လောက်ကိုင်ရှိ အင်တာနက်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ စီစဉ်

 

လောက်ကိုင်၊ အောက်တိုဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

 

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မှာ အင်တာနက်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။

 

ထိုင်းနိုင်ငံသား အမျိုးသားအယောက် ၉၀ နဲ့အမျိုးသမီး အယောက် ၃၀ တို့ဟာ အင်တာနက်ငွေလိမ်ဂိုဏ်းတွေက အလုပ်လုပ်ဖို့ ဖျားယောင်းခေါ်ဆောင်ခံခဲရတာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာပါတာရာချော့ခ်က ပြောပါတယ်။

 

သူတို့တွေဟာ ကနဦးမှာတော့ သူတို့ဘာလုပ်လုပ်ကိုင်ရမယ်ဆိုတာ ရှင်းလင်းစွာ မသိခဲ့ရဘူးလို့ ဆိုပါတယ်။ သူတို့တွေကို မြန်မာလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ အခြားမြန်မာဘက်က သက်ဆိုင်ရာအဖွဲ့တွေက လောက်ကိုင်ကနေ ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

 

လက်ရှိမှာတော့ ထိုင်းနိုင်ငံသား အယောက် ၁၂၀ ကို မြန်မာအာဏာပိုင်တွေက နေထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး လောက်ကိုင်မှာ ကျန်ရှိနေသေးတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ဆက်သွယ်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

 

ရန်ကုန်ရှိ ထိုင်းသံရုံးဟာ သူတို့တွေကို နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြပြီး ရန်ကုန်ကနေ လေယာဉ်နဲ့ လေကြောင်းခရီး သို့မဟုတ် တာလီလိတ်ကနေ မယ်ဆိုင်ကို ကုန်းလမ်းခရီးနဲ့ပို့မလား ရှင်းလင်းစွာ မသိရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW