မုံရွာမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား နှစ်ဦးသေဆုံး

    အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၃ SP ( VOM)     စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ ဆရာအတတ်သင် ပညာကောလိပ်ကျောင်း (TTC) နားမှာရှိတဲ့ သာစည်လမ်းပေါ်မှာ ဒီကနေ့ ေအာက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်လို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပစ်ကြလို့ လူ လေးယောက် ထိမှန်သေဆုံးတယ် ၊ ရဲလား ၊ စစ်လား ၊ပြည်သူ့စစ်လားတော့ အတိအကျမသိဘူး လုံခြုံရေးအဖွဲ့ဘက်ကတော့ နှစ်ယောက်သေတယ် ၊ အဲ့ဒီနားမှာရှိတဲ့ အရပ်သား တယောက်နဲ့အမျိုးသမီး တယောက် လည်း…

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက် 

  အောက်တိုဘာ ၂၃ – ၂၀၂၃ SN (VOM) အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်အထိ တပတ်တာကာလအတွင်း ‌ပြည်တွင်းရွှေ‌ဈေး အနည်းငယ် မြင့်တက်လာခဲ့သလို ငွေလဲနှုန်း အနည်းငယ် ကျဆင်းခဲ့ပေမယ့် စက်သုံးဆီဈေးနှုန်းတွေကတော့ အတက်အကျ မရှိသလောက်ဖြစ်ခဲ့ပြီး ဈေးငြိမ်နေခဲ့ပါတယ်။ မတည်ငြိမ်တဲ့ ကမ္ဘာ့ရေးရာ‌တွေကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းနဲ့အတူ မြန်မာ့ရွှေဈေးနှုန်းလည်း အနည်းငယ် မြင့်တက်လျက်ရှိကာ ငွေလဲနှုန်းနဲ့ စက်သုံးဆီဈေးတွေလည်း တက်ရိပ်ပြလာနိုင်တယ်လို့  ဈေးကွက်ကျွမ်းကျင်သူတွေနဲ့ လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ခန့်မှန်း သုံးသပ်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေလဲနှုန်းတွေဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ တည်ငြိမ်ခဲ့ပြီး ဒီကနေ့ ဈေးကွက်အဖွင့် အောက်တိုဘာ၂၃ ရက်နေ့ (တနင်္လာနေ့) မှာတော့ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ကျဆင်းလျက်ရှိကာ စက်သုံးဆီဈေးနှုန်းတွေဟာလည်းအလှုပ်အခတ် နည်းနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်ရက်သတ္တပတ်အတွင်း…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်ပကို ရာဘာတင်ပို့မှု တတန်ကို ၁၀ သိန်းလောက် ဆုံးရှုံးမှူရှိ ၊ တရားမဝင်ပို့သူတွေသာ အမြတ်အစွန်းရနေ

