ရွှေသံလွင်တိုးဂိတ်မှာ ၁၂ ဘီးယာဉ်နဲ့သယ်‌ေ‌ဆာင်လာတဲ့ WYဆေးပြား ၉သိန်း ၇သောင်း ကျော်ဖမ်းမိ

နိုဝင်ဘာ ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်မှာ မနေ့နိုဝင်ဘာ ၂၉ရက် နေ့လယ်ပိုင်းက ၁၂ ဘီးယာဉ်နဲ့ သယ်ဆောင်လာတဲ့ WY အမှတ်အသားပါ မူးယစ်စိတ်ကြွဆေးပြား ကိုးသိန်းခုနှစ်သောင်းကျော်နဲ့ ဆက်စပ် တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲ
ခူးမြို့နယ် အမှတ်-၃၆ မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။

” ကန်တာ ၁၂ ဘီးယာဉ်နဲ့သယ်ဆောင်ခဲ့တဲ့ စိတ်ကြွဆေးပြား ကိုးသိန်းကျော်ဖမ်းမိတာပါ။ဒရိုင်ဘာအပြင် ဦးဆောင်သူနှစ်ဦးကိုလည်း စစ်တောင်းတံတားဂိတ်မှာ အိမ်စီးကားတစ်စင်းနဲ့ ဖမ်းမိခဲ့တယ်”လို့ ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။

ပဲခူးမြို့နယ် အမှတ်-၃၆ မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူတွေ ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူး‌ပေါင်းအဖွဲ့ဟာ သတင်းအရ ကြိုတင်စောင့်ဆိုင်းနေချိန် ဘုရားကြီးမြို့ကနေ ဝေါမြို့ဘက်ကို နေအောင်(၃၄ နှစ်)ဆိုသူမောင်းနှင်လာတဲ့ ဖြူပြာစပ်ကြားရောင်(၁၂)ဘီးယာဉ်ကိုစစ်ဆေးရာကနေ ယာဉ်ခေါင်းခန်းနဲ့‌ နောက်ကိုယ်ထည်ကြား ရေတိုင်ကီအပေါ်ကပ်ခြံအတွင်း ပီနံအိတ်(၅)အိတ်နဲ့ ‌ထည့်သွင်း သယ်ဆောင်လာတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ၉၇၅ဝဝဝပြား၊ အလေးချိန်စုစုပေါင်း( ၉၇ ဒဿမ ၅ ကီလိုဂရမ်)ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကွင်းဆက်တရားခံဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ခိုင်းသူ ဦးရဲဝင်းအောင်(၂၉ နှစ်)နဲ့ ဦးဖြိုးဝေအောင် (၂၃ နှစ်)တို့နှစ်ဦးကို SUZUKIအနက်ရောင် အိမ်စီးမော်တော်ယာဉ်နဲ့အတူ စစ်တောင်းတံတားအနီးမှာ ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ‌ဘုးရားကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့သူတွေကို ဘုရားကြီးနယ်မြေရဲစခန်းမှ မယ(ပ) ၉/၂၀၂၀၊ မူးယစ်‌ဆေးဝါးနဲ့ စိတ်ကို‌ပြောင်းလဲ‌စေ‌သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #ပဲခူး #မူးယစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW