မုံရွာမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား နှစ်ဦးသေဆုံး

 

 

အောက်တိုဘာ ၊ ၂၃ ၊ ၂၀၂၃

SP ( VOM)

 

 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ ဆရာအတတ်သင် ပညာကောလိပ်ကျောင်း (TTC) နားမှာရှိတဲ့ သာစည်လမ်းပေါ်မှာ ဒီကနေ့ ေအာက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်လို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

” လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပစ်ကြလို့ လူ လေးယောက် ထိမှန်သေဆုံးတယ် ၊ ရဲလား ၊ စစ်လား ၊ပြည်သူ့စစ်လားတော့ အတိအကျမသိဘူး လုံခြုံရေးအဖွဲ့ဘက်ကတော့ နှစ်ယောက်သေတယ် ၊ အဲ့ဒီနားမှာရှိတဲ့ အရပ်သား တယောက်နဲ့အမျိုးသမီး တယောက် လည်း သေတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

 

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပညာရေးကောလိပ်ကျောင်းနားမှာ ဒီမနက်ကပစ်ခတ်မှုဖြစ်တယ် တပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အရပ်သား နှစ်ယောက် သေတယ် ” လို့ ပြောပါတယ်။

 

အဲ့ဒီ သေဆုံးသူတွေကို လူမှုကူညီရေး နာရေးကားတွေက လာရောက်သယ်ဆောင်သွားပြီး မုံရွာ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ ၊ အေးသာယာရပ်ကွက် ၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်ကမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက်ကိုSurf ကားတစ်စီးပေါ်ကနေ ပစ်ခတ်သွားတာကြောင့် သေဆုံးတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာနားမှာ ရဲ နှစ်ယောက် ဖမ်းဆီးသတ်ဖြတ်ခံရပြီး သူတို့သေနတ်တွေ ပါသွားတဲ့ ဖြစ်စဥ်လည်း ရှိတယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၁ ရက်နေ့ကလည်း မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာဘုရားနားက လမ်းလုံခြုံရေးဂိတ်စခန်း ပစ်ခတ်ခံရပြီ စစ်သားသုံးဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

#voiceofmyanmar #VOM #မုံရွာပစ်ခတ်မှု

 

Telegram Link: https://t.me/VOMNEWS2023/3145

 

Related posts

Leave a Comment

VOM News

FREE
VIEW