သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြေဆိုခွင့်၊ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြပါတယ်။ ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိမ်းချုပ်တာတွေရှိနေဆဲပါ။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ အစိုးရဆီက သတင်းအချက်လက်ရဖို့ခဲယဉ်းတာတွေရှိပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ သမ္မတကိုဖြစ်ဖြစ် ဝန်ကြီးချုပ်ကိုဖြစ်ဖြစ် ဝေဖန်လို့ ထောက်ပြလို့ ၊ အပြောင်သဘောနဲ့ သရော်တာတို့ လုပ်ကြတာကို တရားစွဲတာ ဖမ်းဆီးတာ သိပ်မရှိပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒီလိုပြောလို့ လွတ်လပ်စွာဆဲဆိုခွင့်၊ ကိုယ်ရေးကိုယ်တာကိစ္စ ထိခိုက်စော်ကားပိုင်ခွင့်နဲ့ ရောထွေးမသွားစေချင်ပါဘူး။

လက်ရှိကျနော်တို့မြန်မာနိုင်ငံမှာလူထုကရွေးချယ်တဲ့ အရပ်သားအစိုးရတက်လာပါပြီ။ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်တွေတိုးလာပြီလား မေးစရာဖြစ်လာပါတယ်။ ကမ္ဘာ့စစ်တမ်းတွေအရ အရင်ပြည်ခိုင်ဖြိုးအစိုးရထက် လွတ်လပ်ခွင့်ကျလာတာကိုတွေ့ရပါမယ်။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် တက်ခါစက သတင်းလွတ်လပ်ခွင့်သတ်မှတ်တဲ့ နိုင်ငံ ၁၈၀ထဲမှာ ၁၃၁ ရှိနေရာက ခုလက်ရှိအနေအထားမှာ ၁၃၉ ထိ ကျဆင်းသွားပါသတဲ့။

ဒါတွေဟာ အကြောင်းမဲ့ ရမ်းသမ်းလုပ်ထားတဲ့စစ်တမ်းတွေမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုရေးသားခွင့်အရေးကိုလုပ်နေတဲ့ အသံအဖွဲ့ရဲ့ အစီရင်ခံစာအရ ဒီအစိုးရလက်မှာ လွတ်လပ်စွာထုပ်ဖေါ်ခွင့်ဆိုင်ရာ ဥပဒေနဲ့အရေးယူခံရတဲ့ အမှုပေါင်းဟာ ၅၃၉ ခုရှိပြီး လူဦးရေအားဖြင့် ၁၀၅၁ ယောက်ရှိပါသတဲ့၊ ဒီထဲမှာ သတင်းသမားတွေအရေးယူခံရမှုက ၆၇ ခုရှိတာကိုတွေ့ရပါတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အနေအထားကိုရှင်းလင်းစွာ တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိမှာ သတင်းဌာနတွေအပါအဝင် ဝဘ်ဆိုဘ်ပေါင်း ၂၂၀ကျော်ကို ပြည်သူတွေကြည့်မရအောင် ဆက်သွယ်ရေးကနေ ပိတ်ထားပါတယ်။ ဒီထဲမှာ Voice Of Myanmar သတင်းဌာနလည်း အပါအဝင်ပါ။ ဘယ်လိုစည်းကမ်းကြောင့် ဘယ်ဥပဒေကြောင့် ပိတ်တယ်ဆိုတာ အသိမပေး မကြေငြာဘဲ ပိတ်ပစ်လို့ရတာ ဒီမိုကရေစီလားလို့ မေးခွန်းထုတ်စရာပါ။

မြန်မာနိုင်ငံဟာ အပိုဒ်သုံးဆယ်ပါတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံပါ ။ ဒီထဲက ပုဒ်မ ၁၉တခုတည်းကိုပဲ ထုတ်နုတ်ပြရရင် လွတ်လပ်စွာထုတ်ဖေါ်တင်ပြပြောဆိုခွင့် နဲ့ သတင်းများရယူခွင့်ရှိရမည်လို့ ပါရှိတာကို တွေ့ရမှာပါ။ ဒါပေမယ့် Voice Of Myanmar အယ်ဒီတာချုပ်အပါအဝင် သတင်းမီဒီယာ ၄ခုဟာ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေငြာထားတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေနဲ့ ဆက်သွယ်သတင်းရေးလို့ဆိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာတွေရှိနေပါတယ်။ ဒါတွေက လူ့အခွင့်အရေးကြေငြာစတမ်း အပိုဒ် ၁၉ ကို လိုက်နာခြင်းမရှိတာ သိသာထင်ရှားစွာ မြင်ရမှာပါ။

သတင်းသမားသည် သတင်းအလုပ်လုပ်တာဖြစ်တယ်။ ငြိမ်းချမ်းရေးပျက်ပြားအောင် ၊ ဆူပူအောင်သွေးထိုးလှုံဆော်တဲ့ အရေးအသားတွေ မရေးရဘူးဆိုတာ သတင်းမီဒီယာကျင့်ဝတ်ကို လိုက်နာသူတိုင်း သိကြပါတယ်။ တိုင်းပြည်ပျက်မှာကို ဘယ်မြန်မာနိုင်ငံသား၊ ဘယ်သတင်းသမားမှ လိုလားမယ်မထင်ပါဘူး။ ဒ့ါကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဦးစားပေးသင့်ပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းကျဆင်းလို့ တယောက်တယောက်အပြစ်ပြောနေလို့မပြီးပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ အားနည်းတဲ့ ဥပဒေတွေကိုပြင်ဖို့လိုသလို၊ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ကြိုးစားနေတဲ့အဖွဲ့တွေကို အားပေးကြရမှာ။ ဒါတွေကို အစိုးရအပါအဝင်၊ သတင်းမီဒီယာသမားတွေနဲ့ ပဉ္စမမဏ္ဍိုင်လို့ ခေါ်ရမယ့် ပြည်သူတွေက ဝိုင်းဝန်းလုပ်ဆောင်ကြပါမှ မြန်မာနိုင်ငံဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အပြည့်ရတဲ့ နိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ပြီလို့ ကမ္ဘာ့အလယ်မှာ လက်ခမောင်းခတ်ကြွေးကြော်နိုင်မှာ ဖြစ်ပါကြောင်း ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့အမှတ်တရ အယ်ဒီတာအာဘော်ကဏ္ဍကနေ တင်ပြလိုက်ရပါတယ်။

Voice Of Myanmar အယ်ဒီတာအဖွဲ့

Zawgyi

သတင္းလြတ္လပ္ခြင့္နဲ႕ ဒီမိုကေရစီ

ဒီမိုကေရစီႏိုင္ငံလို႕ေျပာရင္ ဘာေပတံနဲ႕အရင္တိုင္းရမလဲဆိုရင္ လြတ္လပ္စြာေျပဆိုခြင့္၊ေရးသားေဖၚထုတ္ခြင့္စတဲ႕ ေပတံနဲ႕ အရင္တိုင္းၾကပါတယ္။ ဒီေန႕ ဒီမိုကေရစီႏိုင္ငံဆိုတဲ႕ ႏိုင္ငံႀကီးေတြမွာလည္း သတင္းကန္႕သတ္တာ ထိမ္းခ်ဳပ္တာေတြရွိေနဆဲပါ။ အိႏိၵယလို ဒီမိုကေရစီႏိုင္ငံမွာ အစိုးရဆီက သတင္းအခ်က္လက္ရဖို႕ခဲယဥ္းတာေတြရွိပါတယ္။ ဒါေပမယ့္ အိႏိၵယမွာ သမၼတကိုျဖစ္ျဖစ္ ဝန္ႀကီးခ်ဳပ္ကိုျဖစ္ျဖစ္ ေဝဖန္လို႕ ေထာက္ျပလို႕ ၊ အေျပာင္သေဘာနဲ႕ သေရာ္တာတို႕ လုပ္ၾကတာကို တရားစြဲတာ ဖမ္းဆီးတာ သိပ္မရွိပါဘူး။ ဒါဟာ ဒီမိုကေရစီရဲ႕ အႏွစ္သာရပါ။ ဒီလိုေျပာလို႕ လြတ္လပ္စြာဆဲဆိုခြင့္၊ ကိုယ္ေရးကိုယ္တာကိစၥ ထိခိုက္ေစာ္ကားပိုင္ခြင့္နဲ႕ ေရာေထြးမသြားေစခ်င္ပါဘူး။

