မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ ရုံးတင်စစ်ဆေး

ဖေဖော်ဝါရီ ၁၈- ၂၀၂၁ (VOICE OF MYANMAR) မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဗီဒီယိုကွန်ဖရန်းစင်း နဲ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ” ဒီနေ့ ရုံးမထုတ်ဘူး၊ ဗီဒီယို ကွန်ဖရန်းစင်းနဲ့ လှမ်းပြီးတော့ ဒေါက်တာဇော်မြင့်မောင်ကို စကားပြောတယ်၊ ဒီနေ့ ပါဝါတင်ချင်တယ်ဆိုတော့ သူ လက်မှတ်မထိုးရသေးလို့ မတင်ရသေးဘူး၊ စာရွက်တွေပေးလိုက်တယ်၊ ဒီနေ့ အာမခံလျှောက်ခြင်တယ် အဲ့ဒီတော့ သူလက်မှတ်မထိုးရသေးလို့ လျှောက်လွှာမတင်ရသေးဘူး၊ သူ့ကိုသွားထိုးခိုင်းထားတယ်၊ ပုံမှန်အခြေအနေကတော့ ရုံးမှာ ပရိတ်သတ်ရှေ့မှာ တရားခံတင်တယ် ပြောဆိုလျှောက် လဲတယ် အာမခံလျှောက်တယ်လို့သိရပါတယ်၊ အခုကာလမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆရာကြီးကို မထုတ်ဘူး”လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့တရားလွှတ် တော်ရှေ့နေ ဦးထွန်းကြည်က ပြောပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အောင်မြေသာစံမြို့နယ်တရားရုံမှာ တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်တယ်လို့ မြို့နယ် တရားရုံးကနေ…

Read More

မြန်မာ့အရေးအပေါ် အမေရိကန်နဲ့ ဗြိတိန် အမျိုးသားလုံခြုံရေးအကြံပေးတို့ ဆက်သွယ်ဆွေးနွေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး Stephen Lovegrove တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တယ်လီဖုန်းဆက်သွယ်ဆေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်ကို ကိုးကားပြီး Sputnik သတင်းဌာနက ဖော်ပြထားပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှုတွေထဲမှာ တရုတ်၊ အီရန်နဲ့ဆက်နွယ်နေတဲ့ ပြသနာမျိုးတွေအပြင် မြန်မာနဲ့ အာဖဂန်အရေးတို့ကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာ၊ အာဖဂန်နစ္စတန်၊ တရုတ်နဲ့ အီရန်အရေးတို့အပါအဝင် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စတွေမှာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားဖို့ သူတို့နှစ်ဦးက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ထိပ်တန်းနိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လက်ရှိမှာတော့ နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတစ်ခုအဖြစ် ဗြိတိန်က ဥက္ကဌနေရာယူထားတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ အွန်လိုင်းကနေ ကျင်းပဖို့ရှိနေပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အမေရိကန်သမ္မတသစ်…

Read More

” ဘောင်းဘီရှည်ဝတ်ထားတဲ့သူမြင်တိုင်း ဆရာခေါ်ရတဲ့ခေတ်ကို ပြန်မရောက်ချင်ဘူး ” ဆိုတဲ့ ‌ဆိုင်းဘုတ်ကပ် ကုန်တင်ကားကြီးတွေလည်း ဒီနေ့ ကလေးမြို့လုပ်တဲ့ ဆန္ဒပြပွဲ

” ဘောင်းဘီရှည်ဝတ်ထားတဲ့သူမြင်တိုင်း ဆရာခေါ်ရတဲ့ခေတ်ကို ပြန်မရောက်ချင်ဘူး ” ဆိုတဲ့ ‌ဆိုင်းဘုတ်ကပ် ကုန်တင်ကားကြီးတွေလည်း ဒီနေ့ ကလေးမြို့လုပ်တဲ့ ဆန္ဒပြပွဲမှာ စတင်ပါဝင်လာပါတယ်။ ဒါ့အပြင် ကလေးမြို့လမ်းဆုံအနီးမှာ အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့ကြသလို ဌာနဆိုင်ရာတွေပူးပေါင်းပါဝင်တဲ့ ပြည်သူလူထု ၅ သောင်းခန့် ဆန္ဒပြပွဲမှာလည်း စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေဖိနှိပ်ခံနေရပုံကို ပုံဖော်ထားသည့် သရုပ်ပြမှုတွေလည်း ပိုပိုပါဝင်လာတာ တွေ့ရပါတယ်။ ဓါတ်ပုံ-သိမ်မွေ့ကဗျာ #voiceofmyanmar #VOM #ကလေးမြို့

