ထိုင်း၀န်ကြီးချုပ်သစ်အဖြစ် ပွေထိုင်းပါတီက ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းရန် စီစဉ်

ဘန်ကောက်၊ ဇူလိုင်-၂၁-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းရွေးကောက်ပွဲမှာ အများဆုံးနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ ပါတီခေါင်ဆောင်ပီတာကို ၀န်ကြီးချုပ်တင်မြှောက်နိုင်ရေးအတွက် ပါလီမန်မှာ ထောက်ခံမှု အလုံအလောက်မရရှိခဲ့တာကြောင့် မဟာမိတ် ပွေထိုင်းပါတီကို ၀န်ကြီးချုပ်ခန့်အပ်နိုင်ရေးနဲ့ အစိုးရသစ်အတွက် ဦးဆောင်ခွင့်ပေးမှာဖြစ်ကြောင်း ပါတီထိပ်တန်းတာ၀န်ရှိသူတဦးက ဇူလိုင် ၂၁ ရက်မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။

လာမယ့် ၂၇ ရက်မှာ ပြုလုပ်မယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်ရေး ပါလီမန်မဲခွဲမှုမှာ ပွေထိုင်းပါတီက တင်သွင်းတဲ့ ဘယ်ကိုယ်စားလှယ်လောင်းကိုမဆို ၀န်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးသွားမယ်လို့ ရှေ့သို့ပါတီအတွင်းရေးမှူး ချိုင်သာ၀ပ်တူလာသွန်က ပြောပါတယ်။

ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ရှေ့သို့ပါတီခေါင်းဆောင် အသက် ၄၂ နှစ်အရွယ် ပီတာကို ၀န်ကြီးချုပ်လောင်းအဖြစ် ထောက်ခံခဲ့ပေမယ့်လည်း ပါလီမန်မဲခွဲဆုံးဖြတ်မှု နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။

ရှေ့သို့ပါတီနဲ့ ပွေထိုင်းပါတီတို့ဟာ အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်မှာ နေရာအများစုအနိုင်ရရှိထားပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်ရေးမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုလိုအပ်နေပါတယ်။

ရှေ့သို့ပါတီဟာ မေလအတွင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီတွေကို ပြတ်ပြတ်သားသာအနိုင်ယူခဲ့ပြီး စီးပွားရေးလက်ဝါးကြီးအုပ်မှုအဆုံးသတ်ဖို့၊ ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်းလိုမျိုး မူဝါဒတွေဟာ ထိုင်းနိုင်ငံရဲ့ အင်အားကြီး တော်၀င်မိသားစု၊ စစ်တပ်နဲ့ ချမ်းသာတဲ့ အထက်တန်းလွှာတွေကို စိန်ခေါ်နေပါတယ်။

Ref:CNA
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW