ဟဇ်ဘိုလာတွေ အစ္စရေး-ဟားမတ်စ် စစ်ပွဲထဲဝင်လာရင် မကြုံစဖူးအင်အားနဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် သတိပေး

 

တဲလ်အဗစ်၊ အောက်တိုဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

 

အစ္စရေး-ဟားမတ်စ် ပဋိပက္ခမှာ ဟဇ်ဘိုလာအဖွ့ဲ စစ်ထဲဝင်လာပါက မကြုံစဖူးအင်အားနဲ့ တိုက်ခိုက်သွားမယ်လိုပ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

 

ဟဇ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးနဲ့စစ်ပွဲစတင်လိုက်ခြင်းဟာ ဆိုးရွားတဲ့အကျိုးးဆက်တွေနဲ့သာရင်ဆိုင်ရလိမ့်မယ်လို့ အစ္စရေးမြောက်ပိုင်း လက်ဘနွန်နယ်စပ်က အစ္စရေးတပ်ဖွဲ့ဝင်တွေတပ်စွဲထားရာကို သွားရောက်စစ်ဆေးပြီးနောက် နေတန်ယာဟုက ဆိုပါတယ်။

 

အဲဒီနယ်စပ်မှာ အစ္စရေးနဲ့ဟဇ်ဘိုလာအဖွဲ့တို့အကြား တိုက်ပွဲတွေ မကြခဏဆိုသလိုဖြစ်ပွားနေပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

တိုက်ပွဲတွေကြောင့် အစ္စရေးမှာ လူရှစ်ယောက်သေဆုံးပြီး လက်ဘနွန်ဘက်မှာတော့ လူ ၃၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဟာ တိုက်ပွဲနှစ်ခုနဲ့ရင်ဆိုင်နေရကြောင်း အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ်။

 

ဟဇ်ဘိုလာအဖွဲ့က စစ်ထဲပါဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင ်ဒါဟာသူတို့အတွက် မဟာအမှားကြီးဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးအတွက်မဆို အစ္စရေးအနေနဲ့အသင့်ရှိနေတယ်လို့ နေတန်ယာဟုက သတိပေးပြောဆိုပါတယ်။

ည်။

Related posts

Leave a Comment

VOM News

FREE
VIEW