထဲမှာလည်း ညနေတိုင်း လူအများကြီးပဲ၊ ဒီကျောက်တလုံးလမ်းကြီးလည်း အရင်ကထက် ကားရှုပ်၊ ဆိုင်ကယ်ရှုပ်နဲ့ လူတွေက မက်စ်တွေလည်း မတပ်ထားကြဘူး၊ ဒီနေ့ဆို ရဲကားနဲ့တော့ လိုက်အော်နေတာတော့ တွေ့တယ်၊ လူကတော့ မြင်တဲ့အတိုင်း အပြည့်ပဲ”လို့ ” လို့ အဝေရာကွင်းအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ဒေသတွင်းကိုဗစ်ကူးစက်မှုစတင်တွေ့ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်ထိ နေအိမ်ထဲမှာနေကြဖို့ (Stay At Home) ‌ကြေညာထားတာဖြစ်ပါတယ်။

တောင်ကြီးမြို့ပေါ်မှာတော့ လက်ရှိအချိန်ထိ ကိုဗစ်လူနာ ၂၂ ယောက်ရှိပြီး စဝ်စံထွန်းဆေးရုံမှာ ကုသံမှုခံယူနေတယ်လို့ သိရပါတယ်။ အဲ့ဒီလူနာအများစုဟာ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရဲ့ ဒေသတွင်းကူးစက်မှုနဲ့ ဆက်စပ်လူနာတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW