သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြေဆိုခွင့်၊ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြပါတယ်။ ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိမ်းချုပ်တာတွေရှိနေဆဲပါ။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ အစိုးရဆီက သတင်းအချက်လက်ရဖို့ခဲယဉ်းတာတွေရှိပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ သမ္မတကိုဖြစ်ဖြစ် ဝန်ကြီးချုပ်ကိုဖြစ်ဖြစ် ဝေဖန်လို့ ထောက်ပြလို့ ၊ အပြောင်သဘောနဲ့ သရော်တာတို့ လုပ်ကြတာကို တရားစွဲတာ ဖမ်းဆီးတာ သိပ်မရှိပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒီလိုပြောလို့ လွတ်လပ်စွာဆဲဆိုခွင့်၊ ကိုယ်ရေးကိုယ်တာကိစ္စ ထိခိုက်စော်ကားပိုင်ခွင့်နဲ့ ရောထွေးမသွားစေချင်ပါဘူး။ လက်ရှိကျနော်တို့မြန်မာနိုင်ငံမှာလူထုကရွေးချယ်တဲ့ အရပ်သားအစိုးရတက်လာပါပြီ။ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်တွေတိုးလာပြီလား မေးစရာဖြစ်လာပါတယ်။ ကမ္ဘာ့စစ်တမ်းတွေအရ အရင်ပြည်ခိုင်ဖြိုးအစိုးရထက် လွတ်လပ်ခွင့်ကျလာတာကိုတွေ့ရပါမယ်။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် တက်ခါစက သတင်းလွတ်လပ်ခွင့်သတ်မှတ်တဲ့ နိုင်ငံ ၁၈၀ထဲမှာ ၁၃၁ ရှိနေရာက ခုလက်ရှိအနေအထားမှာ ၁၃၉ ထိ ကျဆင်းသွားပါသတဲ့။ ဒါတွေဟာ အကြောင်းမဲ့ ရမ်းသမ်းလုပ်ထားတဲ့စစ်တမ်းတွေမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုရေးသားခွင့်အရေးကိုလုပ်နေတဲ့ အသံအဖွဲ့ရဲ့…

Read More
VOM News

FREE
VIEW