ဘာဆုတောင်းကြမလဲ မိတ်ဆွေ
Taung Byone
ဆူးငှက်   “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…
Read More
အတိတ်နဲ့ ပစ္စုပ္ပန် ရွှေစာရံ
မတ် ၁၇-၂၀၂၂ (VOM) ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။ ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ YouTube…
Read More
တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်
မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE
Read More
မြန်မာရိုးရာ ရောင်စုံမီးပုံးတွေကို ဘယ်လိုပြုလုပ်ရသလဲ
မန္တလေး၊ အောက်တိုဘာ- ၅- ၂၀၂၁ SA(VOM) ဆယ့်နှစ်လရာသီပွဲတော်တွေထဲကမှ ထူးခြားတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ အခါသမယမှာ ကလေးသူငယ်တွေအတွက် ကစားစရာတစ်ခုဖြစ်တဲ့ ရောင်စုံမီးပုံးလေးတွေကို ဘယ်လိုပြုလုပ်သလဲဆိုတာကို VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရောင်စုံမီးပုံး Youtube Link – https://youtu.be/jUZVuXXxeZc
Read More
တပ်ကြီးကျေးရွာက ဆီးမီးခွက်လုပ်ငန်း
အောက်တိုဘာ ၄ -၂၀၂၁ SA (VOM) စစ်ကိုင်းတိုင်း၊ တပ်ကြီးကျေးရွာမှာ ရိုးရာဆီးမီးခွက်နဲ့ အလှဆင်ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေရာနဲ့ချီရှိနေပါတယ်။ ဆီမီးခွက်တွေကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ အများဆုံးပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တပ်ကြီးကျေးရွာမှာ ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေ တစ်ရာကျော်ရှိသလို တစ်ရက်ကို တစ်အိမ်မှာ ဆီမီးခွက် အရေအတွက် တစ်ထောင်ကျော် ထွက်တယ်လို့လည်း သိရပါတယ်။ တပ်ကြီးကျေးရွာက ထွက်ရှိတဲ့ ဆီမီးခွက်တွေကိုတော့ တောင်ကြီးမြို့၊ လားရှိုးမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ သာစည်မြို့နဲ့ လှိုင်းတက်မြို့ ပဲခူးမြို့တို့ကို ဖောက်သည်ဈေးနဲ့ ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း ဆီမီးခွက်လုပ်ငန်းကတော့ အရောင်းအဝယ် လျော့ကျသွားတာမျိုး မရှိသလို ရောင်းအားကောင်းနေဆဲပဲလို့ ဆီမီးခွက်လုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ဆေးရောင်ခြယ်သ မထားတဲ့ ဆီမီးခွက် တစ်ထောင်အရေအတွက်ပါတဲ့ ခြင်းတစ်ခြင်းကို တစ်သောင်းခွဲကျပ် ကျသင့်ပြီး ဆေးရောင်ခြယ်ထားတဲ့ ဆီမီးခွက် ခွက်ရေတစ်ထောင်ကို သုံးသောင်းခွဲကျပ်ကျတယ်လို့လည်း သိရပါတယ်။…
Read More
တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်
ဇန်နဝါရီ ၁၇ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပခွင့်မရတာကြောင့် အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်တယ်လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ “ ပထမမှာ မြန်မာ့အသံကနေ လွှင့်မယ်။ အဆိုတွေ အကတွေ ဒေသရဲ့ အကြောင်းအရာတွေ အဝတ်အထည် သမိုင်းကြောင်းကို မြန်မာ့အသံက သောကြာနေ့တိုင်း ည ၉ နာရီကနေ ၁၁ နာရီထိ ပြသွားမှာပါ ။ အဲ့ဒါကိုတော့ ဖေဖော်ဝါရီ ၁၂၊ ၁၉၊ ၂၆ ၊ မတ်လ ၅ ရက် ၊ ၁၂ ရက် စုစုပေါင်း ၅ ကြိမ် ပြသွားမှာပါ။ တိုင်းရင်းသားတွေရဲ့ အနည်းဆုံး သီချင်း ၃ ပုဒ်နဲ့ အက ၂ မျိုးတင်ဆက်မယ်။ ဖေ့စ်ဘုတ်ကနေလည်း တင်ပြမယ်။…
Read More
