မန္တလေး ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ (ရုပ်သံ)

မန္တလေး၊ ဧပြီ – ၂၉- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။
ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ် ကွက်သစ် (၂) နံပါတ် ၂ ကျတဲ့ ရွှေလေးကွက်သစ်(၁) တို့ကဝင်းခင်းပြီးတော့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အသီးသီးတို့ကလည်း အမျိုးသား/ အမျိုးသမီးတွေစုပေါင်းကာ တူညီဝတ်စုံတွေနဲ့ စုရပ်ဖြစ်တဲ့ မင်္ဂလာညောင်စဥ်ကျောင်းတိုက်ကနေ ရွှေကြက်ယက်စေတီတော်အထိ စီတန်းလှည့်လည်တာဖြစ်တယ်လို့ သိရပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှကြွယ်၊ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက်၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း တို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ညောင်ရေသွန်းလောင်းခဲ့ကြပါတယ်။
မနက်ဖြန် ကဆုန်လပြည့်နေ့မှာတော့ ရွှေကြက်ယက်တိုက်နယ်အတွင်းက ဘုန်းကြီးကျောင်းတွေကို ဆွမ်းလောင်းလှူသွားမှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဥ်အနေနဲ့ သစ်လွင်အငြိမ့်ကို မနက် ၁၀ နာရီကတင်ပြီး နေ့လယ် ၃ နာရီ အထိ ရွေကြက်ယက်ဘုရားခြေရင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော် အစီအစဥ်တွေပတ်သက်ပြီး ရွှေကြက်ယက်ဂေါပက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းနဲ့ အတွင်းရေးမှူး ဦးအောင်ခန့် တို့က VOM ကို အခုလိုပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW