ဆရာတော် ဦးသောဘိတကို ပုဒ်မ ၅၀၅/ခ နဲ့ ထပ်မံတရားစွဲဆိုရန် တရားရုံးကို လာရောက်လျှောက်ထား

မန္တလေး၊ မေ၂၃-၂၀၁၉ ဟိန်းကို(VOM)   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပုဒ်မ ၆၆/ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးသောဘိတကို ပုဒ်မ ၅၀၅/ခ နဲ့ ထပ်မံ တရားစွဲဆိုဖို့ ဒီကနေ့ မနက်ပိုင်းက အမပူရ တရားရုံးကို လာရောက်လျှောက်ထားမှု ပြုလုပ်ခဲ့ပါတယ်။   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒု-ဗိုလ်မှူးကြီး အောင်မျိုးကျော်က လာရောက်လျှောက်ထားခဲ့တာပါ။   ဒီကနေ့ ရုံးချိန်းမှာ ဆရာတော်ဦးသောဘိတ လာရောက်ခြင်းမရှိဘဲ နောက်တပတ်ရုံးချိန်ကို ဇွန်လ ၆ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။   #voiceofmyanmar#ဦးသောဘိတ #၅၀၅(ခ) #မန္တလေး # အမရပူရ

Read More

ထန်တလန်မြို့မှာ ယစ်မျိုးလိုင်စင် ချထားခြင်း ပိတ်သိမ်းပေးရေး လွှတ်တော်တွင် မေးခွန်းထုတ်

ထန်တလန်၊ မေ – ၂၃ – ၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် ထန်တလန်မြို့မှာ တရားဝင် ယစ်မျိုးလိုင်စင် ချပေးပြီး အရက်သေစာ ရောင်းချနေမှုကို အပြီးတိုင် ပိတ်သိမ်းပေးဖို့ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်နီရွှေလျန်းက မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။   ထန်တလန်မြို့နယ်အတွင်းမှာ ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြပြီး မြို့နယ် ရပ်မိရပ်ဖ ဘာသာရေးခေါင်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အရက်ကာကွယ်တိုက်ဖြတ်နှိမ်နှင်းရေး ဆုံးဖြတ်ချက်အရ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ရာ ၂၀၀၆ မှ ၂၀၀၈ ခုနှစ်အထိ တားမြစ်ပိတ်ပင်နိုင်ခဲ့ပါတယ်။   “သို့ရာတွင် ယစ်မျိုးလိုင်စင် ဈေးနှုန်း တစ်နှစ်ထက် တစ်နှစ် ပိုတက်လာပြီး ခရစ်ယာန်ဘာသာဝင် အသင်းတော်တွေမှာ ငွေကြေး အခက်အခဲ ရှိလာခြင်းကြောင့် လိုင်စင်ကို သက်ဆိုင်ရာသို့…

Read More

မူဆယ်မှာ ကျွဲ၊နွား ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်

မန္တလေး၊ မေ – ၂၃ – ၂၀၁၉ ရဲရင့် မင်းခန့် (VOM)   မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ကျွဲ၊နွားတင်ပို့မှုလုပ်ငန်းတွေ အရင်နှစ်ထက် ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း က သိရပါတယ်။   ” ပြည်တွင်းကျွဲ၊နွားတင်မှုနဲ့ပတ်သက်ပြီး ဈေးကွက်အေးတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ်ထက်စာရင် လက်ရှိ ပေါက်ဈေးက ကျွဲ၊နွား တစ်ကောင်ကို နှစ်သိန်းလောက် ကျသွားတယ်။ အဓိက ပြသနာက မူဆယ်ဘက်က ဈေးကွက်မကောင်းတော့  ဈေးကွက်က အေးသွားတယ်လို့ ပြောလို့ရတယ်။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောပါတယ်။   နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်တဲ့ မူဆယ်မှာ ကျွဲ၊ နွားတွေကို  ဝယ်ယူမယ့် တရုတ်ကုန်သည်တွေအနေနဲ့ အဖမ်းအဆီးတွေရှိနေတာကြောင့်  လာရောက်ဝယ်ယူခြင်းမရှိဘဲဖြစ်နေရာမှာ အခုဆို…

Read More

စက်မှုဇုံများ အဆင့်မြှင့်တင်ရေးကို တိုင်းအစိုးရအဖွဲ့ ကိုင်တွယ်မယ်

ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉ သူရိန်​ (VOM)   ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုံတွေ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဆောင်ရွက်သွားမယ်​လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်​။   စက်​မှုဇုံတွေကို သက်​ဆိုင်​ရာအစိုးရအဖွဲ့က စီမံ​ဆောင်​ရွက်​ဖို့ ဥပ​ဒေပြဌာန်းချက်တွေရှိပေမယ့် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုံတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာနကသာ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။   “စက်မှုဇုံတွေကို အဆင့်မြှင့်တင်ဖို့အတွက် လုပ်နေပါတယ်။ အရင်က စက်မှုဇုံဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိုးအိမ်ဦးစီးဌာနဘက်ကနေ စီမံခန့်ခွဲမှုကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တိုင်းဒေသကြီးကနေ စက်မှုဇုံ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို ကိုင်တွယ်ဖို့အတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်​။   စက်မှုဇုံတွေထဲမှာ လျှပ်စစ်မီး၊ ရေကောင်းရေသန့် လိုအပ်ချက်၊…

Read More
VOM News

FREE
VIEW