ဆောင်းတွင်းကာလ ရခိုင်စစ်ဘေးရှောင်တွေ ဘဝဖြတ်သန်းမှုခက်ခဲနေဆဲ

ဇန်နဝါရီ ၁၇ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ဟာ ဘဝဖြတ်သတ်မှုတွေ အခက်အခဲအမျိုးမျိုးရှိနေပြီး အထူးသဖြင့် ဆောင်းတွင်းကာလမှာ မြောက်ဦးမြို့လို အအေးဓာတ်များတဲ့နေရာက စစ်ဘေးရှောင်တွေဟာလည်း လိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်။ မြောက်ဦးမြို့က မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှာတော့ ဆောင်းတွင်းကာလမှာ အနွေးထည်နဲ့ စောင်တွေဟာ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်နေပြီး မိသားစုဝင်တွေများတဲ့အတွက် စောင်မလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကနေ သိရပါတယ်။ မြတန်ဆောင်စစ်ဘေးရှောင်စခန်းတာဝန်ခံပြောတာကတော့” ဆောင်းရာသီဖြစ်တဲ့အတွက် နံပါတ်(၁)လိုအပ်တာက စောင်နဲ့ အနွေးထည်တွေပေါ့။ အဲဒါတွေက လောက်ငှမှုမရှိဘူး။ မိသားစုက (၅) ယောက် စောင်က (၂) ထည် အဲ့ဒီလိုမျိုး အခက်အခဲတွေဖြစ်ပါတယ်။ ရှိတဲ့အနွေးထည်တွေကလည်း အရင်နှစ်တွေက အဟောင်းတွေ ဖြစ်နေတယ်။ အသုံးပြုဝတ်ဆင်ရတာ အဆင်မပြေဘူး။ အနွေးထည် လိုအပ်နေပါတယ်”လို့ ပြောပါတယ်။ အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့အကူညီတွေဟာလည်း…

Read More
VOM News

FREE
VIEW