ကိဗ်ယက်၊ ဩဂုတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး စစ်မြေပြင်မှာ ဖြေရှင်းလို့မရကြောင်း ရုရှားသမ္မတ ပူတင်ကို ပြောခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ ပြီးခဲ့တဲ့နေ့က ယူကရိန်းကို ရောက်ရှိနေပြီး ယူကရိန်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပုဂ္ဂိုဟ်ရေးကဏ္ဍကနေ ပါဝင်ပေးဖို့ အဆင့်သင့်ရှိတယ်လို့ သမ္မတဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ မိုဒီက ပြောပါတယ်။
“ ပြသနာတွေပြေလည်ဖို့ နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာ အတူထိုင်ပြီး ရုန်းထွက်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေရလိမ့်မယ်လို့ ” အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
မကြာသေးမီကာလက ကိဗ်ယက်ရှိ ကလေးဆေးရုံကို ရုရှားက လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့နေမှာပဲ မိုဒီဟာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းသမ္မတကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ အကြီးအကျယ်စိတ်ပျက်ဖွယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အဲဒီအချိန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ လက်ရှိသူတို့နှစ်ယောက်တွေ့ဆုံမှုမှာတော့ ယူကရိန်းသမ္မတဟာ မျက်မှောင်ကြုတ်နေပုံရပြီး အရယ်အပြုံးခပ်နည်းနည်းသာဖြစ်တယ်လို့ သတင်းဌာနတွေဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters
ယူကရိန်းအရေး စစ်မြေပြင်မှာ ဖြေရှင်းမရကြောင်း ပူတင်ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြောကြားခဲ့