တောင်ကြီးမြို့က ခရစ်ယာန်ကျောင်းကတော့ ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ တိုက်ရိုက်ထုတ်လွှင့်ဖို့စီစဉ်ထား
တောင်ကြီး၊ ဒီဇင်ဘာ – ၂၃- ၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ ကျန်းမာရေးစည်ကမ်းချက်တွေထုတ်ပြန်ထားတာကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့မှာ လူစုလူဝေးမဖြစ်စေဖို့ Online ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး အသင်းဝင်တွေအနေနဲ့ အိမ်ကနေ ကြည့်ရှုကြဖို့ စီစဉ်ထားတယ်လို့ ကရင်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကြီး ဒေါက်တာစောခါးရီးထူး က အခုလိုပြောပါတယ်။ #VOM #voiceofmyanmar #Taunggyi #ခရစ္စမတ် #Live
Read More
မဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅သောင်းကျော်နဲ့ အထူးပြုပြင်ထားပြီးပြီမို့ ပြန်ဖွင့်ခွင့်ရရင် ဖူးမျှော်ခံရန်အသင့်ဖြစ်နေပြီ
Read More
အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့
အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ နေလင်း- ရှိုင်းအောင် (Voice of Myanmar) တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ ယွန်းထည်ပစ္စည်းတွေဟာ တစနဲ့တစ လူစိတ်ဝင်စားမှုနည်းပြီး ရောင်းအားတွေကျလာပါတယ်။ လက်ရှိအချိန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါဖြစ်နေချိန်မို့ ကမ္ဘာလှည့်ခရီးသွားတွေကို အားထားနေရတဲ့ ပုဂံက ယွန်းထည်ပစ္စည်းလုပ်ငန်းဟာ ဝယ်သူမျှော်ရင်း အိပ်မောကျနေရပါပြီ။ ယွန်းလောက ပြန်လည်နိုးထဖို့ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာ ယွန်းလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ BAGAN HOUSE ယွန်းလုပ်ငန်းပိုင်ရှင် ဒေါ်မော်မော်အောင်နဲ့ VOM က တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်းတင်ဆက်- နေလင်း အယ်ဒီတာချုပ် (VOM) ရိုက်ကူး-တည်းဖြတ်- ရှိုင်းအောင် (VOM) Zawgyi အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ (VoiceofMyanmar) နေလင်း- ရှိုင်းအောင် တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့…
Read More
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်
Photo -သီတဂူအဓိပတိဆရာတော်ရဲ့ (၈၂) နှစ်ပြည့် မွေးနေ့ ကောင်းမှုတော်စေတီတော်တွင် သံဃာတော်များအား ဆွမ်းကြီးလောင်းနေစဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ် စစ်ကိုင်း၊ မတ် ၅ -၂၀၂၀ မောင်တာရာ (VOM) နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အတွက် ဒီနှစ် ကျင်းပမယ့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲကို လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။ တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသောအားဖြင့်လည်းကောင်း၊ ရဟန်းရှင်လူ ဒကာ ဒကာမတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မိသောကြောင့်လည်းကောင်း မွေးနေ့ပူဇာ အလှူမင်္ဂလာကို လူဦးရေအကန့်အသတ်နဲ့သာ ကျင်းပပြုလုပ်မယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဝန်ဆောင်သံဃာတော် (ဥက္ကဌ) ဘဒ္ဒန္တကောဝိဒ က မိန့်ကြားပါတယ်။…
Read More
VOM News
FREE
VIEW