ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို

ပင်လုံမြို့မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုမျိုး ပြန်လည်ရရှိမယ်လို့ နိုင်ငံတော်သမ္မတဆို ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) (၇၃) နှစ်ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့(ဒီနေ့)နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်ခဲ့ပြီး သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခဲ့ပြီး သဝဏ်လွှာအတွင်း “တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် ၁၉၄၇ ခုနှစ်၌ ပင်လုံမြို့တွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု ကျွန်တော့်အနေဖြင့် အခိုင်အမာယုံကြည်ထားပါသည်”လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ (၇၃) နှစ်က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်တဲ့အတွက် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့သလို ဒီနေ့အချိန်အခါမှာလည်း တိုင်းရင်းသားအားလုံးရဲ့စည်းလုံး ညီညွတ်မှုအင်အားနဲ့ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။ “ပြည်ထောင်စုစိတ်ဓာတ်…

Read More

Unicode မြောက်ဒဂုံက CBဘဏ်မှာ ဓားပြတိုက်ပြီး မိုင်းထောင်သွားမှုဖြစ်ပွား ရန်ကုန်၊ ဖေဖော်ဝါရီ ၇-၂၀၂၀ Voice Of Myanmar ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၃၅)ရပ်ကွက် ပင်လုံလမ်းရှိ CB ဘဏ်မှာ ဒီကနေ့မနက်ပိုင်းက ဓားပြတိုက်ပြီး မိုင်းထောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ အဲ့ဒီဘဏ်က လုံခြုံရေးကောင်လေးကို အမည်မသိလူနှစ်ဦးက သေနတ်နဲ့ထောက်ပြီး ဘဏ်အတွင်း၀င်ရောက်ကာ ပိုက်ဆံ သိန်း(၆၀၀)ယူဆောင်သွားတဲ့အပြင် ဘဏ်အတွင်းကိုလည်း မိုင်းထောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဓားပြလာတိုက်တဲ့ အမည်မသိလူနှစ်ဦးဟာ အဌားယာဉ်တစ်စီးနဲ့ ထွက်ပြေးလွှတ်မြောက်သွားပြီး လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မိုင်းရှင်းလင်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Photo Crd #VOM #voiceofmyanmar #ရန်ကုန် #CBဘဏ် #ဓားပြတိုက်မိုင်းထောင် Zawgyi မြောက်ဒဂုံက CBဘဏ်မှာ ဓားပြတိုက်ပြီး မိုင်းထောင်သွားမှုဖြစ်ပွား ရန်ကုန်၊ ဖေဖော်ဝါရီ ၇-၂၀၂၀ Voice Of…

Read More

တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ

တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ ခင်မမမျိုး ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၀ တိုင်းပြည်တည်ဆောက်ခြင်း (nation state building) မှာ နိုင်ငံရေးသမား၊ နည်းပညာရှင်၊ ဗျူရိုကရက်၊ မီဒီယာ၊ private sector ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးပေါင်းစပ်မှ အောင်မြင်ပါတယ်။ နိုင်ငံရေးသမားက တောအုပ်တခုလုံးကိုကြည့်တဲ့အမြင် ရှိရပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးရာအားလုံးကို ခြုံငုံသုံးသပ်ရပါတယ်။ နည်းပညာရှင်တွေက သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ရပါတယ်။ သစ်တပင်အမြင်ကို တောအုပ်အမြင်အတွက် ထောက်ကူပြု ပေါင်းစပ်ပေးရပါတယ်။ ဗျူရိုကရက်က သစ်ကွက်အလိုက် စိုက်ပျိုး၊ ထိန်းသိမ်း၊ ထုတ်လုပ်စတဲ့ စီမံခန့်ခွဲမှုအမြင်ရှိရပါတယ်။ မီဒီယာက သစ်တော၊ သစ်ပင်၊ သစ်ရွက်တွေအကြောင်း နားလည်ရပါတယ်။ သုံးသပ်ခြင်း၊ check and balance လုပ်ခြင်းတွေရှိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ‌မြေပြင်ကျွမ်းကျင်ရပါတယ်။ တောအုပ်ဖြစ်တည်မှု၊ သစ်ပင်တပင်အရေးသာမက သစ်တော၊ သစ်ပင်၊ သစ်ရွက်အားလုံးကို…

Read More

တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ

တိမ်မြှုပ်နေလို့ ပြန်ဖော်ထုတ်နေတဲ့ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲ မြစ်ကြီးနား၊ဖေဖော်ဝါရီ ၇-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်က ကောင်းမှုလုန်စေတီတော်ပွဲမှာ တိုင်းခမ်းတီရိုးရာ ဆင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ “ ကောင်းမှုလုန်စေတီတော်ပွဲက ၃ နှစ်တစ်ကြိမ်ကျင်းပတာပါ ၊ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ တိုင်းခမ်းတီရိုးရာဆင်ပွဲကျင်းပတာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပထမအကြိမ်ဖြစ်လို့ အခုနှစ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခု နှစ်ပေါင်း ၂၃၂၀ ပြည့် ကောင်းမှုလုန်စေတီပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိကျင်းပမယ်”လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစောဝ်နွဲ့ထွန်းနိုင်ကပြောပါတယ်။ ပွဲတော်မှာ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ ၊ ထမင်းနှဲထိုးပြိုင်ပွဲ၊ တိုင်းခမ်းတီရိုးရာ လှေပြိုင်ပွဲတွေ၊ မြင်းပြိုင်ပွဲတွေပါဝင်ပြီး မိုးညှင်း၊ မိုးကောင်း၊ မူဆယ်၊ နမ့်ခမ်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊…

Read More

ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့

ရသေ့တောင်၊ သောင်းဒရားရွာအနီး မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာ နဲ့ ထီးစွဲကျေးရွာအကြားမှာ မနေ့က ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အဲ့ဒီဒေသခံနဲ့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ” တပ်မတော်ဖက်က ဇက်ရေယာဉ်တစ်စီးနဲ့ နေဗီတစ်စီး ၆ နာရီလောက်က တက်လာတယ်။ အဲဒါမှာ သောင်းဒရားနဲ့ ထီးစွဲကြားမှာ တိုက်ပွဲဖြစ်ကြတယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး မီးတောက်တွေပုံစံ ပေါက်ကွဲမှုတွေကို မြင်ရတယ်လို့လည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” တိုက်ပွဲကျနေတယ်။ ဒီဖက်မှာ သောင်းဒရားချောင်းဝအနီးမှာ ထင်တယ်။ ဇက်နဲ့ တိုက်ကြတာထင်တယ်။ အောက်ကျောင်းတောင်ဖက်မှာလည်း…

Read More
VOM News

FREE
VIEW