ကိုဗစ် ၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်နဲ့ ကိုက်ညီကြောင်း ထောက်ခံချက်ရရင် တောင်ကြီးက နေရာတွေကို လည်ပတ်ခွင့် ပြန်ပေးမယ်

တောင်ကြီး၊ ဒီဇင်ဘာ- ၁၃ -၂၀၂၀ နေနန်းနွယ်(VOM)   ဒီဇင်ဘာလထဲမှာ ခရီးသွားလုပ်ငန်းကို ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားရေးမှုး ဦးစီးဌာနနဲ့ သင်တန်းတက်ရောက်မယ့် ဟိုတယ်ထိန်သာက အထွေထွေမန်နေဂျာတို့ကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားတာဖြစ်ပါတယ်။   #VOM #voiceofmyanmar #TaungGyi #ခရီးသွားလာရေး #တောင်ကြီး ဓါတ်ပုံ – တောင်ကြီးသားများစုဝေးရာ(ဝေဖြိးဟိန်း)

Read More

ဖားကန့်မြို့က ကိုဗစ် ကူးစက်မှုမြှင့်တက်နေတဲ့ လုံးခင်းကျေးရွာကို လော့ခ်ဒေါင်းချမယ်

ဒီဇင်ဘာ ၁၃-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုကို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၆နာရီကစပြီး အသွားအလာကန့်သတ်ကာ လော့ခ်ဒေါင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီ ဥက္ကဋ္ဌ ဦးဉာလင်းအောင်းကပြောပါတယ်။ လုံးခင်းကျေးရွာအုပ်စုဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၂ရက်နေ့အထိ သုံးပတ်တာကာလအတွင်း ကိုဗစ်-၁၉ကူးစက်ခံရသူ (၁၃၀)ဦးရှိနေပြီး ဖားကန့်မြို့နယ်မှာ ကူးစက်ခံရသူ အများဆုံးကျေးရွာလည်း ဖြစ်ပါတယ်။ အသွားအလာကန့်သတ်ပြီး လော့ခ်ဒေါင်းချထားတဲ့နေရာတွေကို မြို့နယ်ကိုဗစ် -၁၉ကော်မတီနဲ့ ရဲတပ်ဖွဲ့ ရဲတပ်ရင်း ၊ ကျန်းမာရေးဝန်ထမ်း ၊ မီးသတ်တပ်ဖွဲ့၊ ကြည်ခြေနီ ၊လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်းမှာ စက်တင်ဘာလက စပြီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်းဟာ ဒီဇင်ဘာ ၁၂ရက်နေ့အထိ ၂၅၉ ဦးအထိ…

Read More

SP မုန့်တိုက်ပိုင်ရှင်ကို TNLA ဖမ်းသွားတာ ၁၀ ရက်ပြည့်ပေမယ့် ပြန်မလွတ်သေး

ဒီဇင်ဘာ- ၁၃- ၂၀၂၀ ရှိုင်းအောင်(VOM) SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီသွားတာ ဒီကနေ့ ဆို ၁၀ ရက်ပြီ ဖြစ်ပါတယ်။ ဦးကျော်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ” ဒီကိစ္စကို အသေးစိတ်မသိရသေးဘူး၊ အောက်ခြေကလုပ်တာဆိုတော့ အသေးစိတ်ရောက်မလာသေးတော့ ကျနော်တို့က ဘာမှမသိရသေးဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရနိုင်သေးပါဘူး” လို့ VOM ကို ပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့က ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။ မိုးကုတ်မြို့မ စခန်းမှူး ဦးသိန်းဝင်းထွန်းကို VOM က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ”…

Read More

ရှမ်းမြောက် နမ္မတူမြို့နယ်မှာ ဒီ ၂ရက်အတွင်း သေနတ်သံတိတ်ဆိတ်

ဒီဇင်ဘာ ၁၃- ၂၀၂၀ နေလင်း(VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့  ညနေ ပိုင်းထိ TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီ ၂ရက်အတွင်းတော့ ငြိမ်သွားပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့ အခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကို VOM က ဆက်သွယ်မေးကြည့်တော့ ၂ ရက်လောက်တော့ တိုက်ပွဲအတော်ဖြစ်ခဲ့တယ်။ မနေ့ကနေ့ ဒီကနေ့တော့ မဖြစ်ပါဘူး အဓိကတော့ သူတို့က နယ်ကျော်ပြီး ဝင်ရောက်လာတာပြင်းပြင်းထန်ထန်ဖြစ်တယ်။ ၂၀၁၈ ကတည်းက နယ်ကျော်လာတော့ ကျနော်တို့နဲ့ SPPP ပေါင်းတိုက်တော့ ငြိမ်သွားပြီး ၂၀၁၉-၂၀ အတွင်းပေါ့ တပ်ဖက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်တော့ ကျနော်တို့က နယ်မြေအေးချမ်းအောင်ရှောင်ပေးတဲ့အချိန်မှာ RCSS က ပြန်ကျူးကျော်လို့ အခုလိုမျိုး ပြန်လည်တိုက်ပွဲဖြစ်ရတာပါ” လို့ဆိုပါတယ်။   အစိုးရတပ်နဲ့တောင်…

Read More

တောင်ကြီးမြို့ကို stay at home ကာလ ဒီဇင်ဘာလ ၂၀ ရက်ထိ ထပ်တိုး

ဒီဇင်ဘာ ၁၃-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ အရင်က stay at homeအဖြစ် ကြေညာထားတဲ့ ဧရိယာတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ထပ်မံ ရက်တိုးလိုက်ပြီးဖြစ်ပါတယ်။ “မင်္ဂလာဦးရပ်ကွက်မှာ အိမ်ခြေ ၃၅၀ ရှိပါတယ်၊ အကုန်လုံးကို stay at home ကြေညာထားတာပါ၊ အပြင်လုံးဝထွက်လို့မရတာတော့ မဟုတ်ဘူး၊ အိမ်တိုင်းကို အပြင်ထွက်ခွင့်/ဈေးဝယ်ခွင့်ကတ်လေးတွေ ဝေပေးထားပါတယ်၊ ကတ်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သုံးလို့ရပါတယ်၊ အဲ့ဒီအချိန်အတွင်းတော့ ထွက်လို့ရပါမယ်၊lockdown ဆိုရင်တော့ လုံး၀ ပေးမထွက်ဘူးလေ၊ အခုကတော့ stay at home ပေါ့၊ ကတ်က တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၂ နာရီ သုံးခွင့်ပေးထားပါတယ်၊ မင်္ဂလာဦးရပ်ကွက်နဲ့ဆက်စပ်ပြီး ပေါ့စတစ်ထွက်တာကတော့ အားလုံးပေါင်း ၃၃ ယောက်ရှိပါတယ်၊ အ.ထ.က-၁၁…

Read More
VOM News

FREE
VIEW