ဗန်းမော်ခရိုင် မြစ်ကမ်းတလျှောက် တိုက်ပွဲတွေဖြစ်နေပြီး ကောင်းတုံရွာ ဗုံးကြဲခံရမှုမှာ နေအိမ် ၁၄ အိမ် မီးလောင်ပျက်စီး

စက်တင်ဘာ ၁၅၊ ၂၀၂၆
Shv V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဘက် ဧရာဝတီ မြစ်ကမ်းတလျှောက် လတ်တလော တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကောင်းတုံရွာမှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ နေအိမ် ၁၄ အိမ်ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
” စက်တင်ဘာလ ၁၄ ရက်နေ့က ဗန်းမော်မြို့ ခလရ ၄၇ ကနေ ကမ္ဘာနီဘက်ကို ထိုးစစ်ဆင်လာတဲ့ အစိုးရ စစ်ကောင်းနေ့ KIA ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်တယ်။ အစိုးရတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တချို့ သုံ့ပန်းအဖြစ် ဖမ်းခံရတာတွေ ရှိတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ညက ဗန်းမော်ကနေ ဆူးပုတ်ကုန်းအောက်ဘက် စုန်ဆင်းလာတဲ့ ရေယာဉ် တစီး တိုက်ခံရလို့ ယမန် နေ့စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခန့်က နတ်မျက်နှာတောင်မှာ တိုက်ခိုက်ခံရလို့ နစ်မြုပ်သွားတာလို့ သိရတယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း စာဝတီးနဲ့ ဆူးပုတ်ကုန်း နားမှာ ရေယာဉ် နှစ်စီး တိုက်ခိုက် ဖျက်ဆီးခံရတာရှိတယ်လို့ ဆိုပါတယ်။
“ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ကောင်းတုံရွာ။ ကမ်းနားပိုင်းလောင်တာ။ သမိုင်းဝင် ဧရာဝတီမြစ်ဘေးက ကောင်းတုံ ခံတပ်ရွာလေးပါ။ အဖိုး၊ အဖွားအိမ်လည်း ပါသွားပြီ။ လေယာဉ် ဗုံးကြဲသွားတာ။ လူတွေက ဘေးကင်းတယ်။ လက်ရှိ ရွာမှာ နေလို့ မရဘူး။ စစ်ရှောင်နေရပါတယ်။ ၁၄ အိမ်တောင် ပါသွားတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က လေကြောင်းနဲ့ ကြဲသွားတာဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရလို့ စက်ရုံ ထိမှန်က ရစရာ မရှိအောင် ပျက်စီးသွားတယ်လို့ဆိုပါတယ်။
လတ်တလော အစိုးရတပ်ဘက်က ရေကြောင်းကနေ ဗန်းမော်ဘက် စစ်ကူ ပို့ဆောင်နေပြီး အဲဒီ ရေကြောင်းယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားနေသလို အစိုးရတပ်ဘက်ကလည်း မြစ်ကမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းရေး လုပ်ပေးရာက မြစ်ကမ်းဘေးရွာတွေ လေကြောင်း ဗုံးကြဲခံရတာဖြစ်ကြောင်း ဒေသခံ တွေက ပြောပါတယ်။
ဗန်းမော် ခရိုင်အတွင်း ဗန်းမော်မြို့ အပါအဝင် ရွှေကူ၊ စင်းခန်း၊ ဇင်းဘုံ စတဲ့ နယ်မြေတွေမှာ အစိုးရတပ်ဖွဲ့နဲ့ ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေ နဲ့ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။
Video Crd# ဒေသခံ

Related posts

VOM News

FREE
VIEW