Read More

ပြည်မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လူငယ်တွေ ထိုင်သပိတ်လုပ်

ဖေဖော်ဝါရီလ ၁၈-၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့ကလူငယ်တွေဟာ တပ်နဲ့ရဲတပ်ဖွဲ့လုံခြုံရေးရယူထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ ကမ်းနားလမ်းပလက်ဖောင်းမှာ ဂစ်တာတီးဖျော်ဖြေပြီး ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။ ကျောင်းသားတွေပါတဲ့ အထွေထွေသပိတ်နဲ့ တောင်သူလယ်သမားသပိတ်စစ်ကြောင်း၊ လယ်ထွန်စက်ပိုင်ရှင်တွေကလည်း ပြည်မြို့မြန်မာ့စီးပွားရေးဘဏ်ကိုပိတ်ဆို့ပြိး ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြသလို စည်ပင်သာယာရေးရုံးကိုပိတ်ဆို့ပြီးလည်း CDM မှာပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြရာမှာ ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုမျက်နာကြည့်ပြီး အချိန်မီပူးပေါင်းပေးဖို့ ပြောဆိုနေကြသလို မပါဝင်သူတွေကို သမိုင်းမှာမှတ်တမ်းတင်ထားမှာဖြစ်ကြောင်း၊ စည်ပင်အခွန်အခတွေလေည်း ပေးဆောင်မှာမဟုတ်ကြောင်း၊ အခွန်အခတွေကို ပြည်သူ့အစိုးရတက်မှသာ ပြန်လည်ပေးဆောင်မှာဖြစ်ကြောင်း၊ CDM လုပ်လို့ရာထူးကနေ ရပ်နားခံရသူတွေကိုလည်း လစာပေးဖို့ဆောင်ရွက်နေကြောင်းတွေကို ဟောပြောခဲ့ကြပါတယ်။ CDM မှာမပါဘဲ ရုံးတက်နေတဲ့ဝန်ထမ်းတွေအနေနဲ့ အချိန်မီပူးပေါင်းဖို့ တောင်းဆိုနေပြီး မပူးပေါင်းရင် ပြည်သူ့အစိုးရအာဏာပြန်ရတဲ့အခါမှာ အဲ့ဒီဝန်ထမ်းတွေကိုအလုပ်ကနူတ်ထွက်ဖို့အပြင် အရေးယူမှုတွေပါလုပ်ဖို့ အစိုးရကိုတွန်းအားပေးမှာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောဆိုနေကြတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ပြည်ဆန္ဒပြပွဲ #မြန်မာ့စီးပွားရေးဘဏ် #ထိုင်သပိတ်

Read More

စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို ပုသိမ်မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်း ဖြတ်ခွင့်မပေး

ဖေဖော်ဝါရီ ၁၈-၂၀၂၁ AA ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပုသိမ်က ဆန္ဒပြပွဲမှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်း ဖြတ်သန်းခွင့်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က တားဆီးထားခဲ့တာကို တွေ့ရပါတယ်။ ပုသိမ်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတာဟာ ဒီနေ့နဲ့ဆိုရင် ၁၂ ရက်မြောက်နေ့ ရှိနေပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ်ဆန္ဒပြပွဲ #မြန်မာ့စီးပွားရေးဘဏ် #ဖြတ်ခွင့်မပေး  

Read More

မုံရွာဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာတဲ့ ပထမဆုံး တပ်မတော်သား