လက္ရွိက်ေနာ္တို႕ျမန္မာႏိုင္ငံမွာလူထုကေရြးခ်ယ္တဲ႕ အရပ္သားအစိုးရတက္လာပါၿပီ။ သတင္းမီဒီယာလြတ္လပ္ခြင့္အဆင့္ေတြတိုးလာၿပီလား ေမးစရာျဖစ္လာပါတယ္။ ကမၻာ့စစ္တမ္းေတြအရ အရင္ျပည္ခိုင္ၿဖိဳးအစိုးရထက္ လြတ္လပ္ခြင့္က်လာတာကိုေတြ႕ရပါမယ္။ အမ်ိဳးသားဒီမိုကေရစီအစိုးရလက္ထက္ တက္ခါစက သတင္းလြတ္လပ္ခြင့္သတ္မွတ္တဲ႕ ႏိုင္ငံ ၁၈၀ထဲမွာ ၁၃၁ ရွိေနရာက ခုလက္ရွိအေနအထားမွာ ၁၃၉ ထိ က်ဆင္းသြားပါသတဲ႕။

ဒါေတြဟာ အေၾကာင္းမဲ႕ ရမ္းသမ္းလုပ္ထားတဲ႕စစ္တမ္းေတြမဟုတ္ပါဘူး။ လြတ္လပ္စြာေျပာဆိုေရးသားခြင့္အေရးကိုလုပ္ေနတဲ႕ အသံအဖြဲ႕ရဲ႕ အစီရင္ခံစာအရ ဒီအစိုးရလက္မွာ လြတ္လပ္စြာထုပ္ေဖၚခြင့္ဆိုင္ရာ ဥပေဒနဲ႕အေရးယူခံရတဲ႕ အမွဳေပါင္းဟာ ၅၃၉ ခုရွိၿပီး လူဦးေရအားျဖင့္ ၁၀၅၁ ေယာက္ရွိပါသတဲ႕၊ ဒီထဲမွာ သတင္းသမားေတြအေရးယူခံရမွဳက ၆၇ ခုရွိတာကိုေတြ႕ရပါတယ္။ ဒါေတြကိုၾကည့္ခ်င္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္အေနအထားကိုရွင္းလင္းစြာ ေတြ႕ရမွာျဖစ္ပါတယ္။

လက္ရွိမွာ သတင္းဌာနေတြအပါအဝင္ ဝဘ္ဆိုဘ္ေပါင္း ၂၂၀ေက်ာ္ကို ျပည္သူေတြၾကည့္မရေအာင္ ဆက္သြယ္ေရးကေန ပိတ္ထားပါတယ္။ ဒီထဲမွာ Voice Of Myanmar သတင္းဌာနလည္း အပါအဝင္ပါ။ ဘယ္လိုစည္းကမ္းေၾကာင့္ ဘယ္ဥပေဒေၾကာင့္ ပိတ္တယ္ဆိုတာ အသိမေပး မေၾကျငာဘဲ ပိတ္ပစ္လို႕ရတာ ဒီမိုကေရစီလားလို႕ ေမးခြန္းထုတ္စရာပါ။

