တရုတ်သူလျှိုလေယာဉ်တစင်း ဂျပန်လေပိုင်နက်ထဲကို ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်



တိုကျို၊ ဩဂုတ်-၂၇-၂၀၂၄
မျိုးဆက် (VOM)

တရုတ်သူလျှိုလေယာဉ်တစင်းဟာ ဂျပန်လေပိုင်နက်ကို ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲလိုက်ပြီး ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။

တရုတ်ရဲ့ ဝိုင်-၉ အမျိုးအစား သူလျှိုလေယာဉ်ဟာ ဂျပန်နိုင်ငံ ဒန်ဂျိုကျွန်းစုရှိ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် ဂျပန်တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဟန့်တားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ဒီလို ပိုက်နက်ချိုးဖောက်မှုဟာ လုံး၀လက်ခံနိုင်ဖွယ်ရှိကြောင်းနဲ့ တိုကျိုရှိ တရုတ်သံရုံးသံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

ဂျပန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ် တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေမြင့်တက်လာချိန်မှာ တရုတ်သူလျှိုလေယာဉ်က ဂျပန်နိုင်ငံလေပိုင်နက်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နောက်တကြိမ်ဖြစ်မလာစေဖို့နဲ့ တားဆီးဖို့အတွက် သံတမန်လမ်းကြောင်းကနေ တရုတ်အစိုးရကို ဆက်သွယ်ကန့်ကွက်ထားတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်ထိန်းချုပ်ထားတဲ့ ကျွန်းတွေအနီး ရေပြင်မှာလည်း တရုတ်သင်္ဘောတွေ မကြာခဏ ဝင်ရောက်ခုတ်မောင်းမှုတွေရှိနေပြီး ပိုင်ဆိုင်မှုအငြင်းပွားဖွယ် ကျွန်းတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ယခင်းကတည်းက တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Ref:BBC
Photo:Japan Air Force

Related posts

Leave a Comment

VOM News

FREE
VIEW