ကျောက်ဆည်က ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲ အရင်နှစ်တွေထက် ပိုစည်အောင်ကျင်းပမယ်

 

ကျောက်ဆည်၊ အောက်တိုဘာ – ၂၃- ၂၀၂၃
SA(VOM)

Covid- 19 ကပ်ရောဂါ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အချိန်က စတင်ပြီး နှစ်ပေါင်းများစွာ အကျဥ်းချုံး ကျင်း ပခဲ့ရတဲ့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက်နေ့က စတင်ပြီး ရွှေသာလျောင်းတောင်ခြေမှာစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ကျောက်ဆည်က ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲ အရင်နှစ်တွေထက် ပိုစည်အောင်ကျင်းပမယ်

” အရင်နှစ်တွေကထက် စည်မယ်လို့ပြောလို့ရတယ်၊ အရင်နှစ်က ဆင်လှူပွဲကို လပြည့်နေ့မှာ လုပ်တယ်၊ ဖျော်ဖြေပွဲတွေကိုတောင် သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်နေ့ကမှ လုပ်လိုက်တာကို အတော်စည်တယ်၊ အခုနှစ်လည်း အတော်စည်ကားမှာပါ၊ တမြို့လုံးက တောင်းတနေတဲ့ ပွဲကြီးဆိုတော့လေ” လို့ ဇော်ဂျီမောင် ဆင်အကအဖွဲ့ တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။

ပြိုင်ပွဲဝင်ဖို့အတွက် ခန့်မှန်းချေ ဘော်ကြယ်ဆင် ၄ စီး၊ အကြီးတန်း အရိုင်းဆင် ၅ စီး၊ အငယ်တန်း အရိုင်းဆင် ၅ စီးဝန်းကျင်ခန့်မှာ ရှိတယ်လို့သိရပြီး မြို့ပတ်ပြီး ဖျော်ဖြေမယ့်ဆင်အကောင်ရေ ၁၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ အကြမ်းအားဖြင့် စုံစမ်းသိရှိပါတယ်။ စုကြေးငွေနဲ့ ပြိုင်ပွဲဝင် ဆင်အရေအတွက်ကို အတိအကျသိရှိဖို့အတွက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တွေကို ဆက်သွယ်စုံစမ်းဖို့ ကြိုးစားနေပါတယ်။

ကျောက်ဆည်က ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲ အရင်နှစ်တွေထက် ပိုစည်အောင်ကျင်းပမယ်

ပြည်တွင်းမှာ မက ပြည်ပနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေပါ စိတ်ဝင်တစား ရှိကြတဲ့ မြန်မာ့ရိုးရာ ကျောက်ဆည်ဆင် အလှူပွဲတော်နဲ့ ဆင်အကအလှ ပြိုင်ပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ ကစတင်ကာ ကျောက်ဆည်မြို့က ရွှေသာလျောင်း တောင်ခြေမှာကျင်းပပြုလုပ်ပြီးတော့ လပြည့်နေ့မှာ ဆင်အလှူပွဲတော်ကို ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

လယ်တွင်းကိုးခရိုင်ကို ဆည်၊ မြောင်း၊ ကန်၊ ချောင်းတို့ကို ဆည်ဖို့ တည်ဆောက်ပေးခဲ့ပြီး ဆန်၊ ရေ၊ စပါး ပေါကြွယ်ဝအောင် ပြုလုပ်ပေးခဲ့တဲ့ အနော်ရထာမင်းကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်လာခဲ့တာ နှစ်ပေါင်း ၉၀၀ ကျော်ရှိပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW