DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီး နှစ်ယောက်သေ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆
GG(VOM)
ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ ညောင်လေးပင် – ပဲခူး လမ်းပိုင်း၊ ပြွန်တန်ဆာဘူတာ နဲ့ ဒိုက်ဦး ဘူတာအကြား တရားမဝင်လမ်းကူးနေရာအရောက်မှာ နေပြည်တော် – ရန်ကုန်ပြေးဆွဲတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထား နဲ့ လမ်းဖြတ်မောင်းလာတဲ့ထွန်စက် တိုက်မိပြီး ထွန်စက်ပေါ်ပါနှစ်ယောက် သေဆုံးခဲ့ပါတယ်။
” ထွန်စက်က တပိုင်းကိုပြတ်ထွက်သွားတာ။ ရွာလမ်းအကူး ရထားလမ်းမှာဖြစ်တာ။ ထွန်စက်ပေါ်ပါတဲ့သူတွေ ပွဲချင်းပြီးဆုံးတာ ။ ရထားရှေ့မှန်တွေလည်း ကွဲကုန်တယ်။ ထွန်စက်ကလည်း အဲဒီဖြစ်တဲ့ရွာနားကပဲ ။ရထားကတော့ နေပြည်တော်ကနေ ၁၂ ခွဲထွက်လာတဲ့ ရထားပါ။ ” လို့ ဖြစ်စဉ်သိတဲ့ ပြွန်တန်ဆာမြို့ဒေသခံက ပြောပါတယ်။
အဆိုပါ ရထားနဲ ထွန်စက် တိုက်မိတဲ့ ဖြစ်စဉ်ကြောင့် ရထားခရီးစဉ် ယာယီရပ်နားခဲ့ရပြီးမှ ခရီးစဉ်ပြန်ထွက်ခဲ့ရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ရန်ကုန်မှာ မနက် ၇ နာရီ ထွက်ခွာတဲ့ အမှတ် ၅ အဆန် DEMU အမြန်ရထား နဲ့ ရုတ်တရတ်ဖြတ်ကူးတဲ့ ဘေးတွဲဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ဘုန်းကြီးနဲ့ ကိုရင်တပါး သေဆုံးကာ ရထားထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါ​သေးတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW