တောင်သူတွေကို ကာလလတ်၊ ကာလရှည်ချေးငွေတွေထုတ်ချေးပေးဖို့ မူဝါဒမရှိသေး

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေကြတဲ့တောင်သူတွေဟာ ချေးငွေတွေကို ကာလတိုအဖြစ်သာရယူပြီး လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေတာကြောင့် ကာလလတ်၊ ကာလရှည်စနစ်နဲ့ထုတ်ချေးပေးဖို့ အတွက် ရခိုင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ဂွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။   အခုလိုလွှတ်တော်မှာ မေးခွန်းမေးမြန်းရတာဟာ လက်ရှိမှာတောင်သူတွေဟာ ချေးငွေတွေကိုတစ်နှစ်အတွင်း ပြန်လည်ပေးသွင်းနေကြရတာကြောင့် သတ်မှတ်ရက်အတွင်း ချေးငွေတွေကိုပြန်လည်ပေးသွင်းနိုင်ဖို့အတွက် မိမိတို့စိုက်ပျိုးထားတဲ့သီးနှံတွေကို ဈေးကောင်းမရရှိဘဲ ရောင်းချနေကြရတဲ့အတွက် ချေးငွေကာလတွေကို တိုးမြှင့်ပေးဖို့လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့  ဦးစိုးဝင်းက ပြောပါတယ်။ “ တောင်သူတွေက အစိုးရဆီကချေးငွေတွေကို တစ်ဧကကို ကျပ် ၁၅၀၀၀၀ နှုန်းနဲ့ ချေးငွေတွေရရှိနေတယ်။ ဒါပေမယ့် အဲ့ဒီငွေတွေကို တစ်နှစ်အတွင်းပြန်ဆပ်ရတယ်။ သီးနှံပေါ်တဲ့အချိန်မှာဆပ်ရတာဖြစ်တယ်။ ဒါကြောင့် တောင်သူတွေဟာ သူတို့ရဲ့သီးနှံတွေကို ဈေးကောင်းရရှိလာမယ့်အချိန်ကို စောင့်ဆိုင်းပြီးရောင်းချခွင့်မရဘူး။…

Read More

ဒုံဟီးမြို့ မှာ ကျောက်ကြမ်းပိုး တစ်ပိသာ ကျပ် ၃ သောင်းအထိ အရောင်းအ၀ယ်ဖြစ်

ဒုံဟီး ဖေဖော်ဝါရီ ၂၈-၂၀၁၉ မိုင်ချယ်ရီ (VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့မှာရှိတဲ့ ချောင်းကမ်းပါးတွေက ကျောက်တုံးကျောက်ခဲတွေ ကြားမှာနေထိုင်တဲ့ (ဒေသအခေါ်) ကျောက်ကြမ်းပိုးတွေကို တစ်ပိသာ ငွေကျပ် သုံးသောင်း ပေါက်တဲ့ အထိ ကချင်ပြည်နယ် မြစ်ကြီးနားဖက်ကနေ ဈေးကောင်းပေးဝယ်ယူနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ကျောက်ကြမ်းပိုး ဟာဆိုရင် အမည်းရောင်ဖြစ်ပြီး ကိုယ်ထည်အရွယ်အစားက လက်ညိုးရဲ့ လက်သည်းအရွယ်အစားလောက်သာ ရှိပြီးတော့ ချောင်းစပ်တွေမှာ ဒီဇင်ဘာလ လောက်ကနေ ဖေဖော်ဝါရီလ လောက်အထိ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအကောင်ငယ်လေးတွေကို တရုတ်နိုင်ငံက ဆေးဖက်ဝင် စားစရာအဖြစ်နဲ့ မြစ်ကြီးနားမြို့ဖက်ကနေ တင်သွင်းနေရတာကြောင့် မြစ်ကြီးနားမြို့ က ပွဲစားတွေက ကျောက်ကြမ်းပိုး ထွက်တဲ့ ဒုံဟီးမြို့ဖက်မှာလာရောက် ၀ယ်ယူကြတာ ဖြစ်တယ်လို့ ဒေသခံနာဂတိုင်းရင်းသားတွေက ပြောပါတယ်။ “ခါတိုင်းနှစ်တွေက မရောင်းရပဲ ဒီနှစ်မှ ရောင်းနေရတာ။ ဒီကဒေသခံ ဆိုင်တွေကလဲ လာရောင်းတဲ့သူ…

