ဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းက ကျောင်းအပ်ဖို့လာတဲ့ နဝမတန်းကျောင်းသားတစ်ဦး ကားနဲ့တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ သိရပါတယ်။ “ရှေ့ကမောင်းတဲ့ကောင်လေးလည်း ပေါက်ပြဲထိခိုက်ဒဏ်ရာ‌တွေရပေမယ့် စိုးရိမ်စရာမရှိတော့ဘူး။ နောက်ကပါလာတဲ့ကျောင်းသားလေးက အခင်းဖြစ်နေရာမှာ သေသွားတယ်”လို့ အေးသုခနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန့်ဇင်ဦးကပြောပါတယ်။ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောကျေးရွာမှာနေထိုင်တဲ့ အသက်(၁၉နှစ်)အရွယ် အမျိုးသားတစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဆိုင်ကယ်နောက်မှာ အသက်(၁၄)နှစ်အရွယ် နဝမတန်းကျောင်းသား လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဆိုင်ကယ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ပဲခူးဘက်ကနေ ဒိုက်ဦးဘက်ကို မောင်းလာစဉ် မိုင်တိုင် ၇၄ နားအရောက်မှာ ဦးစိုးထက်ဝင်း(၃၄နှစ်)ဆိုသူ မောင်းလာတဲ့ PROBOX အဖြူရောင်(၄)ဘီးယာဉ်က အရှိန်နဲ့ဝင်တိုက်မိတဲ့အတွက် ဆိုင်ကယ်ဟာ လမ်းဘေး ထိုးကျတိမ်း‌မှောက်သွားပြီးနောက် အခင်းဖြစ်နေရာမှာ အသက်(၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ…

Read More

ပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ

ပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ ကလေး၊ ဇူလိုင် ၁၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်း(ခွဲ) စုစုပေါင်း ၂၈ ကျောင်းဟာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။ “နယ်မြေ အခြေအနေအရ မဖွင့်နိုင်ဘူး။ မဖွင့်နိုင်သေးတဲ့ကျောင်းတွေက ပလက်ဝအနီးအနား တစ်ဝိုက် အားလုံးရယ်၊ ပလက်ဝအထက်ပိုင်း အားလုံးပေါ့၊ လမ်းပန်းဆက်သွယ်ရေးလည်းပါတယ် သွားလို့မရသေးတဲ့ အပိုင်းတွေလည်း ရှိတယ်၊ ပုံနှိပ်စာအုပ်တွေလည်း အခုထိ မရောက်သေးဘူး။ ကျောင်းအပ်လက်ခံတဲ့ ကျောင်းတွေက ဆရာ၊ဆရာမတွေတော့ ရောက်နေပြီ၊ လက်မခံသေးတဲ့ ကျောင်းတွေကတော့ ဆရာ၊ဆရာမတွေလည်း မရောက်သေးဘူး။ သွားလို့လည်း မရဘူး၊ လမ်းတွေကလည်း ပိတ်ထားတယ်”လို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ ၉တန်း နဲ့ ၁၀ တန်း ကျောင်းပြန်တက်နိုင်ဖို့ ဇူလိုင်လ ၁၃…

Read More
VOM News

FREE
VIEW