ပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်

ဇန်နဝါရီ ၁၅ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့အကျဉ်းထောင်က အချုပ်သား ၂ ဦးမှာ ကိုဗစ်-၁၉ပိုးတွေ့ရှိတာကြောင့် ပြည်မြို့ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့ သိရပါတယ်။ ” နေမကောင်းလို့ ပြရင်းနဲ့ ပိုးတွေ့တာလို့သိရတယ်။ အချုပ်သားတွေဆိုတော့ ရုံးထုတ်ရတာတွေရှိတာပေါ့။ ပိုးတွေ့သူနဲ့ထိစပ်တဲ့ ၃၂ ဦးကိုတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်။ သူတို့ကိုလည်း ဆေးစစ်မယ်လို့သိရတယ်”လို့ ပြည်အကျဉ်းထောင်မှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးကပြောပါတယ်။ အချုပ်သား ၂ ဦးမှာ ပိုးတွေ့ရှိကြောင်းကို မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ဆေးသိရှိရတာဖြစ်ပြီး ပိုးရှိကြောင်းသိရှိပြီးနောက်ပိုင်း ပိုးတွေ့လူနာ နှစ်ဦးကို မိုးမေတ္တာ နာရေးကူညီမှုအသင်းက Covid-19 သီးသန့်ယာဉ်နဲ့ တင်ဆောင်ကာ ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ “မနေ့ကပေါ့ ကျန်းမာရေးဌာနကဆက်သွယ်တော့ ကျနော်တို့အကျဉ်းထောင်ကိုသွားတယ်။ ဆက်သွယ်တော့မှ လမ်းကြောင်းထွက်တာပေါ့။ကိုဗစ်တွေ့တဲ့ ၂ယောက်ကိုခေါ်တယ်။ခေါ်ပြီး ဆေးရုံကြီးကိုပို့ပေးခဲ့တယ်။ ကျနော်တို့က အသေးစိတ်တော့မသိဘူး”လို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှာ ကူညီပေးနေသူ…

Read More

ကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိ

ဇန်နဝါရီ ၁၅ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ တိရိစ္ဆာန်ရုံအနီးမှာ မနေ့ ဇန်နဝါရီ ၁၄ရက်ညပိုင်းက ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၄ဦးထဲက ၂ဦး ပွဲချင်းပြီးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HLT Foundationအဖွဲ့ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းက VOMကိုပြောပါတယ်။ ” သတင်းရတာကတော့ ည ၁၂နာရီလောက်မှာ သတင်းရတယ်။ ရောက်တဲ့အချိန် လမ်းပေါ်မှာ ၂ယောက်က ပွဲချင်းပြီးသေသွားတယ်။ ကားက ခေါင်မိုးတစ်ခုလုံးပွင့်ပြီး လူတွေက လမ်းပေါ် ပြုတ်ကျသွားတာ။ ကားပေါ်ကပြုတ်ကျပြီး လမ်းနဲ့ ခေါင်းနဲ့ သွားရိုက်မိတာ။ အဓိက ခေါင်းတွေထိပြီး သေသွားတာ”လို့ ဦးဟန်လင်းထွန်းကပြောပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းကပြောပါတယ်။ ကန်တော်ကြီးပတ်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ “ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး…

Read More

ယာဉ်တိုက်မှုကြောင့် အသိတရားတွေ ထပ်တိုးသွားတယ်ဆိုတဲ့ ဦးကျော်သူ

Entertainment- ဇန်နဝါရီ- ၁၅- ၂၀၂၁ မျက်ပြေ(VOM) နိုင်ငံကျော် အနုပညာရှင် ဦးကျော်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာရေးကူညီမှု အသင်းကားမောင်းနေရင်း ကားငါးစီးဆင့်တိုက်ခံလိုက်ရပြီးနောက်မှာ အသိတရားတစ်ခုရလိုက်တယ်ဆိုတာနဲ့ ကျော်သူ နာမှုကူညီရေးအသင်းဥက္ကဋ္ဌ (အကယ်ဒမီ)ဦးကျော်သူနဲ့ အင်တာဗျုးမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကျော်သူ #နာမှုကူညီရေးအသင်း #ယာဉ်တိုက်မှု #Entertainment

Read More

ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ အစွမ်းထက်ဒုံးပျံသစ် မြောက်ကိုရီးယား ထုတ်ဖော်ပြသ

ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၁ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံအမျိုးအစားသစ်ကို ထုတ်ဖော်ပြသလိုက်ပြီး ဒါဟာ ကမ္ဘာ့ပေါ်မှာ အစွမ်းအထက်ဆုံးလက်နက်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ခေါင်းဆောင်ကင်ဂျုံအန်ကြီးကြပ်တဲ့ စစ်ရေးပြပွဲတစ်ခုမှာ အဲဒီဒုံးပျံသစ်အပြင် အခြားဒုံးပျံအချို့ကိုလည်း ပြသခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ရေးပြပွဲဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ အချိန်အနည်းငယ်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူဖြစ်တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ နိုင်ငံရေးအစည်းအဝေးတစ်ရပ်မှာ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒုံးပျံသစ်ဟာ ယခင်ကမတွေ့ဖူးသေးတဲ့ လက်နက်ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ရေးပြပွဲမှာ ကမ္ဘာ့အစွမ်းထက်ဆုံး ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်တဲ့ ဒုံးပျံအခြားဒုံးပျံတွေကို ပြသခဲ့ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ Ref: BBC Photo:KCNA #voiceofmyanmar #VOM #ပြုံးယမ်း

Read More

စပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်

ဇန်နဝါရီ-၁၅-၂၀၂၁ တင်ထားဆွေ   သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေး‌နွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို…

Read More
VOM News

FREE
VIEW