ဖေဖော်ဝါရီ ၁၈-၂၀၂၁ KTG ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ခမရ ၁၆က တပ်ကြပ်ကြီးစာရေး သန်းလွင်ဆိုသူ ပထမဆုံးအကြိမ်လာရောက်ပူးပေါင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းမှာ ဆန္ဒပြအဖွဲ့က ထိုင်သပိတ်ပြုလုပ်ပြီး လူထုဟောပြောပွဲပြုလုပ်နေချိန်မှာ အဲ့ဒီ တပ်မတော်သားက လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #မုံရွာဆန္ဒပြပွဲ #တပ်မတော်သား၁ဦးလာပူးပေါင်း

Read More

CDM အောင်မြင်ရေး ပခုက္ကူမှာ ဌာနဆိုင်ရာရုံးတွေရှေ့ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၈-၂၀၂၁ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဝန်ထမ်းတွေ CDM မှာ ပူးပေါင်းပါဝင်ဖို့ အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီက ဌာနဆိုင်ရာ ရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂစစ်ကြောင်းနဲ့ နိုင်ငံရေးတက်ကြွသူပြည်သူများဝန်ထမ်းသပိတ်စစ်ကြောင်းဟာ ပခုက္ကူတက္ကသိုလ်ရှေ့ကနေ မြိုင်လမ်းအတိုင်း ချီတက်ပြီး အခွန်ဥဦးစီးဌာန၊ လဝကရုံး၊ စာတိုက်ရုံး၊ မြို့နယ်စုပေါင်းရုံးတွေရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်းကြွေးကြော်သံတွေနဲ့ CDMမှာပါဝင်ဖို့ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါအပြင် သံဃာတော်တွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ သဘင်အနုပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွသူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းကလည်း နာရီစင်ကနေ ဗိုလ်ချုပ်လမ်း၊ တပ်မလမ်း၊ မြို့မလမ်း၊ သီဟိုဠ်ရှင်ဘုရားကြီးအထိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ပခုက္ကူ #ဆန္ဒပြပွဲ

Read More

စစ်တပ်နဲ့ရဲက ဖမ်းဆီးအရေးယူမယ့်အနေအထားမျိုး ပြသခဲ့ပေမယ့် လူအင်အားသိန်းချီဆန္ဒပြခဲ့ကြတဲ့ တောင်ငူပြည်သူများ

ဖေဖော်ဝါရီ ၁၈-၂၀၂၁ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြပွဲ

Read More

ရာဘာကျည်နဲ့ ပစ်ခတ်ခံရတဲ့ ပရဟိတအသင်းကားကို မပြုပြင်ဘဲ ထားရှိမယ်

ဖေဖော်ဝါရီ ၁၈ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ ၊ ၇၉လမ်း ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ ပရဟိတဓါရီ လူမူကူညီရေးအသင်းရုံးပိုင် လူနာတင်ယာဉ်တစ်စီးနဲ့ အသင်းသားတစ်ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့မှု မနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်က ဘာကျည်ထိမှန်ခဲ့ပြီး မှန်ကွဲကာ ကျည် ပေါက်ရာတွေဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်ကို မပြုပြင်ဘဲ ထားရှိသွားမယ်လို့ မန္တလေးတိုင်းလူမှုကူညီရေးအသင်းများကနေ သိရပါတယ်။ “ဒီ အသင်းကားကို ထိတဲ့အတွက် မှန်ကွဲတာကို ကျနော်တို့ မပြုပြင်ဘူး၊ မပြုပြင်ဘဲနဲ့ ကျနော်တို့ ညီနောင်အ သင်းတွေနဲ့ တိုင်ပင်ပြီးတော့ ဘာဆက်လုပ်မလဲဆိုတာတော့ ပြောလို့မရသေးဘူး” မန္တလေးတိုင်းလူမှုကူညီရေးအသင်းများ တာဝန်ရှိသူ ဦးခင်မောင်တင့်ကပြောပါတယ်။ ဒါ့အပြင် ” တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်၊ သူတို့ပြော ထားသလို ဥပဒေစိုးမိုးရေးဆိုတာ ဘာကိုစိုးမိုးမှာလဲ ၊ ဘယ်သူ့အတွက်စိုးမိုးမှာလဲ၊ ကျွန်တော်တို့ပြည်သူတွေအတွက်စိုးမိုးမှာလား၊ သူတို့တွေအတွက်…

Read More
VOM News

FREE
VIEW