ဆူဒန်မှာ မိုးများပြီး ဆည်ကျိုးကျလို့ လူ ၆၀ ကျော်သေ



ခါတွမ်၊ ဩဂုတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)

ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံမှာ မိုးသည်းစွာရွာသန်းပြီး ဆည်တခုကျိုးကျလို့ လူ ၆၀ ကျော် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ဆိုပါတယ်။ အာဘတ်ဆည်ဟာ သိုလောင်နိုင်စွမ်း ၂၅ သန်းကုဗမီတာရှိပြီး အစိုးရရုံးစိုက်ရာ ပို့ဆူဒန်အတွက် သောက်သုံးရေအဓိက ရင်းမြစ်ဖြစ်ပါတယ်။

၁၆ လကြာ ပြည်တွင်းစစ်ဒဏ်ကိုခံနေရတဲ့ ဆူဒန်မှာ မကြသေးမီကစပြီး ရေကြီးရေလျှံမှုတွေနဲ့ အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ဆည်ကျိုးမှုဟာ အဆိုးရွားဆုံးတွေထဲက တခုဖြစ်ကာ လယ်မြေတွေနဲ့ ကျေးရွာတွေပါ ရေနစ်မြုပ်မှု ဖြစ်ခဲ့ပါတယ်။

ဆည်ကျိုးမှုကြောင့် ကားခုနှစ်စီးထဲမှာ လူတွေပိတ်မိနေပြီး အပြင်ထွက်လို့မရသေးဘူးလို့ ဒေသခံတယောက်ကပြောပါတယ်။ တခြားနေရာတခုမှာတော့ ဆည်ရေကြောင့် အိမ်တွေရေမျောကုန်တယ်လို့ ဆိုပါတယ်။

မိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့် ဆူဒန်ရဲ့ အဓိကအင်တာနက်ဆက်သွယ်ရေး ဖိုက်ဘာလိုင်းပြတ်တောက်သွားတာကြောင့် နိုင်ငံတဝန်းမှာ အင်တာနက်ပြတ်တောက်မှု ဒုတိယမြောက်နေ့ဖြစ်လာပါတယ်။

အာဏာပို်ငတွေဟာ ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ဖို့ကြိုးပမ်းနေကြပြီး စစ်ဘေးကြောင့် လူသန်းပေါင်းများစွာ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေနေရချိန်မှာ ဆိုးရွားတဲ့ သဘာ၀ဘေးကြောင့် အစာရေစာ ပြတ်လပ်မှု ပိုမိုဆိုးရွားနိုင်ငံကြောင်း အကူအညီပေးရေးအဖွဲ့တွေက သတိပေးထားပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW