မိုင်းတုံမှာ သတ်ဖြတ်ခံရတဲ့လက္ခဏာနဲ့ အလောင်းနှစ်လောင်းတွေ့

ဇန်နဝါရီ ၂၁ -၂၀၂၁ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူရွာနားက မိုင်းဟန်ချောင်းစပ်မှာ မနေ့ ဇန်နဝါရီ၂၀ရက် ညနေပိုင်းက သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပုပ်ပွသေဆုံနေသော အမျိုးသား၊ အမျိုးသမီး အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရတယ်လို့ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” အမျိုးသားက အသက် ၅၀ လောက်ခန့်မှန်းရပြီး အမျိုးသမီးက အသက် ၃၀ ပိုပိုရှိနိုင်တယ်။ မည်သူမည်ဝါ အတည်ပြုလို့မရအောင် ပုပ်ပွ သေဆုံးနေတာဆိုတော့ သေဆုံး‌သူတွေကို အရင်စုံစမ်းရပါတယ်။ အလောင်းတေ‌ွကို အိတ်တွေနဲ့ထုတ်ပြီး စွန့်ပစ်ထားတာ”လို့ နားကောင်းမူးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို နားကောင်းမူးနယ်မြေရဲစခန်း တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ အဖြူရောင်ဆာလာအိတ်တစ်ခုနဲ့ထုတ်ထားပြီး အလောင်း ၂လောင်းကို သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပုပ်ပွသေဆုံး‌နေတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အရပ် ၅ ပေခန့် ဦးခေါင်းနဲ့…

Read More

ကျောက်တော်က ဆန္ဒပြစစ်ရှောင်တွေကို ထွေအုပ်နဲ့ရဲက မီဒီယာနဲ့ဆက်သွယ်မှုမလုပ်ဖို့ ဖိအားပေး

ဇန်နဝါရီ ၂၁ -၂၀၂၁ ထက်အောင်စိုင်း (VOM) ကျောက်တော်မြို့ပေါ်မှာ ဆန္ဒပြခဲ့တဲ့ စစ်ဘေးရှောင်တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က နောက်နောင် အခုလိုမျိုးဆန္ဒဖော်ထုတ်မှုတွေ မပြုလုပ်ဖို့နဲ့ သတင်းမီဒီယာသမားတွေနဲ့ပါ ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်မှုမလုပ်ဖို့ ခေါ်ယူဖိအားပေးခဲ့ကြောင်း ခေါ်ယူစစ်ဆေးခံရသူတွေဆီကနေ သိရပါတယ်။ မနေ့က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ခေါ်ယူဖိအားပေးရာမှာ စစ်ရှောင်တွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်တွေကိုပါ ပိတ်ပင်ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ခေါ်ယူဖိအားပေးခံရာမှာပါဝင်တဲ့ ဦးထွန်းရွှေသိန်းက ” သတင်းမီဒီယာသမားတွေနဲ့ ပြောမယ်ဆိုရင်လည်း သူတို့ခွင့်ပြုချက်မရှိဘဲ လုံးဝမပြောရဆိုပြီး ပြောပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ပြောချင်တာက ကျနော်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ခေါင်းငုံ့ခံနေရတာတွေဟာ ဖြစ်သင့်လား။ တရားမျှတမှုရှိရဲ့လားဆိုပြီး ပြောချင်ပါတယ်”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေကို ခေါ်ယူဖိအားပေးချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၄ ဦး နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး နှစ်ဦးပါဝင်ပြီး စစ်ဘေးရှောင်စခန်းက အမျိုးသား(၃) ဦးနဲ့ အမျိုးသမီး (၅)…

Read More

အလုပ်သမား၉ဦး အလုပ်ထုတ်ခံရလို့ အလုပ်သမားရာနဲ့ချီ ဆန္ဒပြမှုဖြစ်ပွား

ဇန်နဝါရီ ၂၁ -၂၀၂၁ အေးချမ်းသူ(VOM) လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံမှာ အလုပ်သမား၉ ဦး အလုပ်ထုတ်ခံရလို့ အလုပ်သမားရာနဲ့ချီ ဆန္ဒပြမှု မနေ့ ဇန်နဝါရီ ၂၀ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းအထိ ဖြစ်ပွားနေပါတယ်။ ဥပ‌ဒေပါအခွင့်အရေးတွေမရရှိခြင်းနဲ့ ကျွမ်းကျင်‌ကြေးကို လစာစလစ်မှာ ဥပ‌ဒေပါအတိုင်း အလုပ်ရှင်အနေနဲ့ ထည့်သွင်းဖော်ပြပေးဖို့ အလုပ်သမား ၉ ဦးဟာ မြို့နယ်အလုပ်သမားဦးစီးဌာနတိုင်ကြားခဲ့ရာ အလုပ်ရှင်ကနေ မနေ့ ဇန်နဝါရီ ၂၀ရက်နေ့က အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ မယွန်းရွှေစင်က “ကျနော်တို့ကို အလုပ်ထုတ်တယ်၊ သူတို့ကိုတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့ဒါကို ကျန်တဲ့အလုပ်သမားတွေက မကျေနပ်လို့တောင်းဆိုတယ်၊ တောင်းဆိုတဲ့သူတွေပါ စက်ရုံထဲပေးမဝင်တော့ မနေ့ကတည်းက”လို့ ပြောပါတယ်။ အလုပ်သမား ၉ဦးကို အလုပ်ထုတ်လိုက်လို့ အလုပ်သမား ၁၃၀ဦးဟာ အလုပ်ပြန်ခန့်ရေးအတွက် စက်ရုံရှေ့မှာ မနေ့ မနက်ပိုင်းက စတင်တောင်းဆိုကြရာ ရဲတပ်ဖွဲ့ဝင်တွေ ၊အုပ်ချုပ်ရေးပိုင်တာဝန်ရှိသူတွေ လာရောက်ကာ အလုပ်ရှင်နဲ့ညှိနိူင်းခဲ့ပေမယ့်…

Read More

အိန္ဒိယကမှာထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးရောက်ပြီ

နေပြည်တော်-ဇန်နဝါရီ၂၁-၂၀၂၁ ကိုထွန်း(နေပြည်တော်) အိန္ဒိယကမှာယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအဝိုင်းကသိရပါတယ်။ ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ ကျန်းမာရေး၀န်ထမ်းနဲ့ Volunteer တွေကို အရင် စတင်ထိုးပေးမှာဖြစ်ပြီး နောက်ရောက်တာတွေကို အသက် ၆၅နှစ်အထက်တွေကို ထိုးပေးမယ်လို့သိရပါတယ်။ ကိုဗစ်၁၉ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ လူ၈ဦးထိုးလို့ရပြီး တချို့ကတော့ ၁၀ ဦးထိထိုးပေးလို့ရပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ နောက်ထပ် ၃ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရတဲ့ဆေးမျိုးလည်းရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူတာအပြင် CEPI, GAVI နဲ့။ WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း ကိုဗစ်ကာကွယ်ဆေး‌ တွေ မှာယူထားပါတယ်။တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို ဇန်နဝါရီ ၂၀ ည ၈နာရီထုတ်ပြန်ချက်အရ ၁၃၅၇၂၁…

Read More
VOM News

FREE
VIEW