Read More

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့  စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက  ကျပ်သန်းပေါင်း ၇၀၀ ကျော်အရှုံးပေါ်ခဲ့

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉ TGH (VOM)   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနအောက်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက   ၅နှစ်ဆက်တိုက်အရှုံးအဖြစ် ကျပ်သန်းပေါင်း ၇၀၀ ကျော် အရှုံးပေါ် နေတယ်လို့ ဖေဖေါ်ဝါရီ၂၇ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စည်ပင်သာယာရေးဝန်ကြီးဦးမောင်မောင်စိုး ရဲ့ ပြောကြားချက်အရသိရပါတယ်။   မစို စိုက်ပျိုးမွေးမြူရေးနှင့်အပန်းဖြေစခန်းက  ကျပ်သန်း ၈၈.၀၄၇၊ အောင်ချမ်းသာ ရေငံပုစွန် မွေးမြူရေးစခန်းက  ကျပ်သန်း ၃၈.၄၀၈ ၊ ထောက်ကြန့်ကြက်မွေးမြူရေးစခန်းက ကျပ်သန်း ၃၄၀.၈၆၂၊ ဥတိုစိုက်ပျိုးမွေးမြူရေး စခန်းက အရှုံးကျပ်သန်း ၁၇၅.၆၅၁ ၊ နှစ်ရှည်ပင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အရှုံးကျပ်သန်း ၈၁.၅၇၈ ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။   “၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွက် အဲ့ဒီ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုမှာ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း အနေနဲ့ ကြက်ဆူပင်ကနေ နှစ်ရှည်ကျွန်းပင် ပြောင်းလဲစိုက်ပျိုးတော့…

Read More

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပေါက် ကျေးရွာသားနှစ်ဦးသေဆုံး

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာအုပ်စု သင်းပုန်းတန်းကျေးရွာက ဇနီးမောင်နှံနှစ်ဦးတို့ဟာ ဖေဖေါ်ဝါရီ၂၇ရက်နေ့ညနေ ၅ နာရီလောက်က လက်နက်ကြီးကျည်ဆံပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။   အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့မှာ သင်းပုန်းတန်းကျေးရွာနေ ဦးမောင်ဦးထွန်း (ဘ) ဦးအောင်ကျော်သိန်း ၃၀ နှစ်နဲ့ ဇနီးဖြစ်သူ မဆန်းဝင်းတို့ဖြစ်ကြပြီး တောထဲသို့သစ်ခုတ်ရန်သွားစဉ် မပေါက်ကွဲဘဲရှိနေတဲ့ လက်နက်ကြီးကျည်ကိုတွေ့ရှိတဲ့အတွက် ဓါးဖြင့်ခုတ်ကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။   “ပေါက်ကွဲမှုဖြစ်တာက ညနေ ၅ နာရီလောက်မှာဖြစ်တာပါ။ သူတို့လင်မယားနဲ့အတူ နောက်ထပ်ရွာသား နှစ်ယောက်ပါ ပါတယ်။ စုစုပေါင်း လေးဦးပေါ့။ သစ်ခုတ်ဖို့သွားကြတဲ့အခါ တောထဲမှာ အဲ့ဒီဗုံးသီးကိုတွေ့တယ်။ ရွာကိုယူလာဖို့အတွက် လှေပေါ်ကိုသယ်ယူလာခဲ့ကြတယ်။ အဲ့ဒီမှာ ကိုမောင်ဦးထွန်းက ဓါးနဲ့ခုတ်ကြည့်ရာမှာ ပေါက်သွားတယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။   အဲ့ဒီဗုံးသီးမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ပစ်ခတ်ခဲ့တဲ့ဗုံးသီးဖြစ်နိုင်ကြောင်းနဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့်…

Read More
VOM News

FREE
VIEW