ညောင်ဦးက ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရ

အောက်တိုဘာ ၁၃-၂၀၂၁ GH ( VOM )   ညောင်ဦးမြို့နယ် ၊ ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူတို့ မနေ့ အောက်တိုဘာ ၁၂ရက် ညပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။   ” ညက ပစ်ခံရပြိးသေတာ ဟုတ်တယ်။ အုပ်ကြီးနာမည်ကလှတိုး။အသက်က ၅၀ ဝန်းကျင်ပေါ့။သူ့သားလည်းသေတယ်။အလောင်းကို ညကတည်းက စစ်တပ်ကသယ်သွားတယ်။ စစ်တပ်ကညထဲကရောက်လာပြီး စစ်ဆေးတာတွေရှာဖွေတာတွေလုပ်တယ်၊ အခုထိတော့ရွာမှာတပ်စွဲတာမရှိသေးဘူး။ ” လို့ ဒေသခံတဦးကပြောပါတယ် ။   မနေ့က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ဆိုင်ကယ်တွေနဲ့ အုပ်ချုပ်ရေးမှူးဦးလှတိုး နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ၇ချက်ခန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   စစ်တပ်က ညကတည်းက ကား(၅)စီးနဲ့ရောက်လာကာ စစ်ဆေးတာတွေလုပ်ခဲ့ပြီး အလောင်းကိုသယ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  …

Read More
VOM News

FREE
VIEW