သူတို့အိမ် အခန်း (၂၂၂)

ဆူးငှက်   ခင်ဗျားတို့လည်း အစွမ်းအစ ရှိကြမှာပါ —————————————– ထူးထူးခြားခြား ဒီရက်ပိုင်းမှာမှ အမေက သီချင်းတအေးအေးနှင့် ပျော်နေသည်။ အရင်က မြို့သစ်က အစ်မတွေအိမ် ခဏသွားနေလိုက် သရက်ကုန်းအိမ်နေလိုက်နှင့် ကူးချည်သန်းချည် လုပ်နေရာက သရက်ကုန်းအိမ်မှာပဲ နေတော့မယ်၊ ငါဘယ်မှ မသွားတော့ဘူးနော်ဟုလည်း ပြောသေး၏။ အသက်ကလည်း ၉၀ကျော်လို့ ၂နှစ်စွန်းပြီ။ အမေ့မှာ ဘာရောဂါမှ ထွေထွေထူးထူး မရှိ။ သတိမေ့တတ်တာ၊ တစ်ခါတရံ နေ့နဲ့ည မှားတာလောက်ပဲရှိသည်။ မနက်လင်းတာနှင့် မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီး သူကြိုက်သော ကော်ဖီနှင့် အီကြာကွေးတစ်ချောင်း စားပြီးသည်နှင့် အိမ်ရှေ့မှာ ထွက်ထိုင်က ပုတီးစိတ်ရင်း သူသတိရတာတွေ လှမ်းပြောချင်ပြော သီချင်းဆိုချင် ဆိုနေတတ်၏။ အိမ်ရှေ့ဖြတ်သွားရင်း အမေ့ကို မြင်လျှင် မြောက်ဘက်အိမ်က အန်တီစံက ရပ်စကားပြောလျှင် ပြောသည်။ စားစရာလေးတွေ ပေးချင်ပေးသည်။ ကျွန်တော်က ခ.ယ.က…

Read More

ရခိုင်ပြည်မှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ ၁၄ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့တချို့မှာ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ မနေ့ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဦးရာဇ်တောင် စေတီအနီး၊ တံတားထိပ်က ဆိုင်တန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သွားတာပါ။ တချို့ သတင်းတွေမှာ ဦးရာဇ်တောင်စေတီ အလယ်ကနေ ကျိုးကျသွားတယ်လို့ ရေးနေတာတွေ့ရတယ်။ လုံးဝ မဟုတ်ပါဘူး။ စေတီတော်က အကောင်းပကတိအတိုင်း ရှိနေပါတယ်”…

Read More

နိုင်ငံကူးလက်မှတ် လိမ်လည် လျှောက်ထားပါက ရက်ချိန်းလျှောက်ထားမှု ပယ်ဖျက်မယ်

စက်တင်ဘာ ၁၄ – ၂၀၂၆ SS (VOM) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှာ အလုပ်နိုင်ငံကူးလက်မှတ် (PJ) သက်တမ်းတိုး လိမ်လည် လျှောက်ထားမှုတွေ ရှိနေပြီး ထပ်မံ စိစစ်တွေ့ရှိပါက ရက်ချိန်းလျှောက်ထားမှုကို ထည့်သွင်း စဉ်းစားမှာမဟုတ်သလို လျှောက်ထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း Block သွားမယ်လို့ သံရုံးက ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာ အသိပေး ကြေညာထားပါတယ်။ သံရုံးရဲ့ WhatsApp နဲ့ အီးမေးလ်တို့ကို လိုအပ်တဲ့ အချက်အလက်တွေကို ပေးပို့ ရက်ချိန်းယူသူတွေအနက် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်တွေအတွက် Work Permit နဲ့ Special Pass နီးကပ်သူတွေကို သံရုံးက စိစစ်ရွေးထုတ်၊ ရက်ချိန်းပေးကာ သက်တမ်းတိုးကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း WhatsApp ကို ပေးပို့ ရက်ချိန်းယူသူ…

Read More

မအူပင်မှာ အသက် ၁၁ နှစ်အရွယ် G5 ကျောင်းသူကိုသတ်ပြီး နားကပ်ယူကာ အလောင်းကို လယ်ထဲစွန့်ပစ်မှုဖြစ်

