ရောဂါကပ်ဘေးအတွင်း အလုပ်သွားတဲ့အခါ သတိထားစရာ

လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရပြည့်ဝဖို့၊ ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး အပြင်မထွက်ဖို့ သတိပေးထားပေမယ့် ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။ အချို့ကားကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ် စသည်ဖြင့်စုံလို့။ ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှဝေ ပေးချင်ပါတယ်။   ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ -အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။ -ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။ ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင် အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်.. -မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။ စားပွဲပေါ်ကကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့လိုပါတယ်။ အရင်အချိန်တွေကလိုမိတ်ဆွေ တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။ -ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။ ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း ဆေးကြောဖို့လိုတာကိုမမေ့စေချင်ဘူး။ မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။ -စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။ -လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။ အလုပ်မှာတစ်ယောက်နဲ့တစ်ယောက်…

Read More

ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌအပါအဝင် ဝန်ထမ်း ၈၀ ကျော် ကိုဗစ်ကူးစက်ခံထားရ

နိုဝင်ဘာ ၂၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ကော်မရှင် အဖွဲ့ခွဲရုံးတွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ချိန်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ ထုတ်ပြန်ထားပါတယ်။ “စာရင်းကတော့ ကျနော်တို့ နိုဝင်ဘာ ၁၈ရက်နေ့က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အဲ့ဒီစာရင်းထဲကပဲ ကြည့်ရေးလိုက်ပါ”လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်အေးက VOMကိုပြောပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူတွေကတော့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် အယောက်၃၀၊ ဝန်ထမ်း၈ယောက်နဲ့ မဲရုံအဖွဲ့ဝင် ၃၃ဦး၊ ကော်မရှင်ဝန်ထမ်း ၈ဦး၊ ကော်မရှင်ဝန်ထမ်းမိသားစု ၁၂ဦး စုစုပေါင်း ၈၂ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာလည်း ခရိုင်ကော်ရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၀ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး အခုလက်ရှိမှာတော့ ကျန်းမာရေးပြန်ကောင်းနေပြီဖြစ်တယ်လို့ မြောက်ပိုင်းခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မွှေးက VOMကိုပြောပါတယ်။ “ကူးတာက ကျနော်ကိုယ်တိုင်ပဲဗျ၊ အခု ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ”လို့ ဦးမောင်မွှေးကပြောပါတယ်။ တောင်ပိုင်းခရိုင်အတွင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ…

Read More

နေအိမ်ခြံဝန်းရှေ့ တစ်ယောက်တည်းထိုင်နေတဲ့ လူငယ် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ

နိုဝင်ဘာ ၂၀-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် နယ်မြေအမှတ်-၇ မှာ နေအိမ်ခြံဝန်းရှေ့ တစ်ယောက်တည်း ဘီယာထိုင်သောက်နေတဲ့ လူငယ်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။ “သေဆုံးသူဟာ အသက် ၁၇ နှစ်ဖြစ်တယ် ၊ ပါးစပ် သွေးထွက်ဒဏ်ရာ၊ လည်ပင်း ပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာနဲ့ ဝဲဘက်လက်ခုံး ပြတ်ရှဒဏ်ရာတွေ ရရှိထားတာဖြစ်တယ်၊ ုပစ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စစ်ဆေးဆဲဖြစ်တယ် “လို့ မုံရွာနယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ လုပ်ကြံခံရတဲ့ လူနာကို မုံရွာပြည်သူ့ဆေးရုံကြီး အချိန်မှီပို့ဆောင်ခဲ့ပေမယ့် ရရှိဒဏ်ရာပြင်းထန်တဲ့အတွက် ည ၁၀ နာရီကျော်အချိန်မှာ မန္တလေးဆေးရုံကြီးကို လွဲပြောင်း သွားရောက်ခဲ့ပြီးဆေးကုသခဲ့ရာ မနေ့ နိုဝင်ဘာ ၁၉ ရက် မနက်…

Read More
VOM News

FREE
VIEW