တရုတ်သတ္တုတွင်းမှာ ပိတ်မိနေတဲ့အလုပ်သမား ၂၂ ဦးကို နှစ်ရက်ကြာချိန်ထိ မကယ်တင်နိုင်သေး

ပေကျင်း၊ ဇန်နဝါရီ ၁၃-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဆောက်လုပ်ဆဲရွှေတွင်းတစ်ခု ပေါက်ပွဲမှုဖြစ်ပွားပြီးနောက် နှစ်ရက်ကြာချိန်ထိ ပိတ်မိနေတဲ့ အလုပ်သားမား ၂၂ ဦးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရုန်းကန်နေရပြီး မတော်ဆမှုဖြစ်ပွားပြီးနောက် နာရီ ၃၀ ကြာမြင့်ချိန်မှ သိရှိရတဲ့အပေါ် နိုင်ငံပိုင် သတင်းဌာနက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပေါက်ကွဲမှုကြောင့် သတ္တုတွင်းရဲ့ ဆက်သွယ်ရေးစနစ်ပျက်စီးသွားတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဆက်သွယ်လို့မရသေးဘူးလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ အဲ့ဒီပေါက်ကွဲမှုဟာ ဇန်နဝါရီ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ရှန်ဒေါင်းပြည်နယ်၊ ယန်တိုင်မြို့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကီဇီယာရှိ ဟူရှန်သတ္တုတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ ၈ နာရီ နာရီ ၃၀ အကြာမှ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကျောက်မီးသွေး…

Read More

ကိုဗစ်ကာလ ထိုင်းရောက် မြန်မာ‌အချို့ သက်တမ်းတိုးရမယ့်ကိစ္စတွေကြောင့် အခက်ကြုံနေ

ဇန်နဝါရီ ၁၃-၂၀၂၁ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ဟာ ကိုဗစ်ကာလ Passport( နိုင်ငံကူးလက်မှတ်) သက်တမ်းတိုးဖို့ နဲ့ CI (လုပ်ငန်းခွင်ကျွမ်းကျင်မှုလက်မှတ်)သက်တမ်းတိုးရမယ့် လုပ်သားအချို့ အခက်အခဲကြုံနေရတယ်လို့မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားအရေး‌ဆောင်ရွက်နေသူတွေပြောပြချက်အရ သိရပါတယ်။ ” ဗီဇာသက်တမ်းနှစ်နှစ်ကလည်း ပြည့်ခါနီးတဲ့အပြင် CI သက်တမ်းက ခြောက်လလောက်ကျန‌်ပေမယ့် တစ်ပြိုင်နက် တိုးရမယ့်အနေအထားဆို နည်းနည်းခက်သွားတယ်။ ဆခုန်ပကန် မလုပ်ထားသူဆို ကိုဗစ်စစ်ဆေးခ ထပ်ပေးရမယ်ဆိုတဲ့အခါ ဘက်ကိုး‌ထောင်ကျော်ကုန်ပြီ။ ကျွန်တော်တို့က တာဝန်ရှိသူတွေကို ညှိနိုင်းဖြေရှင်းပေးဖို့ အော်ရုံပဲ တတ်နိုင်တယ်”လို့ အလုပ်သမားအခွင့်ရေးကွန်ရက် MWRN ဒါရိုက်တာဦးစိန်‌ဌေးက ပြောပြပါတယ်။ ဗီဇာသက်တမ်းရှိတဲ့ အလုပ်သမားတစ်ဦးဟာ အရင်က CI သက်တမ်း တိုးမယ်ဆိုရင် ကိုဗစ်စစ်ဆေးခ မပါတဲ့အတွက် ဘက်သုံးထောင်လောက် သက်သာပြီး လက်ရှိအနေထားကတော့ အထောက်အထားမဲ့သူတွေအတွက် အဆင်ပြေနေတယ်လို့ဆိုရမှာဖြစ်ပေမယ့် ကုန်ကျငွေဟာ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၃၅၀၀၀၀ နီးပါးရှိနေတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့က ပြောပါတယ်။ ”…

Read More

ရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ

ဇန်နဝါရီ ၁၃ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်က နောက်ဆုံးခေါ်ရမယ့် လွှတ်တော်အစည်းအဝေးကို ခေါ်ယူမှုမရှိသလို မွေးခွန်းတွေကိုလည်း စာရွက်နဲ့ပြန်လည်ဖြေကြားတာတွေမရှိတဲ့အတွက် ပြည်သူအတွက် ဘာအကြောင်းမှမထူးဘဲ နစ်နာချက်သက်သက်ဖြစ်သွားရတယ်လို့ မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက VOM ကိုပြောပါတယ် ။ “ ကျွန်တော်တို့တင်ထားတဲ့မေးခွန်းတွေကို ပြန်ဖြေပေးတာမရှိဘူး။ အားလုံးက ကိုဗစ်စဖြစ်ကတည်းက လွှတ်တော်ရပ်နေတာဆိုတော့ ရပ်သွားပြီ ။ မေးခွန်းတွေ အဆိုတွေ တင်ထားတာတွေက ရှိသေးတယ် ။ လွှတ်တော်ခေါ်ရင်တောင် ခေါ်တဲ့တစ်ချိန်က ပြီးသွားမှာမဟုတ်ဘူး ရှိနေအုံးမယ်။ အဓိက မေးခွန်းကတော့ တကယ်လို့ ဖြေမယ်ဆိုရင် စာနဲ့ ပြန်ပြီး ဖြေလို့ရမယ်၊ ဒါပေမယ့် မဖြေဘူး။ ဒီမတိုင်ခင်က စာနဲ့ ဖြေပေးတယ်။ နောက်ပိုင်းကျတော့ လုံးဝမဖြေပေးတော့ဘူး။ မေးခွန်းမေးတယ် အဆိုတင်တယ်ဆိုတာက ပြည်သူအတွက်မေးတာ၊ အခုက ဒါတွေ ကို ဆွေးနွေးခွင့်မရတော့ဘူးဆိုတော့ ပြည်သူလူထုအတွက်…

Read More
VOM News

FREE
VIEW