  ရန်ကုန်၊အောက်တိုဘာ ၂၃ – ၂၀၂၃ GG (VOM)   ပြည်ပကို ရာဘာတင်ပို့မှု တတန်ကို ငွေကျပ် ၁၀ သိန်းလောက် ဆုံးရှုံးမှုရှိနေပေမယ့်လည်း စာချုပ်ချုပ်ဆိုထား ပို့ကုန်သမားတွေအနေနဲ့ အရှုံးခံပြီးတင်ပို့နေရတယ်လို့ ရာဘာလုပ်ငန်းရှင်တွေဆီကသိရပါတယ်။   ပြည်တွင်းမှာ ဝယ်ယူရတဲ့ ရာဘာဈေးနူန်းက မြင့်ပြီး နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ ပြန်ရတဲ့ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်မူဝါဒ ငွေကျပ်ဖြင့် လဲလှယ်ရတာကြောင့် အရှုံးပေါ်တဲ့အခြေအနေမျိုးဖြစ်တယ်လို့သိရပါတယ်။   ” ပို့ကုန်သမားတွေကတော့ ပင်လယ်ရေကြောင်းကနေ နိုင်ငံခြားကိုတင်ပို့ဖို့ကတော့ပို့နိုင်တဲ့အခြေအနေမရှိသေးဘူး။ အခုက ဗဟိုဘဏ်ရဲ့မူဝါဒအရ ရာဘာတတန်တင်ပို့ရင် ၁၀ သိန်းရှုံးနေတယ်၊အဲ့တော့ အဲ့လောက်ကြီးရှုံးနေတော့မပို့နိုင်တော့ဘူး၊အဲ့တော့ စာချုပ်ချုပ်ထားတဲ့၊စာချုပ်မိနေတဲ့ကုမ္ပဏီတွေလောက်ပဲ ခြေချုပ်မိနေတဲ့သဘောဖြစ်နေတယ်၊ နှစ်ချုပ်ချုပ်ထားထားတာပေါ့၊ တလကို ဘယ်လောက် ပေးရမယ်၊ဘယ်လောက်ရောင်းပေးရမယ်ဆိုတဲ့စာချုပ်၊တနှစ်ပတ်လုံးကိုရောင်းပေးရမယ်ပေါ့၊ အဲ့ဒီစာချုပ်ထဲမှာပါတဲ့အတိုင်းကို မရောင်းပေးနိုင်ရင် ပြန်လျော်ရမယ့်ပိုက်ဆံကများတယ်၊ပြီးတော့မိတ်ပျက်မယ်၊အဲ့တော့အလျော်လည်းပေးရအုံးမယ်၊မိတ်လည်းပျက်သွားအုံးမယ်ဆိုတော့စာချုပ်ချုပ်ထားသူတွေကအရှုံးခံပြီးပို့နေရအုံးမယ်၊လက်ရှိအောက်ခြေမှာပေါက်နေတဲ့ဈေးကိုဝယ်ပြီးတင်ပို့ရင် ပြန်ရတဲ့ဒေါ်လာနဲ့ ဗဟိုဘဏ်ရဲ့မူဝါဒနဲ့ ကျပ်ငွေပြန်လဲပေးတာက အရှုံးဖြစ်နေတာပေါ့၊ ” လို့ ရာဘာလုပ်ငန်းရှင်တယောက်ကပြောပြပါတယ်။   ရာဘာကို…

Read More

မနက်ဖန်က စလို့ လူကိုယ်တိုင် ထောင်ဝင်စာ ၊ ဧည့်တွေ့ခွင့်ရပြီ

  အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၃ SP ( VOM)   တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ မနက်ဖန် အောက်တိုဘာ ၂၄ ရက်ကစလို့ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။   ” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ” လို့ အကျဉ်းထောင် နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။   အကျဉ်း ကျခံနေရတဲ့ နိုင် / ကျဉ်း…

Read More

လောက်ကိုင်ရှိ အင်တာနက်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ စီစဉ်

  လောက်ကိုင်၊ အောက်တိုဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မှာ အင်တာနက်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။   ထိုင်းနိုင်ငံသား အမျိုးသားအယောက် ၉၀ နဲ့အမျိုးသမီး အယောက် ၃၀ တို့ဟာ အင်တာနက်ငွေလိမ်ဂိုဏ်းတွေက အလုပ်လုပ်ဖို့ ဖျားယောင်းခေါ်ဆောင်ခံခဲရတာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာပါတာရာချော့ခ်က ပြောပါတယ်။   သူတို့တွေဟာ ကနဦးမှာတော့ သူတို့ဘာလုပ်လုပ်ကိုင်ရမယ်ဆိုတာ ရှင်းလင်းစွာ မသိခဲ့ရဘူးလို့ ဆိုပါတယ်။ သူတို့တွေကို မြန်မာလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ အခြားမြန်မာဘက်က သက်ဆိုင်ရာအဖွဲ့တွေက လောက်ကိုင်ကနေ ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။   လက်ရှိမှာတော့ ထိုင်းနိုင်ငံသား အယောက် ၁၂၀ ကို မြန်မာအာဏာပိုင်တွေက နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး လောက်ကိုင်မှာ ကျန်ရှိနေသေးတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ဆက်သွယ်ရှာဖွေနေတယ်လို့ ဆိုပါတယ်။…

Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရ

  အောက်တိုဘာ ၂၃ – ၂၀၂၃ SN (VOM) မနေ့ အောက်တိုဘာ ၂၂ ရက်၊ ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ “မနေ့ညက ၉ နာရီ၊ ၃ မိနစ်လောက်မှာ ပေါက်ကွဲသံကြားရတာ။ အသံက တော်တော်ကျယ်တယ်။ ပေါက်ကွဲမှုလည်းပြီးရော ထုံးစံအတိုင်း အဲ့ဒီ့နေရာတဝိုက် လေတပ်နဲ့ မှော်ဘီတိုးဂိတ်တွေမှာ ယာဉ်အသွားအလာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေလုပ်တယ်။ လေယာဉ်အနိမ့်ပျံသန်းပြီးတော့ကို ရပ်ကွက်တွေထဲ ဆလိုက်မီးတွေနဲ့ ထိုးပြီးတော့ကိုရှာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မှော်ဘီ၊ ထောက်ကြန့်နဲ့ လှည်းကူးမြို့နယ် အနီးတဝိုက်မှာ ရဟတ်ယာဉ်တွေ အနိမ့်ပျံပြီး ဆလိုက်မီးတွေထိုးကာ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ တိုက်ခိုက်မှုကို Urban…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၃ ရက်)

  Voice of Myanmar   -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၉၀ ကျပ် ဝယ်ဈေး – ၃၂၄၀ ကျပ်   -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၂၀ ကျပ် ဝယ်ဈေး – ၂၃၆၀ ကျပ်   -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၁၈ ကျပ်   -ထိုင်းဘတ် ရောင်းဈေး – ၉၀.၄၉ ကျပ် ဝယ်ဈေး – ၈၈.၈၈ ကျပ်   -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၀ ကျပ် ဝယ်ဈေး – ၆၉၅ ကျပ်   -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ်…

Read More

ဟဇ်ဘိုလာတွေ အစ္စရေး-ဟားမတ်စ် စစ်ပွဲထဲဝင်လာရင် မကြုံစဖူးအင်အားနဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် သတိပေး

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM)   အစ္စရေး-ဟားမတ်စ် ပဋိပက္ခမှာ ဟဇ်ဘိုလာအဖွ့ဲ စစ်ထဲဝင်လာပါက မကြုံစဖူးအင်အားနဲ့ တိုက်ခိုက်သွားမယ်လိုပ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။   ဟဇ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးနဲ့စစ်ပွဲစတင်လိုက်ခြင်းဟာ ဆိုးရွားတဲ့အကျိုးးဆက်တွေနဲ့သာရင်ဆိုင်ရလိမ့်မယ်လို့ အစ္စရေးမြောက်ပိုင်း လက်ဘနွန်နယ်စပ်က အစ္စရေးတပ်ဖွဲ့ဝင်တွေတပ်စွဲထားရာကို သွားရောက်စစ်ဆေးပြီးနောက် နေတန်ယာဟုက ဆိုပါတယ်။   အဲဒီနယ်စပ်မှာ အစ္စရေးနဲ့ဟဇ်ဘိုလာအဖွဲ့တို့အကြား တိုက်ပွဲတွေ မကြခဏဆိုသလိုဖြစ်ပွားနေပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။   တိုက်ပွဲတွေကြောင့် အစ္စရေးမှာ လူရှစ်ယောက်သေဆုံးပြီး လက်ဘနွန်ဘက်မှာတော့ လူ ၃၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဟာ တိုက်ပွဲနှစ်ခုနဲ့ရင်ဆိုင်နေရကြောင်း အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ်။   ဟဇ်ဘိုလာအဖွဲ့က စစ်ထဲပါဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင ်ဒါဟာသူတို့အတွက် မဟာအမှားကြီးဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးအတွက်မဆို အစ္စရေးအနေနဲ့အသင့်ရှိနေတယ်လို့ နေတန်ယာဟုက သတိပေးပြောဆိုပါတယ်။ ည်။

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၇ ဒေါ်လာ   -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ်   -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၀၀၀၀ ကျပ်   “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW