လပြည့်ည၏ လရောင်အောက်က စန္ဒာမုနိရင်ပြင်

ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲ ရောက်တော့ နေထန်းတစ်ဖျားထိလုပြီ။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံသဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရား အနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ်တက်တော့ လူသူမရှိ။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေ ကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြမပူသေး။ ဆောင်းနှောင်း နှင်းကြွင်းကို နွေးစေရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့် စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ် ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ် နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ် နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ် နေရာလည်း ဖြစ်သည်။…

Read More

လွမ်းသနော် ဘုရားပွဲတော်

  ဆူးငှက် ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီး ဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ် လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရားအရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင် မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များ က ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကိုအမှီပြု၍ လယ်ယာမြေလုပ်ကိုင်ကြသော လမိုင်း သားတို့က မိမိတို့ရွာအသီးသီးမှ လှည်းတပ်ကြီးချီကာ ဘုရားပွဲအမီ…

Read More

ကြည့်ချင်ပွဲ

  ဆူးငှက် မန္တလေး ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့တွဲပြီး အစဉ်အလာ ပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအဝင်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံ နေပြည်တော် ခေတ်မှာ ကတည်းက ထီးသုံးနန်းသုံးအနေနဲ့ရှိခဲ့တာပါ။ ကျွန်တော်မွေးဖွားကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါတယ်။ မလှမ်းမကမ်းမှာ ဆိုင်းအဖွဲ့ပါတယ်။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီးတီးခတ်တယ်။ ပြီးမှ အိမ်တော်ရာအရှေ့ မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့ကတီးမှုတ်တယ်။ ကျွန်တော်က ကလေးပေမယ့် စည်တော်ကြီးကို သဘောကျတယ်။ အိမ်တော်ရာဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။ အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး…

Read More

ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက်   “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…

Read More

အတိတ်နဲ့ ပစ္စုပ္ပန် ရွှေစာရံ

မတ် ၁၇-၂၀၂၂ (VOM) ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။ ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ YouTube…

Read More

တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်

မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE

Read More

မြန်မာရိုးရာ ရောင်စုံမီးပုံးတွေကို ဘယ်လိုပြုလုပ်ရသလဲ

မန္တလေး၊ အောက်တိုဘာ- ၅- ၂၀၂၁ SA(VOM) ဆယ့်နှစ်လရာသီပွဲတော်တွေထဲကမှ ထူးခြားတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ အခါသမယမှာ ကလေးသူငယ်တွေအတွက် ကစားစရာတစ်ခုဖြစ်တဲ့ ရောင်စုံမီးပုံးလေးတွေကို ဘယ်လိုပြုလုပ်သလဲဆိုတာကို VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရောင်စုံမီးပုံး Youtube Link – https://youtu.be/jUZVuXXxeZc

Read More

တပ်ကြီးကျေးရွာက ဆီးမီးခွက်လုပ်ငန်း

အောက်တိုဘာ ၄ -၂၀၂၁ SA (VOM) စစ်ကိုင်းတိုင်း၊ တပ်ကြီးကျေးရွာမှာ ရိုးရာဆီးမီးခွက်နဲ့ အလှဆင်ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေရာနဲ့ချီရှိနေပါတယ်။ ဆီမီးခွက်တွေကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ အများဆုံးပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တပ်ကြီးကျေးရွာမှာ ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေ တစ်ရာကျော်ရှိသလို တစ်ရက်ကို တစ်အိမ်မှာ ဆီမီးခွက် အရေအတွက် တစ်ထောင်ကျော် ထွက်တယ်လို့လည်း သိရပါတယ်။ တပ်ကြီးကျေးရွာက ထွက်ရှိတဲ့ ဆီမီးခွက်တွေကိုတော့ တောင်ကြီးမြို့၊ လားရှိုးမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ သာစည်မြို့နဲ့ လှိုင်းတက်မြို့ ပဲခူးမြို့တို့ကို ဖောက်သည်ဈေးနဲ့ ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း ဆီမီးခွက်လုပ်ငန်းကတော့ အရောင်းအဝယ် လျော့ကျသွားတာမျိုး မရှိသလို ရောင်းအားကောင်းနေဆဲပဲလို့ ဆီမီးခွက်လုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ဆေးရောင်ခြယ်သ မထားတဲ့ ဆီမီးခွက် တစ်ထောင်အရေအတွက်ပါတဲ့ ခြင်းတစ်ခြင်းကို တစ်သောင်းခွဲကျပ် ကျသင့်ပြီး ဆေးရောင်ခြယ်ထားတဲ့ ဆီမီးခွက် ခွက်ရေတစ်ထောင်ကို သုံးသောင်းခွဲကျပ်ကျတယ်လို့လည်း သိရပါတယ်။…

Read More

တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်

ဇန်နဝါရီ ၁၇ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပခွင့်မရတာကြောင့် အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်တယ်လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ “ ပထမမှာ မြန်မာ့အသံကနေ လွှင့်မယ်။ အဆိုတွေ အကတွေ ဒေသရဲ့ အကြောင်းအရာတွေ အဝတ်အထည် သမိုင်းကြောင်းကို မြန်မာ့အသံက သောကြာနေ့တိုင်း ည ၉ နာရီကနေ ၁၁ နာရီထိ ပြသွားမှာပါ ။ အဲ့ဒါကိုတော့ ဖေဖော်ဝါရီ ၁၂၊ ၁၉၊ ၂၆ ၊ မတ်လ ၅ ရက် ၊ ၁၂ ရက် စုစုပေါင်း ၅ ကြိမ် ပြသွားမှာပါ။ တိုင်းရင်းသားတွေရဲ့ အနည်းဆုံး သီချင်း ၃ ပုဒ်နဲ့ အက ၂ မျိုးတင်ဆက်မယ်။ ဖေ့စ်ဘုတ်ကနေလည်း တင်ပြမယ်။…

Read More

တောင်ကြီးမြို့က ခရစ်ယာန်ကျောင်းကတော့ ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ တိုက်ရိုက်ထုတ်လွှင့်ဖို့စီစဉ်ထား

တောင်ကြီး၊ ဒီဇင်ဘာ – ၂၃- ၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ ကျန်းမာရေးစည်ကမ်းချက်တွေထုတ်ပြန်ထားတာကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ Online ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး အသင်းဝင်တွေအနေနဲ့ အိမ်ကနေ ကြည့်ရှုကြဖို့ စီစဉ်ထားတယ်လို့ ကရင်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကြီး ဒေါက်တာစောခါးရီးထူး က အခုလိုပြောပါတယ်။ #VOM #voiceofmyanmar #Taunggyi #ခရစ္စမတ် #Live

Read More
VOM News

FREE
VIEW