ျမန္မာႏိုင္ငံဟာ အပိုဒ္သံုးဆယ္ပါတဲ႕ လူ႕အခြင့္အေရးေၾကျငာစာတမ္းကို လက္မွတ္ေရးထိုးထားတဲ႕ႏိုင္ငံပါ ။ ဒီထဲက ပုဒ္မ ၁၉တခုတည္းကိုပဲ ထုတ္ႏုတ္ျပရရင္ လြတ္လပ္စြာထုတ္ေဖၚတင္ျပေျပာဆိုခြင့္ နဲ႕ သတင္းမ်ားရယူခြင့္ရွိရမည္လို႕ ပါရွိတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္ Voice Of Myanmar အယ္ဒီတာခ်ဳပ္အပါအဝင္ သတင္းမီဒီယာ ၄ခုဟာ အစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကျငာထားတဲ႕႕ ရခိုင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေအေအနဲ႕ ဆက္သြယ္သတင္းေရးလို႕ဆိုၿပီး ႀကီးေလးတဲ႕ ျပစ္ဒဏ္ေပးႏိုင္တဲ႕ ပုဒ္မေတြနဲ႕ တရားစြဲဆိုထားတာေတြရွိေနပါတယ္။ ဒါေတြက လူ႕အခြင့္အေရးေၾကျငာစတမ္း အပိုဒ္ ၁၉ ကို လိုက္နာျခင္းမရွိတာ သိသာထင္ရွားစြာ ျမင္ရမွာပါ။

သတင္းသမားသည္ သတင္းအလုပ္လုပ္တာျဖစ္တယ္။ ၿငိမ္းခ်မ္းေရးပ်က္ျပားေအာင္ ၊ ဆူပူေအာင္ေသြးထိုးလွံဳေဆာ္တဲ႕ အေရးအသားေတြ မေရးရဘူးဆိုတာ သတင္းမီဒီယာက်င့္ဝတ္ကို လိုက္နာသူတိုင္း သိၾကပါတယ္။ တိုင္းျပည္ပ်က္မွာကို ဘယ္ျမန္မာႏိုင္ငံသား၊ ဘယ္သတင္းသမားမွ လိုလားမယ္မထင္ပါဘူး။ ဒ့ါေၾကာင့္ သတင္းမီဒီယာလြတ္လပ္ခြင့္ကို ဦးစားေပးသင့္ပါတယ္။

သတင္းမီဒီယာလြတ္လပ္ခြင့္အဆင့္အတန္းက်ဆင္းလို႕ တေယာက္တေယာက္အျပစ္ေျပာေနလို႕မၿပီးပါဘူး။ က်ေနာ္တို႕ ႏိုင္ငံရဲ႕ အားနည္းတဲ႕ ဥပေဒေတြကိုျပင္ဖို႕လိုသလို၊ သတင္းမီဒီယာလြတ္လပ္ခြင့္အတြက္ ႀကိဳးစားေနတဲ႕အဖြဲ႕ေတြကို အားေပးၾကရမွာ။ ဒါေတြကို အစိုးရအပါအဝင္၊ သတင္းမီဒီယာသမားေတြနဲ႕ ပဥၥမမ႑ိဳင္လို႕ ေခၚရမယ့္ ျပည္သူေတြက ဝိုင္းဝန္းလုပ္ေဆာင္ၾကပါမွ ျမန္မာႏိုင္ငံဟာ သတင္းမီဒီယာလြတ္လပ္ခြင့္အျပည့္ရတဲ႕ ႏိုင္ငံျဖစ္ၿပီး ဒီမိုကေရစီႏိုင္ငံစစ္စစ္ျဖစ္ၿပီလို႕ ကမ႓ာ့အလယ္မွာ လက္ခေမာင္းခတ္ေႂကြးေၾကာ္ႏိုင္မွာ ျဖစ္ပါေၾကာင္း ကမၻာ့သတင္းမီဒီယာလြတ္လပ္ခြင့္ေန႕အမွတ္တရ အယ္ဒီတာအာေဘာ္က႑ကေန တင္ျပလိုက္ရပါတယ္။

Voice Of Myanmar အယ္ဒီတာအဖြဲ႕

Related posts

Leave a Comment

VOM News

FREE
VIEW