စက်တင်ဘာ ၁၄ ၊၂၀၂၆ GG (VOM) ​ဧရာဝတီတိုင်း၊မအူပင်မြို့နယ်၊ ကျောင်းရွာအုပ်စု၊ ပန်းတောကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူကို သတ်ပြီး နားကပ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၁၃ ရက်နေ့ ၊ ညနေပိုင်းမှာ ကလေးငယ်ဟာ ကျူရှင်သင်ဖို့သွားရောက်ပြီးနောက် နေအိမ်ကို ပြန်လာခြင်းမရှိတာကြောင့် မိဘတွေက လိုက်လံရှာချိန်မှာ ကျူရှင်ဆရာမရဲ့ နေအိမ်အနီးရှိလယ်ကွင်းအစပ်မှာ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ” ကလေးကိုပြန်တွေ့တော့ လည်ပင်းမှာ အဝတ်နဲ့ပတ်ရက်အနေအထားနဲ့ ဆုံးနေတာ ။ နားမှာ ဆင်ထားတဲ့နားကပ်မတွေ့ရဘူး ။ ရွာထဲက ကျူရှင်ဆရာမ ဒေါ်ခင်မဥ္ဇူအိမ်ကို ညနေ ၆ နာရီလောက်မှာ ထွက်သွားပြီး အိမ်ပြန်မလာလို့ လိုက်ရှာကြတော့မှ သေဆုံးနေတာကို တွေ့ရတာ။ အလောင်းကို လယ်ကွင်းအစပ်မှာ စွန့်ပစ်ထားတယ်ဆိုကတည်းက ကလေးက အသတ်ခံရတာ သေချာသွားပြီ။တရားခံကို…

Read More

ချင်းတပ်ဖွဲ့ဝင် PDF Zoland ရဲ့ အကျဥ်းစခန်းကနေ အကျဥ်းသား ၈၀ လက်နက်နဲ့အတူထွက်ပြေးသွား

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ TG(VOM) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားတဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းကနေ​ အကျဥ်းသား ၈၀ ဝန်းကျင်လောက် လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ အကျဥ်းစခန်းစောင့်တာဝန်ကျသူတွေကို ရိုက်နှက်ပြီး လက်နက် နဲ့ ကျည်ဆံတွေယူကာ ထွက်ပြေးသွားတာဖြစ်ကြောင်း ဒီကနေ့မနက်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ် ။ ” သိရတာတော့ ခုထွက်ပြေးသွားတဲ့အထဲက အကျဥ်းသားနှစ်ယောက်က ရေချိုးချင်တယ်ပြောတာကို တာဝန်ကျအစောင့်က လွှတ်ပေးတာမှာ အစောင့်တွေကို ရိုက်နှက်ပြီး ကျန်တဲ့ အကျဥ်းသားတွေကိုပါ လွှတ်ပေးလိုက်တာ။ အခုထွက်ပြေးတဲ့အထဲမှာ ဗိုလ်မှူးတွေလည်းပါတယ် ပြောတယ်။ ပြန်မမိသေးဘူးသိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို PDF…

Read More

DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီး နှစ်ယောက်သေ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆ GG(VOM) ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ ညောင်လေးပင် – ပဲခူး လမ်းပိုင်း၊ ပြွန်တန်ဆာဘူတာ နဲ့ ဒိုက်ဦး ဘူတာအကြား တရားမဝင်လမ်းကူးနေရာအရောက်မှာ နေပြည်တော် – ရန်ကုန်ပြေးဆွဲတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထား နဲ့ လမ်းဖြတ်မောင်းလာတဲ့ထွန်စက် တိုက်မိပြီး ထွန်စက်ပေါ်ပါနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ” ထွန်စက်က တပိုင်းကိုပြတ်ထွက်သွားတာ။ ရွာလမ်းအကူး ရထားလမ်းမှာဖြစ်တာ။ ထွန်စက်ပေါ်ပါတဲ့သူတွေ ပွဲချင်းပြီးဆုံးတာ ။ ရထားရှေ့မှန်တွေလည်း ကွဲကုန်တယ်။ ထွန်စက်ကလည်း အဲဒီဖြစ်တဲ့ရွာနားကပဲ ။ရထားကတော့ နေပြည်တော်ကနေ ၁၂ ခွဲထွက်လာတဲ့ ရထားပါ။ ” လို့ ဖြစ်စဉ်သိတဲ့ ပြွန်တန်ဆာမြို့ဒေသခံက ပြောပါတယ်။ အဆိုပါ ရထားနဲ ထွန်စက်…

Read More
VOM News

FREE
VIEW