မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ အပစ်ခံရ

 

အောက်တိုဘာ ၂၃ – ၂၀၂၃
SN (VOM)

မနေ့ အောက်တိုဘာ ၂၂ ရက်၊ ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
“မနေ့ညက ၉ နာရီ၊ ၃ မိနစ်လောက်မှာ ပေါက်ကွဲသံကြားရတာ။ အသံက တော်တော်ကျယ်တယ်။

ပေါက်ကွဲမှုလည်းပြီးရော ထုံးစံအတိုင်း အဲ့ဒီ့နေရာတဝိုက် လေတပ်နဲ့ မှော်ဘီတိုးဂိတ်တွေမှာ ယာဉ်အသွားအလာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေလုပ်တယ်။ လေယာဉ်အနိမ့်ပျံသန်းပြီးတော့ကို ရပ်ကွက်တွေထဲ ဆလိုက်မီးတွေနဲ့ ထိုးပြီးတော့ကိုရှာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မှော်ဘီ၊ ထောက်ကြန့်နဲ့ လှည်းကူးမြို့နယ် အနီးတဝိုက်မှာ ရဟတ်ယာဉ်တွေ အနိမ့်ပျံပြီး ဆလိုက်မီးတွေထိုးကာ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပြီး ၁၀၇ မမ နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိ တိုက်ခိုက်ခံရမှုကြောင့် မှော်ဘီလေတပ်စခန်းအတွင်း အထိခိုက်အပျက်အစီးနဲပတ်သက်ပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နစကဘက်က လက်ရှိအချိန်အထိ အသိပေးချက် တစုံတရာ ထုတ်ပြန်တာမျိုး၊ ရှင်းလင်းပြောဆိုတာမျိုး မရှိသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW